=== [[ ZAWGYI ]] ===
႐ုရွားသမၼတ ဗလာဒီမီယာပူတင္ကို ICC ဖမ္းဝရမ္းထုတ္
ယူကရိန္း ကေလးေတြကို အဓမၼေျပာင္းေ႐ႊ႕ ေခၚေဆာင္မႈမွာ ပါဝင္ပတ္သက္တယ္ဆိုၿပီး ႐ုရွားသမၼတ ဗလာဒီမီယာပူတင္ကို စစ္ရာဇဝတ္မႈေတြ က်ဴးလြန္မႈနဲ႔ ႏိုင္ငံတကာ ရာဇဝတ္တရား႐ုံး (ICC)က ဖမ္းဝရမ္း ထုတ္လိုက္ပါတယ္။ ပူတင္ဟာ ႐ုရွား ထိန္းခ်ဳပ္ထားတဲ့ ယူကရိန္းေဒသက ကေလးေတြကို ဥပေဒမဲ့ႏွင္ထုတ္ၿပီး ႐ုရွားႏိုင္ငံကို လႊဲေျပာင္း ပို႔ေဆာင္မႈမွာ တာဝန္ရွိတယ္လို႔ တရား႐ုံးက စြပ္စြဲထားပါတယ္။
အလားတူ စြပ္စြဲခ်က္ေတြနဲ႔ ႐ုရွားရဲ႕ ကေလးသူငယ္အခြင့္အေရးဆိုင္ရာ အႀကီးအကဲ Maria Alekseevna Lvova-Belova ကိုလည္း ေသာၾကာေန႔က ဖမ္းဝရမ္း ထုတ္ခဲ့ပါတယ္။
တကယ္တမ္းမွာ ႐ုရွားႏိုင္ငံသား တဦးတေယာက္ကို ICC မွာ အေရးယူႏိုင္မႈက ေလာေလာဆယ္ ျဖစ္ႏိုင္ေျခ မရွိေသးပါဘူး။ ႐ုရွားအစိုးရက ICC တရား႐ုံးရဲ႕ စီရင္ပိုင္ခြင့္အာဏာကို အသိအမွတ္ မျပဳသလို သူ႔ႏိုင္ငံသားေတြကိုလည္း ICC ကို လႊဲအပ္တာမ်ိဳး မရွိပါဘူး။
အခုလို ICC တရားသူႀကီးေတြက ဖမ္းဝရမ္း ထုတ္ထားေပမယ့္လည္း ဒါကို တကယ္ က်င့္သုံးႏိုင္ႏိုင္ဖို႔က ႏိုင္ငံတကာ အသိုင္းအဝိုင္းအေပၚ မူတည္မွာ ျဖစ္ပါတယ္။ တရား႐ုံးမွာ ဖမ္းဝရမ္းကို အေကာင္အထည္ ေဖာ္ႏိုင္ဖို႔အတြက္ သူ႔ကိုယ္ပိုင္ ရဲတပ္ဖြဲ႕ မရွိပါဘူး။
“ႏိုင္ငံတကာ ရာဇဝတ္ခုံ႐ုံးရဲ႕ ဆုံးျဖတ္ခ်က္ေတြဟာ ဥပေဒေၾကာင္းအရ ႐ုရွားအေပၚ ဘယ္လိုမွ သက္ေရာက္မႈ မရွိဘူး”လို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Maria Zakharova က တုံ႔ျပန္ပါတယ္။
တဖက္မွာေတာ့ ယူကရိန္း တာဝန္ရွိသူေတြက တရားမွ်တမႈ ေဖာ္ေဆာင္ႏိုင္ဖို႔ ေမွ်ာ္လင့္ေနၾကပါတယ္။ ယူကရိန္းကလည္း တရား႐ုံးအဖြဲ႕ဝင္ႏိုင္ငံ မဟုတ္ေပမယ့္ သူ႔ႏိုင္ငံ နယ္နိမိတ္ထဲမွာ ICC ရဲ႕ တရား စီရင္ပိုင္ခြင့္ကို အသိအမွတ္ ျပဳထားၿပီး ICC ရဲ႕ စုံစမ္းစစ္ေဆးမႈေတြကိုလည္း ခြင့္ျပဳေပးထားပါတယ္။
ၾကာသပေတးေန႔မွာပဲ ကုလသမဂၢ ေက်ာေထာက္ေနာက္ခံျပဳထားတဲ့ စုံစမ္းေရးေကာ္မရွင္ တခုကလည္း ယူကရိန္းမွာ အရပ္သားေတြအေပၚ ႐ုရွားက ညႇဥ္းပန္းႏွိပ္စက္ သတ္ျဖတ္ေနတာေတြက စစ္ရာဇဝတ္မႈနဲ႔ လူသားမ်ိဳးႏြယ္အေပၚက်ဴးလြန္တဲ့ ရာဇဝတ္မႈအဆင့္အထိ ျဖစ္ႏိုင္ေျခ အလားအလာ ရွိတယ္လို႔ ေၾကညာထားပါတယ္။
=== {{ UNICODE }} ===
ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကို ICC ဖမ်းဝရမ်းထုတ်
ယူကရိန်း ကလေးတွေကို အဓမ္မပြောင်းရွှေ့ ခေါ်ဆောင်မှုမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကို စစ်ရာဇဝတ်မှုတွေ ကျူးလွန်မှုနဲ့ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC)က ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။ ပူတင်ဟာ ရုရှား ထိန်းချုပ်ထားတဲ့ ယူကရိန်းဒေသက ကလေးတွေကို ဥပဒေမဲ့နှင်ထုတ်ပြီး ရုရှားနိုင်ငံကို လွှဲပြောင်း ပို့ဆောင်မှုမှာ တာဝန်ရှိတယ်လို့ တရားရုံးက စွပ်စွဲထားပါတယ်။
အလားတူ စွပ်စွဲချက်တွေနဲ့ ရုရှားရဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အကြီးအကဲ Maria Alekseevna Lvova-Belova ကိုလည်း သောကြာနေ့က ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။
တကယ်တမ်းမှာ ရုရှားနိုင်ငံသား တဦးတယောက်ကို ICC မှာ အရေးယူနိုင်မှုက လောလောဆယ် ဖြစ်နိုင်ခြေ မရှိသေးပါဘူး။ ရုရှားအစိုးရက ICC တရားရုံးရဲ့ စီရင်ပိုင်ခွင့်အာဏာကို အသိအမှတ် မပြုသလို သူ့နိုင်ငံသားတွေကိုလည်း ICC ကို လွှဲအပ်တာမျိုး မရှိပါဘူး။
အခုလို ICC တရားသူကြီးတွေက ဖမ်းဝရမ်း ထုတ်ထားပေမယ့်လည်း ဒါကို တကယ် ကျင့်သုံးနိုင်နိုင်ဖို့က နိုင်ငံတကာ အသိုင်းအဝိုင်းအပေါ် မူတည်မှာ ဖြစ်ပါတယ်။ တရားရုံးမှာ ဖမ်းဝရမ်းကို အကောင်အထည် ဖော်နိုင်ဖို့အတွက် သူ့ကိုယ်ပိုင် ရဲတပ်ဖွဲ့ မရှိပါဘူး။
“နိုင်ငံတကာ ရာဇဝတ်ခုံရုံးရဲ့ ဆုံးဖြတ်ချက်တွေဟာ ဥပဒေကြောင်းအရ ရုရှားအပေါ် ဘယ်လိုမှ သက်ရောက်မှု မရှိဘူး”လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က တုံ့ပြန်ပါတယ်။
တဖက်မှာတော့ ယူကရိန်း တာဝန်ရှိသူတွေက တရားမျှတမှု ဖော်ဆောင်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ယူကရိန်းကလည်း တရားရုံးအဖွဲ့ဝင်နိုင်ငံ မဟုတ်ပေမယ့် သူ့နိုင်ငံ နယ်နိမိတ်ထဲမှာ ICC ရဲ့ တရား စီရင်ပိုင်ခွင့်ကို အသိအမှတ် ပြုထားပြီး ICC ရဲ့ စုံစမ်းစစ်ဆေးမှုတွေကိုလည်း ခွင့်ပြုပေးထားပါတယ်။
ကြာသပတေးနေ့မှာပဲ ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုထားတဲ့ စုံစမ်းရေးကော်မရှင် တခုကလည်း ယူကရိန်းမှာ အရပ်သားတွေအပေါ် ရုရှားက ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်နေတာတွေက စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုအဆင့်အထိ ဖြစ်နိုင်ခြေ အလားအလာ ရှိတယ်လို့ ကြေညာထားပါတယ်။