သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘဲလားရု(စ်) သမ္မတ တရုတ်ကိုသွားမည်


ARMENIA-CSTO/

{{Zawgyi/Unicode}}


ရုရှား သမ္မတ Vladimir Putin ရဲ့ အနီးကပ်ဆုံးမဟာမိတ်ဖြစ်တဲ့ Belarus နိုင်ငံ သမ္မတ Alexander Lukashenko ဟာ ဒီသီတင်းပတ်ထဲမှာ တရုတ်နိုင်ငံကို လာရောက်လိမ့်မယ်လို့ တရုတ်အစိုးရက ကြေညာပါတယ်။

Lukashenko အနေနဲ့ အင်္ဂါနေ့ကနေ ကြာသပတေးနေ့အထိ တရုတ်နိုင်ငံကို လာရောက်မှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောဆိုပေမယ့် အသေးစိတ်အစီအစဉ်တွေကိုတော့ ထုတ်ဖော်ခြင်းမရှိပါဘူး။ ယူကရိန်းစစ်ပွဲကျူးကျော်တဲ့ ရုရှားဘက်ကို စစ်ရေးအကူအညီတွေမပေးဖို့ တရုတ်ကို အမေရိကန်အစိုးရ ထိပ်တန်းအရာရှိတွေက သတိပေးပြီးနောက် အခုလို ခရီးစဉ်ပေါ်ပေါက်လာပါတယ်။

အမေရိကန်ထောက်လှမ်းရေးဌာန CIA ရဲ့ ညွှန်ကြားရေးမှူး William Burns က CBS သတင်းဌာနနဲ့ အစောပိုင်း တွေ့ဆုံမေးမြန်းခန်းမှာ တရုတ်အစိုးရခေါင်းဆောင်တွေဟာ စစ်လက်နက်တွေကို ရုရှားကို ထောက်ပံ့ဖို့ စဉ်းစားနေပြီလို့ မိမိတို့အနေနဲ့ယုံကြည်ရကြောင်း ပြောပါတယ်။ ဒါပေမယ့်လည်း အပြီးသတ်ဆုံးဖြတ်ချက်ကိုတော့ ချမှတ်ရသေးတဲ့ပုံ မရှိသေးဘူးလို့လည်း သူကပြောပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ကတော့ ရုရှားနဲ့ယူကရိန်းအကြား ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ဆောင်ကြဖို့ တရုတ်နိုင်ငံက အဆိုပြုချက်ထုတ်ပြန်ခဲ့ပါတယ်။

ဘဲလားရု(စ်) သမ္မတ တရုတ်ကိုသွားမည်.mp3
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

===================

{{Unicode}}

ဘဲလားရု(ဈ) သမ်မတ တရုတျကိုသှားမညျ




XS
SM
MD
LG