သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ စီးပွါးရေးနလံထူဖို့ ဂျပန် ချေးငွေ ဒေါ်လာ ၂ ဘီလျံ ပံ့ပိုးမည်


លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន លោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូង លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លោក Li Keqiang នាយករដ្ឋមន្ត្រីចិន លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី ឈរក្បែរគ្នា ក្នុងអំឡុងពេលថតរូបមុនចាប់ផ្តើមពិភាក្សាគ្នាក្នុងកិច្
លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន លោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូង លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លោក Li Keqiang នាយករដ្ឋមន្ត្រីចិន លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី ឈរក្បែរគ្នា ក្នុងអំឡុងពេលថតរូបមុនចាប់ផ្តើមពិភាក្សាគ្នាក្នុងកិច្

ကမ္ဘောဒီးယား နိုင်ငံမှာ စနေနေ့က ပြုလုပ်တဲ့ အာဆီယံ- ဂျပန် ထိပ်သီးအစည်းဝေးကို တက်ရောက်လာတဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida က အာဆီယံအတွက် ချေးငွေအဖြစ် အမေရိကန် ဒေါ်လာသန်း ၂၁၀၀ နဲ့ညီမျှတဲ့ ဂျပန်ယန်းငွေ ၂၉၅ ဘီလီယံ ပေးမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။  

အာဆီယံ စီးပွါးရေးနလံထူဖို့ ဂျပန် ချေးငွေ ဒေါ်လာ ၂ ဘီလျံ ပံ့ပိုးမည်

{{Zawgyi/Unicode}}
ကမ္ဘောဒီးယား နိုင်ငံမှာ စနေနေ့က ပြုလုပ်တဲ့ အာဆီယံ- ဂျပန် ထိပ်သီးအစည်းဝေးကို တက်ရောက်လာတဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida က အာဆီယံအတွက် ချေးငွေအဖြစ် အမေရိကန် ဒေါ်လာသန်း ၂၁၀၀ နဲ့ညီမျှတဲ့ ဂျပန်ယန်းငွေ ၂၉၅ ဘီလီယံ ပေးမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အာဆီယံ နိုင်ငံတွေ စီးပွါးရေး ပြန်နလံထူလာစေဖို့ အကူအညီပေးတဲ့ အနေနဲ့ အာဆီယံ- အလုံးစုံ ပြန်လည်တည်ဆောက်ရေး မူဘောင်ဆိုင်ရာ CRF အတွက် ယန်းငွေ ၂၉၅ ဘီလီယံ ချေးငွေချထားပေးမှာ ဖြစ်ကြောင်း ပြောသွားတာပါ။

ကမ္ဘာတလွှား ကိုဗစ်ကပ်ရောဂါကြောင့် ကျဆင်းတဲ့စီးပွါးရေး ပြန်နလံထူဖို့ လုပ်ဆောင်နေချိန်မှာ ယူကရိန်းကို ရုရှားဝင်ကျူးကျော်တဲ့နောက် လောင်စာဆီနဲ့ စားသောက်ကုန်ဈေးတွေ ထိုးတက်လာတာကြောင့် အခက်အခဲတွေ ကြုံနေရတာကို အထောက်အကူ ဖြစ်စေဖို့ ပေးအပ်တာ ဖြစ်ကြောင်း ပြောပါတယ်။

ဂျပန်နဲ့ အာဆီယံ ဆက်ဆံရေးဟာ လာမယ့် နှစ်မှာ အနှစ် ၅၀ ပြည့်မှာ ဖြစ်ပြီး ဂျပန်ဟာ အင်ဒို- ပစိဖိတ်ဒေသအတွက်ရော အာဆီယံအတွက်ပါ ကူညီထောက်ပံ့မှုတွေ ပေးမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ် Kishida က ထပ်လောင်း ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဂျပန်ဟာ ရေကြောင်းသွားလာရေး လုံခြုံစိတ်ချရမှုအပြင် ခေတ်မီ အခြေခံအဆောက်အအုံတွေအတွက် ရင်းနှီးမြှုပ်နှံတာ အပါအဝင် ဆက်နွယ် ဆောင်ရွက်မှုတွေ တိုးမြှုှင့်လုပ်ဆောင်ဖို့ရှိသလို ကာဗွန်ဒိုင်အောက်ဆိုဒ် ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေး အောင်အောင်မြင်မြင် ဆောင်ရွက်ဖို့ရော စွမ်းအင်လုံခြုံမှုရှိဖို့ပါ ချိန်ညှိ ဆောင်ရွက်သွားမယ်လို့လည်း ကတိပေးခဲ့ပါတယ်။

လာမယ့်နှစ် ၂၀၂၃ ဒီဇင်ဘာ မှာ အာဆီယံ- ဂျပန် ဆက်ဆံရေး နှစ် ၅၀ ပြည့်အထိန်းအမှတ်အတွက် ဂုဏ်ပြုတဲ့ အထူး အစည်းဝေးတရပ်ကို ဂျပန်နိုင်ငံ တိုကျိုမှာ ကျင်းပချင်ကြောင်းလည်း ဝန်ကြီးချုပ် Kishida က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

....................................................


{{Zawgyi/Unicode}}





XS
SM
MD
LG