သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံထိပ်သီး အစည်းအ‌ဝေး ကမ္ဘောဒီးယားမှာ စတင်ကျင်းပ


၄၀ နဲ့ ၄၁ ကြိမ်မြောက် အာဆီယံအစည်းအဝေးဖွင့်ပွဲ
၄၀ နဲ့ ၄၁ ကြိမ်မြောက် အာဆီယံအစည်းအဝေးဖွင့်ပွဲ

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့မှာ ဒီနေ့ အာဆီယံ ထိပ်သီးညီလာခံ စတင်ကျင်းပပြီး အိမ်ရှင် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က ဒေသတွင်းခေါင်းဆောင်တွေကို လက်ခံကြိုဆိုပါတယ်။

မြန်မာနိုင်ငံဘက်က ကိုယ်စားလှယ်မပါဘဲ အဖွဲ့ဝင်နိုင်ငံ ၉ နိုင်ငံနဲ့ပဲ ထိပ်သီးအစည်းအဝေးကို ကျင်းပတာပါ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ တိုးတက်မှု မရှိတဲ့အပြင် အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖေါ်ဖို့ ပျက်ကွက်နေတယ်ဆိုပြီး အစည်းအဝေးမှာ မြန်မာစစ်ကောင်စီ ခေါင်းဆောင်တွေကို ဖိတ်ကြားခြင်းမရှိပါဘူး။ မြန်မာနိုင်ငံဘက်ကလည်း အဖွဲ့ဝင်နိုင်ငံအချင်းချင်း ခွဲခြားဆက်ဆံတယ်ဆိုပြီး ကန့်ကွက်ထားသလို နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့သူပဲ တက်ရောက်ဖို့ အာဆီယံဘက်က ကမ်းလှမ်းချက်ကို ငြင်းပယ်ထားပါတယ်။ အာဆီယံထိပ်သီး အစည်းအဝေးအပြင် အရှေ့အာရှ ထိပ်သီးညီလာခံ၊ အာဆီယံနဲ့ ဆွေးနွေးဖက်နိုင်ငံတွေအကြား ထိပ်သီးအစည်းအဝေးနဲ့ နောက်ဆက်တွဲ အစည်းအဝေးတွေ ဆက်တိုက် ကျင်းပပါလိမ့်မယ်။

နိုင်ငံရေးပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံ့အရေးဟာ ထိပ်သီးညီလာခံအတွင်း အလေးထား ဆွေးနွေးမယ့် အဓိကအကြောင်းအရာတခု ဖြစ်မယ့်အကြောင်း ဒေသတွင်း သံတမန်တွေ ‌ပြောဆိုထားပါတယ်။ အစည်းအ‌ဝေး တက်ရောက်မယ့် အမေရိကန်သမ္မတ Joe Biden နဲ့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့လည်း မြန်မာ့အရေး အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာ ကိစ္စတွေကို ဆွေးနွေးကြမယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုပါတယ်။ အစည်းအဝေးကို အမေရိကန် သမ္မတ Joe Biden၊ တရုတ်ဝန်ကြီးချုပ် Li Keqiang နဲ့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် Fumio Kishida တို့အပြင် နိုင်ငံတကာ ခေါင်းဆောင်တွေ တက်ရောက်မှာ ဖြစ်ပါတယ်။

{Unicode}





XS
SM
MD
LG