သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားသမ္မတ အာရှပစိဖိတ် ၃ နိုင်ငံခရီး စတင်


အင်ဒိုနီးရှားသမ္မတ Joko Widodo (ဝဲ) နဲ့ တရုတ်သမ္မတ Xi Jinping တို့ ၂၀၁၉ ခု၊ G-20 ညီလာခံမှာ တွေ့ဆုံကြစဉ်။ (ဇွန် ၂၈၊ ၂၀၁၉ )  
အင်ဒိုနီးရှားသမ္မတ Joko Widodo (ဝဲ) နဲ့ တရုတ်သမ္မတ Xi Jinping တို့ ၂၀၁၉ ခု၊ G-20 ညီလာခံမှာ တွေ့ဆုံကြစဉ်။ (ဇွန် ၂၈၊ ၂၀၁၉ )  

[[Zawgyi/Unicode]]

အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုဟာ တရုတ်ပြည်ကို တနင်္လာနေ့က ထွက်ခွါသွားခဲ့ပါတယ်။ တင်းကျပ်တဲ့ ကိုဗစ် 19 သတ်မှတ်ချက်တွေအောက်မှာ တရုတ်ကို ရှားရှားပါးပါး လာရောက်တဲ့ နိုင်ငံခြားခေါင်းဆောင်တယောက် ဖြစ်ပါတယ်။

G 20 လို့ သိကြတဲ့ စီးပွါးရေးပမာဏ ကြီးမားတဲ့ နိုင်ငံ၂၀ ရဲ့ ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာလလယ်လောက်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့အတွက် သွားရောက်တာ ဖြစ်တယ်လို့ သမ္မတဝီဒိုဒိုရဲ့ခရီးကို ရှုမြင်ကြပါတယ်။ သမ္မတ ဝီဒိုဒိုဟာ တရုတ်သမ္မတ Xi Jinping (ရှီကျင်းပင်) နဲ့ ဝန်ကြီးချုပ် Li Keqiang ကို အင်္ဂါနေ့မှာ တွေ့ဆုံဖို့ရှိပါတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ ဂျပန်ကို သွားရောက်ပြီး ဝန်ကြီးချုပ် Fumio Kishida နဲ့ တွေ့ဆုံမှာဖြစ်သလို ကြာသပတေးနေ့မှာ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol နဲ့ ဆိုးလ်မြို့ မှာ တွေ့ဆုံမှာပါ။

တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ဟာ G 20 အဖွဲ့ဝင် နိုင်ငံတွေ ဖြစ်ကြပါတယ်။ G 20 အဖွဲ့မှာ နိုင်ငံ ၁၉ နိုင်ငံနဲ့ ဥရောပသမဂ္ဂတို့ ပါဝင်ကြပါတယ်။ ရုရှားကလည်း G 20 မှာ ပါဝင်ပါတယ်။

တကယ်လို့ တရုတ်သမ္မတ ရှီကျင်းပင်သာ G 20 အစည်းအဝေးကို တက်ရောက်မယ်ဆိုရင် ကိုဗစ်ကပ်ဘေး စဖြစ်ကတည်းကဆိုရင် အင်ဒိုနီးရှားဟာ သူ့ရဲ့ ပထမဆုံး နိုင်ငံခြားခရီး ဖြစ်လာမှာပါ။ ကိုဗစ်ကပ်ဘေးအတွင်း ရှီကျင်းပင်ဟာ နိုင်ငံတကာအစည်းအဝေးတွေကို အင်တာနက်ကနေပဲ တက်ရောက်တတ်ပါတယ်။ ကိုဗစ်မတိုင်မီ ရှီကျင်းပင် နောက်ဆုံးသွားခဲ့တဲ့နိုင်ငံကတော့ ၂၀၂၀ ဇန်နဝါရီလ ၂၀ မှာ ပြန်လာခဲ့တဲ့ မြန်မာနိုင်ငံဖြစ်ပါတယ်။ နောက် ၅ ရက်အကြာမှာ ဝူဟန်ကို ခရီးသွားလာခွင့် ကန့်သတ်ပိတ်ပင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]






XS
SM
MD
LG