သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း



Tajikistan SummitRussian President Vladimir Putin, right, toasts with Chinese President Xi Jinping



{{Zawgyi/Unicode}}






တိုက်ရိုက် လင့်ခ်

.............................................................

G-20 ထိပ်သီးအစည်းအဝေး ရုရှားနဲ့ တရုတ်သမ္မတတွေ တက်ရောက်ဖွယ်ရှိ

{{Zawgyi/Unicode}}
လာမဲ့ နိုဝင်ဘာလ အတွင်း အင်ဒီုနီးရှားနိုင်ငံ၊ ဘာလီကျွန်း မှာ ပြုလုပ်ကြမဲ့ G 20 ခေါ် စက်မှုအင်အားကြီး နိုင်ငံ ၂ဝ ရဲ့ ထိပ်သီးဆွေးနွေးပွဲကို ရုရှား သမ္မတ Vladimir Putin နဲ့ တရုတ် သမ္မတ Xi Jinping တို့ တက်ရောက်ကြလိမ့်မယ်လို့ အင်ဒိုနီးရှား သမ္မတနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
တရုတ်နဲ့ ရုရှားသမ္မတတို့ ထိပ်သီးအစည်းအဝေးတက်ဖို့ စီစဉ်နေတယ်လို့ အင်ဒိုနီးရှား သမ္မတ Joko Widodo က သူ့ကို ပြောထားကြောင်း သမ္မတကို အလွတ်သဘော အကြံပေးနေတဲ့ ဝန်ကြီးအဖွဲ့ အတွင်းဝန်ဟောင်း Andi Widjajanto က Reuters သတင်းဌာနကို ပြောလိုက်တာဖြစ်ပါတယ်။

တရုတ်နဲ့ ရုရှားခေါင်းဆောင်တွေ ထိပ်သီးအစည်းအဝေးတက်ဖို့ ကတိပေးထားကြောင်း အင်ဒိုနီးရှား သမ္မတကို ကိုးကားပြီး Bloomberg သတင်းဌာနကလည်း ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း အင်ဒိုနီးရှား သမ္မတရုံးကတော့ အတည်ပြုချက်မပေးသေးပါဘူး။

ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူကလည်း Bloomberg သတင်းဌာ ဖော်ပြချက်အပေါ်မှာ တစုံတရာမှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပေမယ့် တခြားအစိုးရ အရာရှိတွေနဲ့ နီးစပ်သူတွေကတော့ ရုရှားသမ္မတ တက်ရောက်ဖို့ စီစဉ်နေကြောင်း ပြောပါတယ်။

G 20 ထိပ်သီးအစည်းအဝေးကို အမေရိကန် သမ္မတ Joe Biden လည်း တက်ရောက်လိမ့်မယ်လို့ မျှော်လင့်ရပေမယ့် သူအနေနဲ့ တရုတ် သမ္မတ နဲ့ တွေ့ဖြစ်မယ် မတွေ့ဖြစ်ဘူးဆိုတာကိုတော့ အိမ်ဖြူတော်က ပြောဆိုခြင်းမရှိသေးပါဘူး။

ဒါပေမယ့်လည်း Wall Street Journal မှာ တော့ Xi နဲ့ Joe Biden သမ္မတ ၂ ဦး တွေ့ဆုံကြဖို့ တရုတ် တာဝန်ရှိသူတွေက စီစဉ်နေပြီလို ဖော်ပြထားပါတယ်။

XS
SM
MD
LG