သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ NUG နဲ့ တွေ့ဆုံနိုင်ဖွယ်ရှိ


Cambodia ASEAN
Cambodia ASEAN

ASEAN အနေနဲ့ မြန်မာအတိုက်အခံ အင်အားစုတွေနဲ့ပါ တွေ့ဆုံသွားဖို့ ကမ္ဘောဒီးယားနိုင်ငံမှာ ပြုလုပ်နေတဲ့ ASEAN အရှေ့တောင်အာရှအသင်းထိပ်သီးအစည်းအဝေးမှာ သောကြာနေ့က သဘောတူခဲ့ကြပါတယ်။

အာဆီယံ NUG နဲ့ တွေ့ဆုံနိုင်ဖွယ်ရှိ

{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ထောင်နဲ့ချီသေဆုံးခဲ့ရတဲ့ ပဋိပက္ခတွေ လျော့ကျပြေလည်နိုင်ရေး နည်းလမ်းရှာဖို့အတွက် ASEAN အနေနဲ့ မြန်မာအတိုက်အခံ အင်အားစုတွေနဲ့ပါ တွေ့ဆုံသွားဖို့ ကမ္ဘောဒီးယားနိုင်ငံမှာ ပြုလုပ်နေတဲ့ ASEAN အရှေ့တောင်အာရှအသင်းထိပ်သီးအစည်းအဝေးမှာ သောကြာနေ့က သဘောတူခဲ့ကြပါတယ်။

ဒီသဘောတူညီချက်အရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့ NUG အမျိုးသားညီညွတ်ရေး အစိုးရ နဲ့ ပါ တွေ့ဆုံမယ့် အစီအစဉ်တွေ ပါဝင်နိုင်တယ်လို့ AFP သတင်းမှာဖေါ်ပြထားပါတယ်။

အခုလို ASEAN က အတိုက်အခံတွေနဲ့ပါ တွေ့ဆုံဖို့ သဘောတူခဲ့တာကို မြန်မာစစ်ကောင်စီကတော့ ပြစ်တင်ရှုတ်ချလိုက်ပြီး၊ တရားမဝင် အကြမ်းဖက်အဖွဲ့တွေနဲ့ ဘယ်လိုနည်းလမ်းနဲ့မဆို တွေ့ဆုံတာကို ကန့်ကွက်ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့မှာပဲ ကြေငြာချက်ထုတ်ပြန်ခဲ့ကြောင်း AFP ကဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံက ပဋိပက္ခတွေကို ကူညီဖြေရှင်းနိုင်ဖို့ ပြီးခဲ့တဲ့နှစ် ဧပြီလက ဘုံသဘောတူညီချက် ၅ ရပ်ကိုချမှတ်ခဲ့ပေမယ့်၊ မြန်မာစစ်ကောင်ဘက်က လိုက်ပါအကောင်အထည်ဖေါ်ခြင်းမရှိတဲ့အတွက် အာဆီယံခေါင်းဆောင်တွေအနေနဲ့ စိတ်ပျက်ခဲ့ကြပြီးနောက်၊ မြန်မာနိုင်ငံကိစ္စကို အခုလို ထပ်မံနည်းလမ်းရှာခဲ့ကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လက်တွေ့ကျပြီး ခိုင်မာတဲ့ အချိန်အတိုင်းအတာရှိတဲ့ အစီအစဉ်တရပ်ကို ရေးဆွဲဖို့ နိုင်ငံခြားရေးဝန်ကြီးတွေကို တာဝန်ပေးခဲ့ပါတယ်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အချက် ၁၅ ချက်ပါ ကြေညာချက်တဆောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ အာဆီယံအနေနဲ့ မြန်မာနိုင်ငံရဲ့ ပဋိပက္ခအတွင်း ပါဝင်နေတဲ့ အဖွဲ့အစည်းအားလုံး၊ တာဝန်ရှိသူအားလုံးနဲ့ တွေ့ဆုံသွားဖို့ သဘောတူခဲ့ကြတာပါ။

အာဆီယံ NUG နဲ့ တွေ့ဆုံနိုင်ဖွယ်ရှိ
please wait

No media source currently available

0:00 0:01:36 0:00
တိုက်ရိုက် လင့်ခ်

.........................................



{{Zawgyi/Unicode}}





XS
SM
MD
LG