သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တရုတ် သမ္မတ ၂ ဦး အွန်လိုင်းဆွေးနွေးပွဲ ကျင်းပရေး စီစဉ်


China US Poll
China US Poll

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမှာ ပြီးခဲ့တဲ့သီတင်းပတ်ထဲကျင်းပတဲ့ စက်မှုထိပ်သီးနိုင်ငံ ၂၀၊ G 20 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ အမေရိကန်နဲ့တရုတ်နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးခဲ့တဲ့နောက် အမေရိကန်နဲ့တရုတ် သမ္မတ တွေ ဂျူလိုင်နောက်ဆုံးပတ်လောက်မှာ အွန်လိုင်းဗွီဒီယိုကတဆင့် တွေ့ဆုံဆွေးနွေးနိုင်ဖို့ ၂ နိုင်ငံ စီစဉ်နေပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ စနေနေ့မှာ ၅ နာရီကြာတွေ့ဆုံပြီး ကိစ္စရပ်အတော်များများကို ဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဂျူလိုင်လ ၂၅ ရက်နေ့မှာ တွေ့ဆုံဖို့ တရုတ်တို့က အကြံပြုကြောင်း အစည်းအဝေးနဲ့ နီးစပ်တဲ့ သံတမန်သတင်းရင်းမြစ်တွေကပြောပါတယ်။

ယူကရိန်းကို ရုရှားတို့စစ်ဆင်နွှဲနေတဲ့ကိစ္စ၊ တိုင်ဝမ်အရေး ၊ လူ့အခွင့်အရေးကိစ္စရပ်တွေနဲ့ မြောက်ကိုရီးယားအရေးကိစ္စတွေကို နာရီနဲ့ချီဆွေးနွေးခဲ့ကြပြီးတဲ့နောက်မှာတော့ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးပဲ မိနစ်၂၀ ကြာ သီးသန့်တွေ့ဆုံမယ့် အစီအစဉ်တော့ ပျက်သွားခဲ့ပါတယ်။

သမ္မရှီ နဲ့သမ္မတ ဘိုင်ဒန်တို့ လာမယ့်သီတင်းပတ်တွေမှာ တွေ့ဆုံနိုင်မယ်လို့မေ ျှာ်လင့်ရကြောင်း နိုင်ငံခြားရေးဝန်ကြီး Blinken က ဘန်ကောက်မြို့သတင်းစာရှင်းလင်းပွဲမှာ ဗွီအိုအေကို ဖြေကြားသွားပါတယ်။ နိုဝင်ဘာလမှာ သမ္မတနှစ်ဦး လူကိုယ်တိုင်တွေ့ဆုံနိုင်မလားဆိုတဲ့ မေးမြန်းချက်ကိုတော့ အဲဒီအချိန်မှာ ဘာဖြစ်လာမလဲဆိုတာ သူ့အနေနဲ့ တပ်အပ်မပြောနိုင်ဘူးလို့လည်း ဖြေကြားသွားပါတယ်။

လာမယ့်နိုဝင်လာလ (၁၈-၁၉) နှစ်ရက်တာကျင်းပမယ့် အာရှပစိဖိတ် စီးပွါးရေးပူးပေါင်းဆောင်ရွက်မှုညီလာခံ (APEC) ကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမှာဖြစ်ပါတယ်။ နိုဝင်ဘာ (၁၅နဲ့ ၁၆) ရက်နေ့မှာကျင်းပမယ့် နိုင်ငံခေါင်းဆောင်တွေတက်ရောက်ကြမယ့် G-20 ညီလာခံကိုတော့ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Unicode






XS
SM
MD
LG