သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး သမ္မတဘိုင်ဒင် အာဆီယံနဲ့ ဆွေးနွေးမည်


Biden US ASEAN
Biden US ASEAN

ကမ္ဘောဒီးယားနိုင်ငံမှာ ဒီသီတင်းပတ်နှောင်းပိုင်း ကျင်းပမယ့် အမေရိကန်နဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အမေရိကန်သမ္မတ Joe Biden နဲ့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့ မြန်မာ့အရေး အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာ ကိစ္စတွေကို ဆွေးနွေးမှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

Zawgyi

မြန်မာ့အရေး သမ္မတဘိုင်ဒင် အာဆီယံနဲ့ ဆွေးနွေးမည်

ကမ္ဘောဒီးယားနိုင်ငံမှာ ဒီသီတင်းပတ်နှောင်းပိုင်း ကျင်းပမယ့် အမေရိကန်နဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အမေရိကန်သမ္မတ Joe Biden နဲ့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့ မြန်မာ့အရေး အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာ ကိစ္စတွေကို ဆွေးနွေးမှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ (Act. State Department Spokesperson Ned Price)

“သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ဟာ အာဆီယံနဲ့ မိတ်ဖက်ဆက်ဆံရေးနဲ့ အာဆီယံရဲ့ အချက်အခြာကျမှုကို ထပ်လောင်းခိုင်မာအောင် လုပ်မှာဖြစ်သလို၊ မြန်မာနိုင်ငံမှာ ဆက်လက်ကြုံတွေ့နေရတဲ့ လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေး အကျပ်အတည်းတွေ အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာ စိန်ခေါ်မှုတွေကိုလည်း ဆွေးနွေးမှာ ဖြစ်ပါတယ်။” လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Ned Price က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

နိုဝင်ဘာလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာကျင်းပမယ့် အမေရိကန် အာဆီယံနဲ့ အရှေ့အာရှ ထိပ်သီးအစည်းအဝေးတွေ မတိုင်ခင် ဖနွမ်ပင်မြို့မှာ အာဆီယံခေါင်းဆောင်တွေ ကြာသပတေးနေ့မှာပဲ စတင်တွေ့ဆုံကြပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းဖို့ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားပေမဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိဘူးဆိုပြီး မြန်မာစစ်ကောင်စီ တာဝန်ရှိသူတွေကို အာဆီယံထိပ်သီး အစည်းအဝေးတွေကို ဖိတ်မထားပါဘူး။

အာဆီယံ အနေနဲ့ မြန်မာ့အရေးမှာ ဒီထက်ပို ထိရောက်အောင် ကိုင်တွယ်ဖို့လည်း တိုက်တွန်းမှုတွေ ထွက်ပေါ်နေပါတယ်။ အာဆီယံနဲ့ ဆက်စပ်အစည်းအဝေးတွေမှာတော့ မြန်မာ့အရေးအပြင်၊ ယူကရိန်းအပေါ် ရုရှားကျုးကျော်စစ်၊ တောင်တရုတ်ပင်လယ်ပြင် ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှု၊ ကိုဗစ်ကပ်ဘေးက ပြန်လည်ထူထောင်ရေး၊ ကုန်သွယ်ရေးနဲ့ ရာသီဥတုဖောက်ပြန်မှုတွေကို ရင်ဆိုင်ဖို့ ကိစ္စတွေ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Unicode






XS
SM
MD
LG