သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

  ျမန္မာ႔အေရး ႏိုင္ငံတကာကူညီဖို႔ ကန္သံအမတ္ေဟာင္း တိုက္တြန္း


အေမရိကန္-ျမန္မာ ဆက္ဆံေရး ေဆြးေႏြးပြဲ

ျမန္မာ့ျပႆနာကို အျမန္ ေျဖရွင္းႏိုင္ဖို႔ လြယ္ကူတဲ့ အေျဖ မရွိေသးေပမဲ့၊ ကမာၻ႔ႏိုင္ငံမ်ားစြာအေနနဲ႔ ဒီျပႆနာရင္းျမစ္ကို ေကာင္းေကာင္းနားလည္လာၿပီး ျမန္မာျပည္သူေတြကို အေကာင္းဆံုး ဝိုင္းကူေပးသင့္တယ္လို႔ ျမန္မာဆိုင္ရာ အေမရိကန္သံအမတ္ႀကီးေဟာင္းက ေျပာလိုက္ပါတယ္။  ကိုဝင္းမင္းက သီးသန္႔ေမးျမန္းထားပါတယ္။    

ျမန္မာ႔အေရး ႏိုင္ငံတကာကူညီဖို႔ ကန္သံအမတ္ေဟာင္း တိုက္တြန္း

{{Zawgyi/Unicode}}
ျမန္မာ့ျပႆနာကို အျမန္ ေျဖရွင္းႏိုင္ဖို႔ လြယ္ကူတဲ့ အေျဖ မရွိေသးေပမဲ့၊ ကမာၻ႔ႏိုင္ငံမ်ားစြာအေနနဲ႔ ဒီျပႆနာရင္းျမစ္ကို ေကာင္းေကာင္းနားလည္လာၿပီး ျမန္မာျပည္သူေတြကို အေကာင္းဆံုး ဝိုင္းကူေပးသင့္တယ္လို႔ ျမန္မာဆိုင္ရာ အေမရိကန္သံအမတ္ႀကီးေဟာင္းက ေျပာလိုက္ပါတယ္။

မေန႔က စကၤာပူအေျခစိုက္ ISEAS Yusof Ishak Institute အဖြဲ႔မွာ အေမရိကန္နဲ႔ ျမန္မာ့အၾကပ္အတည္းအေၾကာင္းေဆြးေႏြးပြဲ ဦးေဆာင္ေဆြးေႏြးသူ အာဆီယံ သံအမတ္ႀကီးေဟာင္းလည္းျဖစ္တဲ့ Scot Marciel က၊ ျမန္မာစစ္တပ္ဟာ တိုင္းျပည္အနာဂတ္အတြက္ ေမွ်ာ္လင့္စရာမရွိေတာ့ဘူးလို႔ ေထာက္ျပလိုက္ပါတယ္။

ဒါေပမဲ့ အခုလို ႏိုင္ငံတကာ အေထာက္အကူရဖို႔ NUG အမ်ိဳးသား ညီညြတ္ေရး အစိုးရနဲ႔ အတိုက္အခံဘက္ကလည္း အနာဂတ္မွာ၊ ႏိုင္ငံ့ျပႆနာေတြကို ေျဖရွင္းႏိုင္ဖို႔ ဘံုေမွ်ာ္မွန္း သေဘာတူခ်က္ရွိထားၿပီး စြမ္းေဆာင္ႏိုင္မွာကို ႏိုင္ငံတကာမွာ ထိေရာက္ေအာင္ ျပေစခ်င္တယ္လို႔ သူက ဆိုပါတယ္။ ကိုဝင္းမင္းက သီးသန္႔ေမးျမန္းထားပါတယ္။

ကိုဝင္းမင္း ။ ။ ျမန္မာအၾကပ္အတည္းအေပၚ အေမရိကန္ ဖက္က အေကာင္းဆုံး ဘယ္လိုေျဖရွင္းသင့္ သလဲလို႔ ေမးရာမွာ သံအမတ္ႀကီးေဟာင္း Ambassador Scot marciel က

Ambassador Scot marciel ။ ။ သိတယ္မလား တကယ္ေျပာရခက္တဲ့ကိစၥပါ။ လြယ္လြယ္နဲ႔ ျမန္ျမန္ရမဲ့ အေျဖမ်ိဳး ကြၽန္ေတာ္ မျမင္ေသးပါဘူး။ တကယ္က ႏိုင္ငံတကာအသိုင္းအဝိုင္းတခုလုံးအေနနဲ႔ NUG ကို ပို ကူညီၿပီး ဝိုင္းဝန္းႀကိဳးပမ္းေပးဖို႔ လိုတဲ့ကိစၥပါ။ ေနာက္ ျမန္မာႏိုင္ငံမွာ စစ္တပ္အစိုးရ ဆက္ျဖစ္ေနရင္ ေမွ်ာ္လင့္ခ်က္မရွိတာကို နားလည္ထားဖို႔လည္း လိုပါတယ္။ အခုလို ၿငိမ္းခ်မ္းတိုးတက္ေရးအတြက္ ေမွ်ာ္လင့္ခ်က္မရွိတာကို ႏိုင္ငံတကာအစိုးရေတြက နားလည္လာရင္၊ သူတို႔ ပိုျပင္းထန္တဲ့ ရပ္တည္ခ်က္ေတြ ခ်မွတ္လုပ္ေဆာင္လာၾကမွာပါ။ ဒါေပမဲ့ အခုက အစိုးရအေတာ္မ်ားမ်ားက စစ္တပ္ဟာ တစုံတရာ က်ိဳးေၾကာင္းဆီေလွ်ာ္မႈရွိေသးတယ္၊ လက္ခံလို႔ရႏိုင္ေသးတယ္လို႔ တြက္ခ်က္ထားၾကပုံရပါတယ္။ တကယ္က စစ္တပ္မွာ ဒါမ်ိဳးမရွိေတာ့ပါဘူး။

ကိုဝင္းမင္း ။ ။ အဲဒီေနာက္ ျမန္မာအၾကပ္အတည္းမွာ အႀကီးမားဆုံး စိန္ေခၚခ်က္အေနနဲ႔ ဘာကို ေထာက္ျပလိုပါသလဲ ။

Ambassador Scot marciel ။ ။ အခုေလာေလာဆယ္မွာ ႀကီးမားတဲ့ လူသားခ်င္းစာနာမႈဆိုင္ရာ စိန္ေခၚခ်က္ေတြ အေတာ္ အမ်ားအျပားကို ရွိေနပါတယ္။ ဒီအေပၚ ႏိုင္ငံတကာ အာ႐ုံစိုက္မႈ ပိုရသင့္ပါတယ္။ အထူးသျဖင့္ ကုလသမဂၢ အတြင္းေရးမႈးခ်ဳပ္ကိုယ္တိုင္ ေခါင္းေဆာင္မူက႑ကယူၿပီး လုပ္ေပးသင့္ပါတယ္။ ဒါက တခုပါ။ ေနာက္ ဒုတိယတခုက ကမာၻေပၚက ေနာက္ထပ္ ႏိုင္ငံမ်ားစြာကို ျမန္မာျပႆနာအေပၚ နားလည္လာေအာင္ ရွင္းျပရမွပါ။ ဆိုလိုတာက စစ္အုပ္စုဟာ တိုင္းျပည္အတြက္ ကပ္ေဘးလိုျဖစ္ေနတယ္၊ ဒါတင္မကပါဘူး ေဒသတြင္း တည္ၿငိမ္ေရးအတြက္လည္း ကပ္ေဘးပါပဲ၊ ဒါေၾကာင့္ စစ္တပ္ ႏိုင္ငံအုပ္ခ်ဳပ္မႈအာဏာမွာ ဆက္မေနႏိုင္ေအာင္ ျမန္မာျပည္သူေတြ ဝိုင္းတြန္းေနတာကို ႏိုင္ငံတကာက ပိုအားစိုက္ကူညီဖို႔ လိုေနၿပီဆိုတာ ပိုအသိအမွတ္ျပဳလာေအာင္ လုပ္ရမွာပါ။


ကိုဝင္းမင္း ။ ။ ဒီေဒသတြင္း စိုးရိမ္ခ်က္အတြက္ အနီးကပ္ရွိေနတဲ့ အာဆီယံအေနနဲ႔လည္း ျမန္မာနဲ႔ ရုန္းကန္ေနရခ်ိန္မွာ အေကာင္းဆုံး ဘယ္လို အႀကံျပဳခ်င္ပါလဲလို႔ေမးရာမွာ ဖိလစ္ပိုင္ နဲ႔ ဗီယက္နမ္မွာလည္း အေမရိကန္ သံတမန္တာဝန္ယူခဲ့ရတဲ့ Scot marciel က

Ambassador Scot marciel ။ ။ အာဆီယံအေနနဲ႔ NUG နဲ႔ တျခားအဖြဲ႕ေတြကို ထိေတြ႕ဆက္ဆံေရး သေဘာတူလာဖို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္ပါတယ္။ ဒါေပမဲ့ အခုလို အာဆီယံတဖြဲ႕လုံးအေနနဲ႔ မျဖစ္ႏိုင္ရင္ေတာင္ အနဲဆုံး အဖြဲဝင္ တစ္ႏိုင္ငံခ်င္း NUG နဲ႔ ပိုၿပီးေတာ့ ထိေတြ႕ဆက္ဆံႏိုင္ပါတယ္။ ဒုတိယက အာဆီယံတခုလုံးပဲျဖစ္ျဖစ္၊ အားလုံးဘုံသေဘာတူမႈမရႏိုင္လို႔ရွိရင္လည္း အဓိကအဖြဲ႕ဝင္ ႏိုင္ငံေတြကပဲျဖစ္ျဖစ္ စစ္အုပ္စုကို ရွင္းရွင္းေလး ေျပာသင့္တာက၊ ၂၀၂၃ မွာ စစ္အုပ္စုလုပ္လာမဲ့ အတုအေယာင္ ေ႐ြးေကာက္ပြဲမ်ိဳးကို လက္မခံႏိုင္ဘူးဆိုတာပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ ဒီေ႐ြးေကာက္ပြဲက လက္ရွိျပႆနာေတြကို ေျဖရွင္းႏိုင္မွာ မဟုတ္ဘဲ၊ ပိုေတာင္ ဆိုးသြားေစႏိုင္လို႔ပါ။ အဲ့ဒိေတာ့ ဒီေ႐ြးေကာက္ပြဲကို စစ္တပ္က ဦးေဆာင္လုပ္မယ္ဆိုရင္ အာဆီယံအေနနဲ႔ လက္ခံမွာမဟုတ္ဘူးလို႔ လူသိရွင္ၾကား ရွင္းေအာင္ ေျပာေပးသင့္ပါတယ္။


ကိုဝင္းမင္း ။ ။ ဒီေနရာမွာ အခုလို အာဆီယံ အပါအဝင္ တရုတ္၊ ထုိင္းႏိုင္ငံ တို႔ကလည္း ဝုိင္းကူေပးသင့္တယ္။ ဒါေပမဲ့ NUG နဲ႔ အတုိက္အခံတို႔ကလည္း လက္ရွိေရြးေကာက္ပြဲကို ဆန္႔က်င္တာတင္မကပဲ သီးသန္႔ေျဖရွင္းႏိုင္တဲ့ ဘုံသေဘာတူ ေမွ်ာ္မွန္းခ်က္မ်ိဳး ခ်ျပေပးသင့္တယ္။ ဥပမာ အားလုံး သေဘာတူညီမဲ့ အနာဂတ္ ေမွ်ာ္မွန္းခ်က္ထားၿပီး တခ်ဳိ႕သေဘာတူညီခ်က္ေတြရေအာင္ ခ်ျပႏိုင္မယ္လို႔ သူထင္ေၾကာင္း ဆက္ေျပာပါတယ္။ ဒါအျပင္ အာဆီယံအပါအဝင္ ေဒသတြင္း ႏိုင္ငံအစိုးရေတြအေနနဲ႔ ျမန္မာျပသာနာကို ခ်ည္းကပ္ရာမွာ ပိုမွန္မွန္ကန္ကန္ နားလည္ေစခ်င္တယ္လို႔ သူက ဆက္ေျပာပါတယ္။

Ambassador Scot marciel ။ ။ ျမန္မာစစ္တပ္က လက္နက္ေတြပဲရွိေတာ့တာပါ၊ ျပည္သူအမ်ားစုေထာက္ခံမႈ မရွိသေလာက္ကို ျဖစ္သြားပါၿပီ။ ေဒၚေအာင္ဆန္းၾကည္နဲ႔ ယွဥ္လိုက္လို႔ စစ္တပ္ဘက္မွာ ေထာက္ခံမႈ မရေတာ့တာတင္မဟုတ္ေတာ့ပါဘူး။ ပိုက်ယ္ျပန႔္တဲ့ လူထုတခုလုံးနီးပါးကပါ စစ္တပ္ကို ႏိုင္ငံအုပ္ခ်ဳပ္မႈအာဏာမွာ မရွိေစခ်င္ေတာ့ပါဘူး။ အဲ့ဒိေတာ့ အခုျမန္မာျပႆနာက ႏိုင္ငံေရးဘက္ ၂ ခုၾကားမွာ ျဖစ္ေနတဲ့ ျပႆနာမ်ိဳး မဟုတ္ေတာ့ပါဘူး။ တကယ္က တႏိုင္ငံလုံးနီးပါးက စစ္တပ္ကို ဝိုင္ဆန႔္က်င္ေနၾကၿပီး စစ္တပ္မွာ အမ်ားျပည္သူေထာက္ခံမႈမရွိေတာ့တာကို အေရးတႀကီး သိထားႏိုင္ဖို႔ လိုေနပါၿပီ။

ကိုဝင္းမင္း ။ ။ ဒါအျပင္ နယ္စပ္ခ်င္း ကပ္ေနတဲ့ ထုိင္းႏိုင္ငံအေနနဲ႔လည္း ျမန္မာႏိုင္ငံက ထြက္ေျပးလာၾကသူေတြကို ပိုကူညီေပးဖို႔နဲ႔ တရုတ္ႏိုင္ငံအေနနဲ႔လည္း အေမရိကန္ နဲ႔အတူ ျမန္မာႏိုင္ငံေရး ကူညီေပးဖို႔ သံအမတ္ႀကီးက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

.....................................................

မြန်မာ့အရေး နိုင်ငံတကာကူညီဖို့ ကန်သံအမတ်ဟောင်း တိုက်တွန်း

{{Zawgyi/Unicode}}
မြန်မာ့ပြဿနာကို အမြန် ဖြေရှင်းနိုင်ဖို့ လွယ်ကူတဲ့ အဖြေ မရှိသေးပေမဲ့၊ ကမ္ဘာ့နိုင်ငံများစွာအနေနဲ့ ဒီပြဿနာရင်းမြစ်ကို ကောင်းကောင်းနားလည်လာပြီး မြန်မာပြည်သူတွေကို အကောင်းဆုံး ဝိုင်းကူပေးသင့်တယ်လို့ မြန်မာဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်းက ပြောလိုက်ပါတယ်။

မနေ့က စင်္ကာပူအခြေစိုက် ISEAS Yusof Ishak Institute အဖွဲ့မှာ အမေရိကန်နဲ့ မြန်မာ့အကြပ်အတည်းအကြောင်းဆွေးနွေးပွဲ ဦးဆောင်ဆွေးနွေးသူ အာဆီယံ သံအမတ်ကြီးဟောင်းလည်းဖြစ်တဲ့ Scot Marciel က၊ မြန်မာစစ်တပ်ဟာ တိုင်းပြည်အနာဂတ်အတွက် မျှော်လင့်စရာမရှိတော့ဘူးလို့ ထောက်ပြလိုက်ပါတယ်။

ဒါပေမဲ့ အခုလို နိုင်ငံတကာ အထောက်အကူရဖို့ NUG အမျိုးသား ညီညွတ်ရေး အစိုးရနဲ့ အတိုက်အခံဘက်ကလည်း အနာဂတ်မှာ၊ နိုင်ငံ့ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ဘုံမျှော်မှန်း သဘောတူချက်ရှိထားပြီး စွမ်းဆောင်နိုင်မှာကို နိုင်ငံတကာမှာ ထိရောက်အောင် ပြစေချင်တယ်လို့ သူက ဆိုပါတယ်။ ကိုဝင်းမင်းက သီးသန့်မေးမြန်းထားပါတယ်။

ကိုဝင်းမင်း ။ ။ မြန်မာအကြပ်အတည်းအပေါ် အမေရိကန် ဖက်က အကောင်းဆုံး ဘယ်လိုဖြေရှင်းသင့် သလဲလို့ မေးရာမှာ သံအမတ်ကြီးဟောင်း Ambassador Scot marciel က

Ambassador Scot marciel ။ ။ သိတယ်မလား တကယ်ပြောရခက်တဲ့ကိစ္စပါ။ လွယ်လွယ်နဲ့ မြန်မြန်ရမဲ့ အဖြေမျိုး ကျွန်တော် မမြင်သေးပါဘူး။ တကယ်က နိုင်ငံတကာအသိုင်းအဝိုင်းတခုလုံးအနေနဲ့ NUG ကို ပို ကူညီပြီး ဝိုင်းဝန်းကြိုးပမ်းပေးဖို့ လိုတဲ့ကိစ္စပါ။ နောက် မြန်မာနိုင်ငံမှာ စစ်တပ်အစိုးရ ဆက်ဖြစ်နေရင် မျှော်လင့်ချက်မရှိတာကို နားလည်ထားဖို့လည်း လိုပါတယ်။ အခုလို ငြိမ်းချမ်းတိုးတက်ရေးအတွက် မျှော်လင့်ချက်မရှိတာကို နိုင်ငံတကာအစိုးရတွေက နားလည်လာရင်၊ သူတို့ ပိုပြင်းထန်တဲ့ ရပ်တည်ချက်တွေ ချမှတ်လုပ်ဆောင်လာကြမှာပါ။ ဒါပေမဲ့ အခုက အစိုးရအတော်များများက စစ်တပ်ဟာ တစုံတရာ ကျိုးကြောင်းဆီလျှော်မှုရှိသေးတယ်၊ လက်ခံလို့ရနိုင်သေးတယ်လို့ တွက်ချက်ထားကြပုံရပါတယ်။ တကယ်က စစ်တပ်မှာ ဒါမျိုးမရှိတော့ပါဘူး။

ကိုဝင်းမင်း ။ ။ အဲဒီနောက် မြန်မာအကြပ်အတည်းမှာ အကြီးမားဆုံး စိန်ခေါ်ချက်အနေနဲ့ ဘာကို ထောက်ပြလိုပါသလဲ ။

Ambassador Scot marciel ။ ။ အခုလောလောဆယ်မှာ ကြီးမားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ စိန်ခေါ်ချက်တွေ အတော် အများအပြားကို ရှိနေပါတယ်။ ဒီအပေါ် နိုင်ငံတကာ အာရုံစိုက်မှု ပိုရသင့်ပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ကိုယ်တိုင် ခေါင်းဆောင်မူကဏ္ဍကယူပြီး လုပ်ပေးသင့်ပါတယ်။ ဒါက တခုပါ။ နောက် ဒုတိယတခုက ကမ္ဘာပေါ်က နောက်ထပ် နိုင်ငံများစွာကို မြန်မာပြဿနာအပေါ် နားလည်လာအောင် ရှင်းပြရမှပါ။ ဆိုလိုတာက စစ်အုပ်စုဟာ တိုင်းပြည်အတွက် ကပ်ဘေးလိုဖြစ်နေတယ်၊ ဒါတင်မကပါဘူး ဒေသတွင်း တည်ငြိမ်ရေးအတွက်လည်း ကပ်ဘေးပါပဲ၊ ဒါကြောင့် စစ်တပ် နိုင်ငံအုပ်ချုပ်မှုအာဏာမှာ ဆက်မနေနိုင်အောင် မြန်မာပြည်သူတွေ ဝိုင်းတွန်းနေတာကို နိုင်ငံတကာက ပိုအားစိုက်ကူညီဖို့ လိုနေပြီဆိုတာ ပိုအသိအမှတ်ပြုလာအောင် လုပ်ရမှာပါ။


ကိုဝင်းမင်း ။ ။ ဒီဒေသတွင်း စိုးရိမ်ချက်အတွက် အနီးကပ်ရှိနေတဲ့ အာဆီယံအနေနဲ့လည်း မြန်မာနဲ့ ရုန်းကန်နေရချိန်မှာ အကောင်းဆုံး ဘယ်လို အကြံပြုချင်ပါလဲလို့မေးရာမှာ ဖိလစ်ပိုင် နဲ့ ဗီယက်နမ်မှာလည်း အမေရိကန် သံတမန်တာဝန်ယူခဲ့ရတဲ့ Scot marciel က

Ambassador Scot marciel ။ ။ အာဆီယံအနေနဲ့ NUG နဲ့ တခြားအဖွဲ့တွေကို ထိတွေ့ဆက်ဆံရေး သဘောတူလာဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါပေမဲ့ အခုလို အာဆီယံတဖွဲ့လုံးအနေနဲ့ မဖြစ်နိုင်ရင်တောင် အနဲဆုံး အဖွဲဝင် တစ်နိုင်ငံချင်း NUG နဲ့ ပိုပြီးတော့ ထိတွေ့ဆက်ဆံနိုင်ပါတယ်။ ဒုတိယက အာဆီယံတခုလုံးပဲဖြစ်ဖြစ်၊ အားလုံးဘုံသဘောတူမှုမရနိုင်လို့ရှိရင်လည်း အဓိကအဖွဲ့ဝင် နိုင်ငံတွေကပဲဖြစ်ဖြစ် စစ်အုပ်စုကို ရှင်းရှင်းလေး ပြောသင့်တာက၊ ၂၀၂၃ မှာ စစ်အုပ်စုလုပ်လာမဲ့ အတုအယောင် ရွေးကောက်ပွဲမျိုးကို လက်မခံနိုင်ဘူးဆိုတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီရွေးကောက်ပွဲက လက်ရှိပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘဲ၊ ပိုတောင် ဆိုးသွားစေနိုင်လို့ပါ။ အဲ့ဒိတော့ ဒီရွေးကောက်ပွဲကို စစ်တပ်က ဦးဆောင်လုပ်မယ်ဆိုရင် အာဆီယံအနေနဲ့ လက်ခံမှာမဟုတ်ဘူးလို့ လူသိရှင်ကြား ရှင်းအောင် ပြောပေးသင့်ပါတယ်။


ကိုဝင်းမင်း ။ ။ ဒီနေရာမှာ အခုလို အာဆီယံ အပါအဝင် တရုတ်၊ ထိုင်းနိုင်ငံ တို့ကလည်း ဝိုင်းကူပေးသင့်တယ်။ ဒါပေမဲ့ NUG နဲ့ အတိုက်အခံတို့ကလည်း လက်ရှိရွေးကောက်ပွဲကို ဆန့်ကျင်တာတင်မကပဲ သီးသန့်ဖြေရှင်းနိုင်တဲ့ ဘုံသဘောတူ မျှော်မှန်းချက်မျိုး ချပြပေးသင့်တယ်။ ဥပမာ အားလုံး သဘောတူညီမဲ့ အနာဂတ် မျှော်မှန်းချက်ထားပြီး တချို့သဘောတူညီချက်တွေရအောင် ချပြနိုင်မယ်လို့ သူထင်ကြောင်း ဆက်ပြောပါတယ်။ ဒါအပြင် အာဆီယံအပါအဝင် ဒေသတွင်း နိုင်ငံအစိုးရတွေအနေနဲ့ မြန်မာပြသာနာကို ချည်းကပ်ရာမှာ ပိုမှန်မှန်ကန်ကန် နားလည်စေချင်တယ်လို့ သူက ဆက်ပြောပါတယ်။

Ambassador Scot marciel ။ ။ မြန်မာစစ်တပ်က လက်နက်တွေပဲရှိတော့တာပါ၊ ပြည်သူအများစုထောက်ခံမှု မရှိသလောက်ကို ဖြစ်သွားပါပြီ။ ဒေါ်အောင်ဆန်းကြည်နဲ့ ယှဉ်လိုက်လို့ စစ်တပ်ဘက်မှာ ထောက်ခံမှု မရတော့တာတင်မဟုတ်တော့ပါဘူး။ ပိုကျယ်ပြန့်တဲ့ လူထုတခုလုံးနီးပါးကပါ စစ်တပ်ကို နိုင်ငံအုပ်ချုပ်မှုအာဏာမှာ မရှိစေချင်တော့ပါဘူး။ အဲ့ဒိတော့ အခုမြန်မာပြဿနာက နိုင်ငံရေးဘက် ၂ ခုကြားမှာ ဖြစ်နေတဲ့ ပြဿနာမျိုး မဟုတ်တော့ပါဘူး။ တကယ်က တနိုင်ငံလုံးနီးပါးက စစ်တပ်ကို ဝိုင်ဆန့်ကျင်နေကြပြီး စစ်တပ်မှာ အများပြည်သူထောက်ခံမှုမရှိတော့တာကို အရေးတကြီး သိထားနိုင်ဖို့ လိုနေပါပြီ။

ကိုဝင်းမင်း ။ ။ ဒါအပြင် နယ်စပ်ချင်း ကပ်နေတဲ့ ထိုင်းနိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံက ထွက်ပြေးလာကြသူတွေကို ပိုကူညီပေးဖို့နဲ့ တရုတ်နိုင်ငံအနေနဲ့လည်း အမေရိကန် နဲ့အတူ မြန်မာနိုင်ငံရေး ကူညီပေးဖို့ သံအမတ်ကြီးက ပြောပါတယ်။

XS
SM
MD
LG