သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား-တရုတ် မဟာဗျူဟာပူးပေါင်းရေး စာချုပ်သစ်ချုပ်ဆို


ရုရှားနိုင်ငံ မော်စကိုမြို့ကိုရောက်နေတဲ့ တရုတ်သမ္မတရှီကျင့်ဖျင် (ဝဲ) နဲ့ အိမ်ရှင်ရုရှားသမ္မတဗလာတီမီယာပူတင်(ယာ) (မတ်လ ၂၁၊ ၂၀၂၃) 
ရုရှားနိုင်ငံ မော်စကိုမြို့ကိုရောက်နေတဲ့ တရုတ်သမ္မတရှီကျင့်ဖျင် (ဝဲ) နဲ့ အိမ်ရှင်ရုရှားသမ္မတဗလာတီမီယာပူတင်(ယာ) (မတ်လ ၂၁၊ ၂၀၂၃) 

{{Zawgyi/Unicode}}

ရုရှားနဲ့တရုတ် နှစ်နိုင်ငံကြား မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်မယ့် စာချုပ်သစ်တရပ်ကို ရုရှားသမ္မတ Vladimir Putin နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ အင်္ဂါနေ့ကပဲ လက်မှတ်ရေးထိုးလိုက်ကြပါတယ်။

နှစ်ဦးနှစ်ဘက်အားထုတ်မှုကြောင့် ခိုင်မာအားကောင်းတဲ့ တရုတ်ရုရှား ဆက်ဆံရေးတွေဟာ တည်တည်ငြိမ်ငြိမ်ပဲ ဆက်လက် တိုးတက်နေပါတယ်။ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုရှိကြသလို နှစ်နိုင်ငံ တူညီတဲ့အကျိုးစီးပွားလည်းရှိကြပါတယ်လို့ တရုတ်သမ္မတရှီက အစည်းအဝေးမှာ ပြောသွားတာပါ။

ယူကရိန်းစစ်ပွဲကိုလည်း သံတမန်ရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ခေါင်းဆောင်နှစ်ဦးတို့က တောင်းဆိုထားပါတယ်။ ဒါပေမယ့်လည်း ယူကရိန်းအစိုးရနဲ့သူ့ရဲ့မဟာမိတ်အနောက်နိုင်ငံတွေက ငြိမ်းချမ်းရေးဆွေးနွေးဖို့ အဆင်သင့်ဖြစ်တဲ့ပုံမတွေ့ရဘူးလို့ သမ္မတပူတင်ကပြောပါတယ်။ မော်စကိုမြို့မှာ တရုတ်သမ္မတရှီနဲ့ ၂ ရက်ကြာဆွေးနွေးခဲ့ပြီးတဲ့နောက်မှာတော့ အမေရိကန်နဲ့အနောက်နိုင်ငံတွေဟာ ယူကရိန်းဘက်က ပါဝင်တိုက်ခိုက်နေကြတယ်လို့စွပ်စွဲပြီး တရုတ်နိုင်ငံကတော့ ဒီစစ်ပွဲမှာ ကြားနေခဲ့တယ်ဆိုပြီး ရုရှားသမ္မတက ချီးကျူးပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ကုလသမဂ္ဂရဲ့ ပဋိညာဉ်စာတမ်းကို ပြန်လည်လေ့လာကြရမှာဖြစ်သလို နိုင်ငံတကာဥပဒေကို လေးစားလိုက်နာရမယ်ဆိုတာ တရုတ်နဲ့ရုရှားတို့ယုံကြည်တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း ယူကရိန်းကနေ ရုရှားတပ်တွေဆုတ်ခွာပေးဖို့ ဒါမှမဟုတ် နိုင်ငံတကာအသိအမှတ်ပြု ယူကရိန်းရဲ့နယ်နိမိတ်တွေကို လေးစားလိုက်နာဖို့ဆိုတဲ့ အချက်တွေကိုတော့ တောင်းဆိုထားတာမရှိပါဘူး။

သမ္မတရှီနဲ့ ဆွေးနွေးမှုဟာ ပွင်းလင်းရင်းနှီးမှုရှိသလို ၂၀၂၂ ခုနှစ် ယူကရိန်းကို မကျူးကျော်ခင် သီတင်း ၃ ပတ်အလိုက နှစ်နိုင်ငံကြား အကန့်အသတ်မရှိ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်တွေ ပိုမိုခိုင်မာလာအောင် ထပ်မံ ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတပူတင်ကပြောပါတယ်။ တရုတ်နိုင်ငံကလည်း ယူကရိန်းစစ်ပွဲ အရှိန်လျှော့ဖို့နဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲဖြစ်မြောက်လာအောင် အချက် ၁၂ ချက်ပါအစီအစဉ်တရပ်ကို လတ်တလော တင်ပြခဲ့တာပါ။

၂၀၁၄ ခုနှစ်မှာ ယူကရိန်းပိုင် ခရိုင်းမီးယားဒေသကို မတရားသိမ်းယူခဲ့တဲ့ ရုရှားဘက်က ၁၃ လကြာရှိလာပြီဖြစ်တဲ့ ဒီစစ်ပွဲကာလမှာ ယူကရိန်းနိုင်ငံအရှေ့ပိုင်းကို နယ်မြေတွေပါသိမ်းယူထားပါတယ်။ အခုလို တရုတ်ရဲ့အစီအစဉ်ကြောင့် ယူကရိန်းပိုင်မြေတွေ ရုရှားဘက်က ပိုမိုရရှိသွားစေနိုင်တာကြောင့်ဆိုပြီး တရုတ်ရဲ့ကမ်းလှမ်းချက်ကို အနောက်နိုင်ငံတွေက ငြင်းပယ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

============

{{Unicode}}








XS
SM
MD
LG