သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိန်ခေါ်မှုတွေ စုစည်းတုံ့ပြန်ရေး ကန်သမ္မတ အာရှမှာဆွေးနွေးမယ်


John Kirby, National Security Council Coordinator for Strategic Communications, answers questions at the White House daily press briefing in Washington, U.S., September 16, 2022. REUTERS/Evelyn Hockstein
John Kirby, National Security Council Coordinator for Strategic Communications, answers questions at the White House daily press briefing in Washington, U.S., September 16, 2022. REUTERS/Evelyn Hockstein

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အနေနဲ့ လာမယ့် အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲနဲ့ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲတွေမှာ ယူကရိန်းနဲ့ မြောက်ကိုရီးယားအရေး အပါအဝင် ကမ္ဘာ့နိုင်ငံအားလုံးအပေါ် သက်ရောက်မှုရှိနေတဲ့ ကိစ္စရပ်အများအပြား ဆွေးနွေးသွားမှာ ဖြစ်ပြီး၊ ကမ္ဘာမှာ အမေရိကန်ရဲ့ ဦးဆောင်မှု အခိုင်အမာ ဆက်ရှိနေတာကို ပြသသွားမှာ ဖြစ်တယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရ John Kirby က ဗွီအိုအေကို ပြောပါတယ်။

“အားလုံးအပေါ် သက်ရောက်မှုတွေ ရှိနေတဲ့ အကျပ်အတည်း စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ ကမ္ဘာ့ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်မယ့် အခွင့်အလမ်းတရပ်အဖြစ် သမ္မတဘိုင်ဒန်က ယူဆထားတဲ့အတိုင်း ဒီဆွေးနွေးပွဲတွေကို တက်ရောက်ဆွေးနွေးသွားမယ့်အကြောင်း အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရ John Kirby က ဗွီအိုအေနဲ့ သီးသန့်တွေ့ဆုံ မေးမြန်းချိန်မှာ ပြောသွားတာပါ။

ဥရောပတိုက်မှာ မတည်ငြိမ်မှုတွေ ဖြစ်စေတဲ့ ယူကရိန်းစစ်ပွဲ အဆုံးသတ်နိုင်ရေးနဲ့ အလားတူ အရှေ့မြောက်အာရှမှာ မတည်ငြိမ်မှုတွေ ဖန်တီးနေတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းရဲ့ ရန်လိုမှုတွေကို ရပ်တန့်နိုင်ဖို့အတွက် ကမ္ဘာ့နိုင်ငံတွေအားလုံး တစုတစည်းတည်း တုံ့ပြန်နိုင်မယ့် နည်းလမ်းတွေကို သမ္မတက ဆွေးနွေးသွားမှာဖြစ်တယ်လို့ မစ္စတာ Kirby က ပြောပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေကြား သဘောထား ကွဲပြားမှုတွေရှိနေတဲ့ ဒီလိုကိစ္စတွေအပြင် အားလုံးသဘောတူ လက်ခံနိုင်တဲ့ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုထိန်းချုပ်ရေးနဲ့ ကပ်ဘေးကိုင်တွယရေးလို တခြားသော ကိစ္စရပ်တွေ အများအပြားကိုလည်း ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ မစ္စတာ Kirby က ပြောပါတယ်။

သမ္မတဘိုင်ဒန်ဟာ ရှေ့သီတင်းပတ်ထဲ ကျင်းပဖို့ရှိနေတဲ့ အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲနဲ့ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲတွေကို တက်ရောက်ဖို့ ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်မှာဖြစ်ပြီး၊ အဲ့ဒီနောက် G20 စီးပွားရေး အင်အားကြီး နိုင်ငံ ၂၀ ရဲ့ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ဖို့ အင်ဒိုနီးရှားနိုင်ငံကိုလည်း သွားရောက်မယ်ဆိုတာကို သမ္မတ အိမ်ဖြူတော်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲနဲ့ G20 ထိပ်သီး ဆွေးနွေးပွဲတွေကို တရုတ်သမ္မတ ရှီကျင်းပင်လည်း တက်ရောက်မှာဖြစ်ပြီး ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် တော့ တက်ရောက်မယ် မတက်ရောက်ဘူး သေချာမသိရသေးပါဘူး။

======== Unicode =====





XS
SM
MD
LG