သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံထိပ္သီးအစည္းေဝး ျမန္မာ့အေရး အေျဖရွာဖို႔ အေရးပါ


(Zawgyi / Unicode)

ကေမာၻဒီးယားမွာ က်င္းပေနတဲ့ အာဆီယံ အေရွ.ေတာင္အာရွႏိုင္ငံမ်ားအဖြဲ႕ ထိပ္သီးစည္းေဝးပြဲမွာ ကမာၻ႔အေရးမွာေရာ ျမန္မာ့အေရးမွာပါ အာဆီယံရဲ႕အေရးပါမႈကို ျပသႏိုင္ဖို႔ အေရးႀကီးတယ္လို႔ သုံးသပ္သူေတြက ျမင္ပါတယ္။ ဒါ့အျပင္ အာဆီယံအေနနဲ႔ ျမန္မာ့အေရး အပါအဝင္ အာဆီယံလက္ရွိႀကဳံေတြ႕ ေနရတဲ့ျပႆနာေတြအတြက္ အာလုံးလက္ခံၿပီး ေရွ႕ဆက္ႏိုင္မယ့္ အေျဖမ်ိဳးရွာဖို႔က ပိုအေရးႀကီးေၾကာင္းလည္း ေထာက္ျပၾကပါတယ္။ ဒီထိပ္သီးေဆြးေႏြးပြဲ ကေန ျမန္မာအတြက္ ဘယ္လို ရလဒ္ထြက္လာႏိုင္ပါလဲ။ အင္ဒိုနီးရွားႏိုင္ငံ ဥကၠဌသစ္ျဖစ္လာခ်ိန္ ဘာေမွ်ာ္လင့္ႏိုင္ပါလဲ။ ထိုင္းဝန္ႀကီးခ်ဳပ္ရဲ႕ အႀကံေပးပါေမာကၡ Panitan Wattanayagorn နဲ႔ ျမန္မာ့အေရးသုံးသပ္သူ ဦးေအာင္သူၿငိမ္းတို႔ကို ကိုဝင္းမင္းက ေမးျမန္းတင္ျပေပးမွာပါ။

အေမရိကန္ သမၼတ ကိုယ္တိုင္လာတက္ဖို႔ ရွိေနခ်ိန္မွာ ဒီ အာဆီယံ ထိပ္သီးပြဲမွာ ယူကရိန္း အေရး၊ ေနာက္ ေျမာက္ကိုရီးယား လက္နက္ စမ္းသပ္မႈနဲ႔ ကမ ၻာ့အင္အားႀကီး ႏိုင္ငံေတြ ၿပိဳင္ဆိုင္မႈ အျပင္ ျမန္မာ ျပည္သူေတြကို ထိခိုက္ေနတဲ႔ တိုက္ခိုက္မႈေတြ အေပၚ တိုးတက္မႈ ရေရး အဖက္ဖက္က ဖိအားေတြနဲ႔ ေမွ်ာ္လင့္ခ်က္ေတြ ပိုက်ေရာက္လာေနတယ္လို႔ ထိုင္း၀န္ႀကီးခ်ဳပ္ရဲ႕ လံုျခံဳေရးဆိုင္ရာ အၾကံေပး Panitan Wattanayagorn က ေျပာလိုက္ပါတယ္။

ဒါေၾကာင့္ ျမန္မာ ကိစၥ အတြက္ လက္ရွိ ဘံုသေဘာတူညီခ်က္ ၅ ခု သက္သက္ထက္ ပိုထိေရာက္ႏိုင္မယ့္ လမ္းေၾကာင္းမ်ိဳးနဲ႔ ေရတို၊ ေရရွည္ ျဖစ္ႏိုင္တာေတြကို အာဆီယံ ေခါင္းေဆာင္ေတြ ေဆြးေႏြးဖို႔ ေမွ်ာ္လင့္ထားၾကတယ္လို႔လည္း Panitan က ေျပာပါတယ္။

အခုလို ေဆြးေႏြးတာမွာ အဓိက ဘယ္လို စိန္ေခၚခ်က္ေတြ ရွိေနလဲလို႔ ေမးရာမွာ ခ်ဴလာေလာင္ကြန္း တကၠသိုလ္က ႏိုင္ငံေရး သိပၸံ ပါေမာကၡလည္း ျဖစ္တဲ႔ Panitan က အခုလို ေျပာပါတယ္။

“ ျမန္မာ အပါအ၀င္ အျခားကိစၥရပ္ႀကီးေတြမွာ အာဆီယံ ေခါင္းေဆာင္ေတြ အေနနဲ႔ လတ္တေလာ ဘံုသေဘာတူညီခ်က္ေတြ မရေသးတဲ႔ သေဘာ ရွိပါတယ္။ အဓိက စိုးရိမ္ခ်က္ တခုကေတာ့ အာဆီယံ တခုလံုး အေနနဲ႔ လက္ရွိ ကမ ၻာနဲ႔ ေဒသတြင္းမွာ ဆက္ၿပီး အၾကံဳး၀င္ အေရးပါေနေသးတယ္ဆိုတာကို ေသခ်ာေစႏိုင္ဖို႔ ျဖစ္ၿပီး အထူးသျဖင့္ အာဆီယံ ၾကံဳေနရတဲ႔ ျပႆနာ အတြက္ အာဆီယံက ဘယ္လို ေျဖရွင္းႏိုင္တယ္ဆိုတာကို ျပသႏိုင္ဖို႔ပါ။ တကယ္က ဘာမွ တြန္းတြန္းတိုက္တိုက္ မလုပ္လိုတာနဲ႔ အစြန္းေရာက္ခ်ဥ္းကပ္မႈ ၂ ဖက္အၾကားမွာ ေကာင္းမြန္တဲ့ အေျဖရွာႏိုင္တာ မေတြ႕ရေသးပါဘူး။ အဲဒီေတာ့ ဒီတစ္ေခါက္မွာ အာဆီယံအတြက္အေရးႀကီးတဲ့ ကိစၥရပ္ေတြမွာ ေရွ.ဆက္ႏိုင္ဖို႔၊ ပိုေကာင္းတဲ့အေျဖ ထုတ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ”

ဒီအာဆီယံရဲ႕ အဓိက စိန္ေခၚခ်က္ကို ျမန္မာ မဟာဗ်ဴဟာနဲ႔ မူဝါဒ ေလ႔လာေရး အဖြဲ႔ ISP Myanmar က ၫႊန္ၾကားေရးမွဴး ဦးေအာင္သူၿငိမ္းကလည္း သေဘာတူပါတယ္။

“ ဒီေန႔ က်ေနာ္တို႔ မိတ္ေဆြ ႏိုင္ငံတကာ Think Tank တေယာက္ ေျပာပါတယ္။ အာဆီယံမွာတဲ႔ တခ်ိဳ႕ လူေတြက ေမာ္ေတာ္ကား တစီး ေမာင္းသလိုေပါ့ဗ်ာ Gas ကို နင္းခ်င္တယ္။ ဒါေပမယ့္ တခ်ဳိ႕ ႏိုင္ငံေတြကလည္း ဘရိတ္ကို အုပ္ေနတယ္။ ဘယ္လိုနည္းနဲ႔မွ အလုပ္ မျဖစ္ဘူးေပါ့ဗ်ာ။ ”

အဲဒီေတာ့ ဒီ ထိပ္သီးပြဲက တဆင့္ အေကာင္းဆံုး ဘာေမွ်ာ္လင့္ႏိုင္ပါသလဲလို႔ ေမးရာမွာ Panitan က အခုလို ေျပာပါတယ္။

“ ေရတိုအတြက္ အေကာင္းဆံုး ျဖစ္လာႏိုင္ေျခကေတာ့ ဒီ အစြန္း ၂ ဖက္အၾကား မွ်ေခ်ကို အေျဖရွာလုပ္ေဆာင္ဖို႔ပါ။ အခု တဖက္စြန္းမွာက အာဆီယံကေန ယာယီရပ္ဆိုင္းထားဖို႔ ဒါမွမဟုတ္ ထုတ္ပစ္ဖို႔၊ ေနာက္ အစြန္းတဖက္မွာေတာ့ ဘာမွတြန္းတြန္းတိုက္တိုက္ မလုပ္ဖို႔ ဒါမွမဟုတ္ ဆက္ေစာင့္ၾကည့္ဖို႔၊ ဒီ ၂ ဖက္စြန္းလံုးက အာဆီယံအတြက္ အႏၱရာယ္ႀကီးတဲ့လမ္းေၾကာင္းပါ။ ဒီေတာ့ ေရွ႕ ဆက္ေရြ႔ဖို႔ မွ်ေခ်ေကာင္း ဆိုတာမွာေတာ့ အခ်ိန္ဇယား ပိုသတ္သတ္မွတ္မွတ္ရွိလာတာ၊ ပိုေလးနက္တဲ့ေဆြးေႏြးမႈေတြ ဝိုင္းလုပ္တာ၊ တရားဝင္ေဆြးေႏြးတာေရာ၊ အလြတ္သေဘာေရာ၊ အစိုးရခ်င္းအျပင္ အစိုးရနဲ႔ အၾကံေပးပညာရွင္ေတြပါတဲ့ Track one and half လမ္းေၾကာင္းမ်ိဳး၊ ပညာရွင္ေတြပဲပါတဲ့ Track 2 ဒုတိယလမ္းသြယ္မ်ဳိး ပိုလုပ္တာမ်ိဳးပါ။ ဒါေတြကို လာမဲ့ႏွစ္ အာဆီယံ ဥကၠဌသစ္လက္ထက္မွာ ေမွ်ာ္လင့္ၾကည့္ႏိုင္ပါတယ္။ ျမန္မာအပါအဝင္ လက္ရွိျပႆနာရပ္တခ်ိဳ.အေပၚ အေျဖတန္းရတဲ့ ႀကီးႀကီးမားမားမ်ိဳး မျဖစ္လာရင္ေတာင္၊ တစံုတရာတိုးတက္မႈမ်ိဳး ေမွ်ာ္လင့္ႏိုင္ပါတယ္။ ”

ဦးေအာင္သူၿငိမ္းကလည္း သိပ္ထူးျခားဖို႔ မေမွ်ာ္လင့္ပါဘူးလို႔ ဆိုပါတယ္။

“ သိပ္ေတာ့ အထူးမရွိဘူးဗ်။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ဒီ ထိပ္သီး အစည္းအေ၀း မတိုင္ခင္မွာ အာဆီယံ ႏိုင္ငံျခားေရး ၀န္ႀကီးေတြ စုၿပီး ဗမာျပည္ အေရးအတြက္ အစည္းအေ၀းမွာေတာ့ အေတာ္ေလး လြတ္လပ္ ပြင့္လင္း ေဆြးေႏြးမယ္ ထင္တယ္။ ဒါေပမဲ႔ ထုတ္ျပန္ေၾကညာခ်က္မွာေတာ့ ဘံုသေဘာတူညီခ်က္ ၅ ရပ္ကို ထပ္ၿပီးေတာ့ ေထာက္ခံၿပီးေတာ့ လက္ေတြ႕က်တဲ႔ အစီအစဥ္ေတြ လုပ္သြားမယ္ေပါ့။ ဒါဘဲ ပါပါတယ္။ ”

ဒီေနရာမွာ တစံုတရာ တိုးတက္မႈမ်ိဳးကို ေမွ်ာ္လင့္ႏိုင္တာက ဘာလဲလို႔ ေမးရာမွာ Panitan က …

“ ဘာေၾကာင့္လဲဆိုေတာ့ အာဆီယံ ထိပ္ဆံုးေခါင္းေဆာင္ေတြအေနနဲ႔ ျမန္မာအပါအဝင္ ဒီ ကိစၥရပ္ႀကီးေတြမွာ ပို အားစိုက္ထုတ္ၿပီး၊ တြန္းတြန္းတိုက္တိုက္နဲ႔ အခ်င္းခ်င္းအၾကား ပို အခ်ိန္ေပး ထိေတြ႔ၿပီး လုပ္ၾကမယ္ဆိုရင္၊ ဒီအထဲမွာ ျမန္မာႏိုင္ငံက ဘက္အားလံုးနဲ႔ ပိုထိေတြ႔ဆက္ဆံတာလည္းအပါအဝင္ေပါ့ေနာ္၊ ေမွ်ာ္လင့္ၾကည့္ႏိုင္ပါတယ္။ ေရွ႕ႏွစ္အတြင္း ေရွ႔ႏွစ္ဆန္း ဒါမွမဟုတ္ ေရွ႕ ႏွစ္လယ္ေလာက္မ်ိဳး မၾကာခင္လာမဲ့ အနာဂတ္မွာ တိုးတက္မူရလာဖို႔အတြက္ ပိုေကာင္းတဲ့ ခ်ည္းကပ္မႈတစ္ခုမ်ိဳး ရွိလာသင့္ပါတယ္။ ဒီအတြက္ ေမွ်ာ္လင့္ႏိုင္တာမ်ိဳးပါ။ ဒါေပမဲ့ အခု ထိပ္သီးပြဲကေနပဲေတာ့ ခ်က္ခ်င္း ႀကီးႀကီးမားမား အေျပာင္းအလဲႀကီးမ်ိဳးျဖစ္လာဖို႔ကေတာ့ မေမွ်ာ္လင့္ႏိုင္ပါဘူး။ ”

တခ်ိန္တည္းမွာ ထိုင္းႏိုင္ငံက ျမန္မာ့ အေရးကို ေရွ႕တန္းကေန ရင္ဆိုင္ေနရတာမို႔ ထိုင္း၀န္ႀကီးခ်ဳပ္ရဲ႕ ၀င္ေရာက္ ေဆြးေႏြးမႈက အေရးပါႏိုင္တယ္လို႔ ဦးေအာင္သူၿငိမ္းက ဆိုပါတယ္။ Panitan ကလည္း …

“ ဝန္ႀကီးခ်ဳပ္ Prayuth အေနနဲ႔ေတာ့ ဒီ လူသားခ်င္းစာနာမႈဆိုင္ရာ ကူညီေပးေရးနဲ႔ စီးပြားေရး ျပန္နာလန္ထူေရး ကိစၥရပ္ႀကီး ၂ ခုမွာ ျမန္မာအပါအဝင္ အဖြဲ႔ဝင္ ႏိုင္ငံအားလံုးအတြက္ တကယ့္ကို အေလးေပးၿပီး တက္တက္ၾကြၾကြ လုပ္ေနပါတယ္၊ တိုးတိုးတိတ္တိတ္နဲ႔ အလြတ္သေဘာ ေျပာဆိုေဆြးေႏြးေနတာေတြလည္း ပါပါတယ္။ တျခား အာဆီယံႏုိင္ငံ တႏိုင္ငံခ်င္းအေနနဲ႔လည္း အလားတူ အလြတ္သေဘာ လုပ္ေနတာေတြ၊ ဥပမာ ျမန္မာ ပဋိပကၡမွာ ကြဲျပားတဲ့ ဘက္ေတြ၊ မတူတဲ့ အဖြဲ႔ေတြနဲ႔ ထိေတြ႔ ဆက္ဆံၿပီး သူ႔နည္းနဲ႔သူ အေျဖရွာႏိုင္ဖို႔ ဝိုင္းႀကိဳးစားေပးေနၾကတာလည္း ရွိပါတယ္။ ဒီ ထိေတြ႔ဆက္ဆံေနတဲ့ ႏိုင္ငံေတြ ေမွ်ာ္လင့္ထားသလို တိုးတက္မႈေတြ ရလာဖို႔၊ ဥပမာ တခ်ိဳ႕ အကဲမဆတ္လြန္းတဲ့ကိစၥေတြမွာ သေဘာတူခ်က္ေတြ စရလာဖို႔ ကၽြန္ေတာ္လည္း ေမွ်ာ္လင့္ေနပါတယ္။ ဒါေပမဲ့ ဘယ္လိုရလဒ္ထြက္လာမွာကို ေစာင့္ေတာ့ ၾကည့္ရဦးမွာေပါ့ေနာ္။ ”

တကယ္ေတာ့ လက္ရွိ ျမန္မာ့ စစ္ေရး ပဋိပကၡေၾကာင့္ လူမႈစီးပြားေရး ျပႆနာေတြ ပိုဆိုးလာမွာကို ထိုင္း အပါအ၀င္ အိမ္နီးခ်င္း ႏိုင္ငံေတြက ပိုၿပီး စိုးရိမ္လာခ်ိန္မွာ အာဆီယံ အေနနဲ႔ ဒီတေခါက္ ဥကၠဌသစ္ လက္ထက္ ပိုထိေရာက္ေအာင္ ကိုင္တြယ္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ေတြလည္း မ်ားလာေနတယ္လို႔ သံုးသပ္သူေတြက ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အာဆီယံထိပ်သီးအစည်းဝေး မြန်မာ့အရေး အဖြေရှာဖို့ အရေးပါ

ကမ္ဘောဒီးယားမှာ ကျင်းပနေတဲ့ အာဆီယံ အရှေ.တောင်အာရှနိုင်ငံများအဖွဲ့ ထိပ်သီးစည်းဝေးပွဲမှာ ကမ္ဘာ့အရေးမှာရော မြန်မာ့အရေးမှာပါ အာဆီယံရဲ့အရေးပါမှုကို ပြသနိုင်ဖို့ အရေးကြီးတယ်လို့ သုံးသပ်သူတွေက မြင်ပါတယ်။ ဒါ့အပြင် အာဆီယံအနေနဲ့ မြန်မာ့အရေး အပါအဝင် အာဆီယံလက်ရှိကြုံတွေ့ နေရတဲ့ပြဿနာတွေအတွက် အာလုံးလက်ခံပြီး ရှေ့ဆက်နိုင်မယ့် အဖြေမျိုးရှာဖို့က ပိုအရေးကြီးကြောင်းလည်း ထောက်ပြကြပါတယ်။ ဒီထိပ်သီးဆွေးနွေးပွဲ ကနေ မြန်မာအတွက် ဘယ်လို ရလဒ်ထွက်လာနိုင်ပါလဲ။ အင်ဒိုနီးရှားနိုင်ငံ ဥက္ကဌသစ်ဖြစ်လာချိန် ဘာမျှော်လင့်နိုင်ပါလဲ။ ထိုင်းဝန်ကြီးချုပ်ရဲ့ အကြံပေးပါမောက္ခ Panitan Wattanayagorn နဲ့ မြန်မာ့အရေးသုံးသပ်သူ ဦးအောင်သူငြိမ်းတို့ကို ကိုဝင်းမင်းက မေးမြန်းတင်ပြပေးမှာပါ။

အမေရိကန် သမ္မတ ကိုယ်တိုင်လာတက်ဖို့ ရှိနေချိန်မှာ ဒီ အာဆီယံ ထိပ်သီးပွဲမှာ ယူကရိန်း အရေး၊ နောက် မြောက်ကိုရီးယား လက်နက် စမ်းသပ်မှုနဲ့ ကမ ္ဘာ့အင်အားကြီး နိုင်ငံတွေ ပြိုင်ဆိုင်မှု အပြင် မြန်မာ ပြည်သူတွေကို ထိခိုက်နေတဲ့ တိုက်ခိုက်မှုတွေ အပေါ် တိုးတက်မှု ရရေး အဖက်ဖက်က ဖိအားတွေနဲ့ မျှော်လင့်ချက်တွေ ပိုကျရောက်လာနေတယ်လို့ ထိုင်းဝန်ကြီးချုပ်ရဲ့ လုံခြုံရေးဆိုင်ရာ အကြံပေး Panitan Wattanayagorn က ပြောလိုက်ပါတယ်။ ဒါကြောင့် မြန်မာ ကိစ္စ အတွက် လက်ရှိ ဘုံသဘောတူညီချက် ၅ ခု သက်သက်ထက် ပိုထိရောက်နိုင်မယ့် လမ်းကြောင်းမျိုးနဲ့ ရေတို၊ ရေရှည် ဖြစ်နိုင်တာတွေကို အာဆီယံ ခေါင်းဆောင်တွေ ဆွေးနွေးဖို့ မျှော်လင့်ထားကြတယ်လို့လည်း Panitan က ပြောပါတယ်။

အခုလို ဆွေးနွေးတာမှာ အဓိက ဘယ်လို စိန်ခေါ်ချက်တွေ ရှိနေလဲလို့ မေးရာမှာ ချူလာလောင်ကွန်း တက္ကသိုလ်က နိုင်ငံရေး သိပ္ပံ ပါမောက္ခလည်း ဖြစ်တဲ့ Panitan က အခုလို ပြောပါတယ်။

“ မြန်မာ အပါအဝင် အခြားကိစ္စရပ်ကြီးတွေမှာ အာဆီယံ ခေါင်းဆောင်တွေ အနေနဲ့ လတ်တလော ဘုံသဘောတူညီချက်တွေ မရသေးတဲ့ သဘော ရှိပါတယ်။ အဓိက စိုးရိမ်ချက် တခုကတော့ အာဆီယံ တခုလုံး အနေနဲ့ လက်ရှိ ကမ ္ဘာနဲ့ ဒေသတွင်းမှာ ဆက်ပြီး အကြုံးဝင် အရေးပါနေသေးတယ်ဆိုတာကို သေချာစေနိုင်ဖို့ ဖြစ်ပြီး အထူးသဖြင့် အာဆီယံ ကြုံနေရတဲ့ ပြဿနာ အတွက် အာဆီယံက ဘယ်လို ဖြေရှင်းနိုင်တယ်ဆိုတာကို ပြသနိုင်ဖို့ပါ။ တကယ်က ဘာမှ တွန်းတွန်းတိုက်တိုက် မလုပ်လိုတာနဲ့ အစွန်းရောက်ချဉ်းကပ်မှု ၂ ဖက်အကြားမှာ ကောင်းမွန်တဲ့ အဖြေရှာနိုင်တာ မတွေ့ရသေးပါဘူး။ အဲဒီတော့ ဒီတစ်ခေါက်မှာ အာဆီယံအတွက်အရေးကြီးတဲ့ ကိစ္စရပ်တွေမှာ ရှေ.ဆက်နိုင်ဖို့၊ ပိုကောင်းတဲ့အဖြေ ထုတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ”

ဒီအာဆီယံရဲ့ အဓိက စိန်ခေါ်ချက်ကို မြန်မာ မဟာဗျူဟာနဲ့ မူဝါဒ လေ့လာရေး အဖွဲ့ ISP Myanmar က ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းကလည်း သဘောတူပါတယ်။

“ ဒီနေ့ ကျနော်တို့ မိတ်ဆွေ နိုင်ငံတကာ Think Tank တယောက် ပြောပါတယ်။ အာဆီယံမှာတဲ့ တချို့ လူတွေက မော်တော်ကား တစီး မောင်းသလိုပေါ့ဗျာ Gas ကို နင်းချင်တယ်။ ဒါပေမယ့် တချို့ နိုင်ငံတွေကလည်း ဘရိတ်ကို အုပ်နေတယ်။ ဘယ်လိုနည်းနဲ့မှ အလုပ် မဖြစ်ဘူးပေါ့ဗျာ။ ”

အဲဒီတော့ ဒီ ထိပ်သီးပွဲက တဆင့် အကောင်းဆုံး ဘာမျှော်လင့်နိုင်ပါသလဲလို့ မေးရာမှာ Panitan က အခုလို ပြောပါတယ်။

“ ရေတိုအတွက် အကောင်းဆုံး ဖြစ်လာနိုင်ခြေကတော့ ဒီ အစွန်း ၂ ဖက်အကြား မျှချေကို အဖြေရှာလုပ်ဆောင်ဖို့ပါ။ အခု တဖက်စွန်းမှာက အာဆီယံကနေ ယာယီရပ်ဆိုင်းထားဖို့ ဒါမှမဟုတ် ထုတ်ပစ်ဖို့၊ နောက် အစွန်းတဖက်မှာတော့ ဘာမှတွန်းတွန်းတိုက်တိုက် မလုပ်ဖို့ ဒါမှမဟုတ် ဆက်စောင့်ကြည့်ဖို့၊ ဒီ ၂ ဖက်စွန်းလုံးက အာဆီယံအတွက် အန္တရာယ်ကြီးတဲ့လမ်းကြောင်းပါ။ ဒီတော့ ရှေ့ ဆက်ရွေ့ဖို့ မျှချေကောင်း ဆိုတာမှာတော့ အချိန်ဇယား ပိုသတ်သတ်မှတ်မှတ်ရှိလာတာ၊ ပိုလေးနက်တဲ့ဆွေးနွေးမှုတွေ ဝိုင်းလုပ်တာ၊ တရားဝင်ဆွေးနွေးတာရော၊ အလွတ်သဘောရော၊ အစိုးရချင်းအပြင် အစိုးရနဲ့ အကြံပေးပညာရှင်တွေပါတဲ့ Track one and half လမ်းကြောင်းမျိုး၊ ပညာရှင်တွေပဲပါတဲ့ Track 2 ဒုတိယလမ်းသွယ်မျိုး ပိုလုပ်တာမျိုးပါ။ ဒါတွေကို လာမဲ့နှစ် အာဆီယံ ဥက္ကဌသစ်လက်ထက်မှာ မျှော်လင့်ကြည့်နိုင်ပါတယ်။ မြန်မာအပါအဝင် လက်ရှိပြဿနာရပ်တချို.အပေါ် အဖြေတန်းရတဲ့ ကြီးကြီးမားမားမျိုး မဖြစ်လာရင်တောင်၊ တစုံတရာတိုးတက်မှုမျိုး မျှော်လင့်နိုင်ပါတယ်။ ”

ဦးအောင်သူငြိမ်းကလည်း သိပ်ထူးခြားဖို့ မမျှော်လင့်ပါဘူးလို့ ဆိုပါတယ်။

“ သိပ်တော့ အထူးမရှိဘူးဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီ ထိပ်သီး အစည်းအဝေး မတိုင်ခင်မှာ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ စုပြီး ဗမာပြည် အရေးအတွက် အစည်းအဝေးမှာတော့ အတော်လေး လွတ်လပ် ပွင့်လင်း ဆွေးနွေးမယ် ထင်တယ်။ ဒါပေမဲ့ ထုတ်ပြန်ကြေညာချက်မှာတော့ ဘုံသဘောတူညီချက် ၅ ရပ်ကို ထပ်ပြီးတော့ ထောက်ခံပြီးတော့ လက်တွေ့ကျတဲ့ အစီအစဉ်တွေ လုပ်သွားမယ်ပေါ့။ ဒါဘဲ ပါပါတယ်။ ”
ဒီနေရာမှာ တစုံတရာ တိုးတက်မှုမျိုးကို မျှော်လင့်နိုင်တာက ဘာလဲလို့ မေးရာမှာ Panitan က …

“ ဘာကြောင့်လဲဆိုတော့ အာဆီယံ ထိပ်ဆုံးခေါင်းဆောင်တွေအနေနဲ့ မြန်မာအပါအဝင် ဒီ ကိစ္စရပ်ကြီးတွေမှာ ပို အားစိုက်ထုတ်ပြီး၊ တွန်းတွန်းတိုက်တိုက်နဲ့ အချင်းချင်းအကြား ပို အချိန်ပေး ထိတွေ့ပြီး လုပ်ကြမယ်ဆိုရင်၊ ဒီအထဲမှာ မြန်မာနိုင်ငံက ဘက်အားလုံးနဲ့ ပိုထိတွေ့ဆက်ဆံတာလည်းအပါအဝင်ပေါ့နော်၊ မျှော်လင့်ကြည့်နိုင်ပါတယ်။ ရှေ့နှစ်အတွင်း ရှေ့နှစ်ဆန်း ဒါမှမဟုတ် ရှေ့ နှစ်လယ်လောက်မျိုး မကြာခင်လာမဲ့ အနာဂတ်မှာ တိုးတက်မူရလာဖို့အတွက် ပိုကောင်းတဲ့ ချည်းကပ်မှုတစ်ခုမျိုး ရှိလာသင့်ပါတယ်။ ဒီအတွက် မျှော်လင့်နိုင်တာမျိုးပါ။ ဒါပေမဲ့ အခု ထိပ်သီးပွဲကနေပဲတော့ ချက်ချင်း ကြီးကြီးမားမား အပြောင်းအလဲကြီးမျိုးဖြစ်လာဖို့ကတော့ မမျှော်လင့်နိုင်ပါဘူး။ ”

တချိန်တည်းမှာ ထိုင်းနိုင်ငံက မြန်မာ့ အရေးကို ရှေ့တန်းကနေ ရင်ဆိုင်နေရတာမို့ ထိုင်းဝန်ကြီးချုပ်ရဲ့ ဝင်ရောက် ဆွေးနွေးမှုက အရေးပါနိုင်တယ်လို့ ဦးအောင်သူငြိမ်းက ဆိုပါတယ်။ Panitan ကလည်း …

“ ဝန်ကြီးချုပ် Prayuth အနေနဲ့တော့ ဒီ လူသားချင်းစာနာမှုဆိုင်ရာ ကူညီပေးရေးနဲ့ စီးပွားရေး ပြန်နာလန်ထူရေး ကိစ္စရပ်ကြီး ၂ ခုမှာ မြန်မာအပါအဝင် အဖွဲ့ဝင် နိုင်ငံအားလုံးအတွက် တကယ့်ကို အလေးပေးပြီး တက်တက်ကြွကြွ လုပ်နေပါတယ်၊ တိုးတိုးတိတ်တိတ်နဲ့ အလွတ်သဘော ပြောဆိုဆွေးနွေးနေတာတွေလည်း ပါပါတယ်။ တခြား အာဆီယံနိုင်ငံ တနိုင်ငံချင်းအနေနဲ့လည်း အလားတူ အလွတ်သဘော လုပ်နေတာတွေ၊ ဥပမာ မြန်မာ ပဋိပက္ခမှာ ကွဲပြားတဲ့ ဘက်တွေ၊ မတူတဲ့ အဖွဲ့တွေနဲ့ ထိတွေ့ ဆက်ဆံပြီး သူ့နည်းနဲ့သူ အဖြေရှာနိုင်ဖို့ ဝိုင်းကြိုးစားပေးနေကြတာလည်း ရှိပါတယ်။ ဒီ ထိတွေ့ဆက်ဆံနေတဲ့ နိုင်ငံတွေ မျှော်လင့်ထားသလို တိုးတက်မှုတွေ ရလာဖို့၊ ဥပမာ တချို့ အကဲမဆတ်လွန်းတဲ့ကိစ္စတွေမှာ သဘောတူချက်တွေ စရလာဖို့ ကျွန်တော်လည်း မျှော်လင့်နေပါတယ်။ ဒါပေမဲ့ ဘယ်လိုရလဒ်ထွက်လာမှာကို စောင့်တော့ ကြည့်ရဦးမှာပေါ့နော်။ ”

တကယ်တော့ လက်ရှိ မြန်မာ့ စစ်ရေး ပဋိပက္ခကြောင့် လူမှုစီးပွားရေး ပြဿနာတွေ ပိုဆိုးလာမှာကို ထိုင်း အပါအဝင် အိမ်နီးချင်း နိုင်ငံတွေက ပိုပြီး စိုးရိမ်လာချိန်မှာ အာဆီယံ အနေနဲ့ ဒီတခေါက် ဥက္ကဌသစ် လက်ထက် ပိုထိရောက်အောင် ကိုင်တွယ်နိုင်ဖို့ မျှော်လင့်ချက်တွေလည်း များလာနေတယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။

XS
SM
MD
LG