သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘဲလာ႐ုစ္နယ္စပ္ တင္းမာမႈအတြက္ ေနတိုးအဖဲြ႕အႀကီးအကဲ သတိေပး


ဘဲလာ႐ုစ္နယ္စပ္ တင္းမာမႈအတြက္ ေနတိုးအဖဲြ႕အႀကီးအကဲ သတိေပး

ဘဲလာ႐ုစ္နယ္စပ္ တင္းမာမႈအတြက္ ေနတိုးအဖဲြ႕အႀကီးအကဲ သတိေပး

{{Zawgyi/Unicode}}

ပိုလန္နဲ႔ ဘယ္လာ႐ုစ္ ၂ ႏိုင္ငံၾကား နယ္စပ္ေဒသ အေျခေနဟာ အထူးစိုးရိမ္စရာ ျဖစ္ေနသလို ေဒသတြင္း NATO မဟာမိတ္ႏိ္္ုင္ငံေတြအတြက္ အဖြဲ႔ႀကီးက အကူညီေပးဖို႔ အသင့္ရွိေနေၾကာင္း NATO အတြင္းေရးမႈးခ်ဳပ္ Jens Stoltenberg က ေသာၾကာေန႔မွာ ေျပာၾကားလိုက္ပါတယ္။

"ဘယ္လာ႐ုစ္နဲ႔ ပိုလန္ ၂ ႏိုင္ငံနယ္စပ္ေဒသက အေျခေနသာမက Lithuania နဲ႔ Latvia အေျခေနေတြကလည္း အထူးစိုးရိမ္ရတဲ့ အေနထားမွာ ရွိေနပါတယ္။ အာဏာရွင္ Lukashenko အစိုးရက တျခားႏိုင္ငံေတြကို ဖိအားေပးၿပီး ခံႏိုင္ရည္အားနည္းတဲ့ လူထုကို အသံုးခ် ေနတာဟာ ဘယ္သူ႔ကိုမွ ဂ႐ုမစိုက္တဲ့ လူမဆန္တဲ့ လုပ္ရပ္ျဖစ္ပါတယ္။ ထိခိုက္ခံစားေနရတဲ့ အဖြဲ႔ဝင္ႏိုင္ငံေတြန႔ဲအတူ NATO က တသားတည္း ရပ္တည္ေနၿပီး ကူညီေတြ ေပးသြားမွာ ျဖစ္ေၾကာင္း ေျပာသြားတာပါ။

အတြင္းေရးမႈးခ်ဳပ္ Stoltenberg ဟာ ဂ်ာမဏီႏိုင္ငံ ဘာလင္ၿမိဳ႕မွာ ဝန္ႀကီးခ်ဳပ္ Angela Merkel အျပင္ ဒီနယ္စပ္ျပႆနာနဲ႔ ရင္ဆိုင္ေနရတဲ့ NATO အဖြဲ႔ဝင္ႏိုင္ငံေတြနဲ႔ ေတြ႕ဆံုစဥ္မွာ အခုလို ေျပာၾကားလိုက္တာ ျဖစ္ပါတယ္

ဘယ္လာ႐ုစ္ သမၼတ Alexander Lukashenko အစိုးရဟာ အေရွ႕အလယ္ပိုင္းေဒသ၊ အာဖဂန္နစ္စတန္နဲ႔ အာဖရိက ေဒသက အမ်ားစုပါဝင္တဲ့ ေရႊ႕ေျပာင္းအေျခခ်သူေတြကို ဘယ္လာ႐ုစ္ကို လာဖို႔ ဖိတ္ေခၚၿပီး အီးယူ ဥေရာပသမဂၢႏိုင္ငံေတြကို သြားဖို႔ ပိုလန္နယ္စပ္ကို တြန္းလႊတ္ေနတယ္လို႔ ပိုလန္ကေရာ အီးယူကပါ စြပ္စြဲေနတာပါ။ ဘယ္လာ႐ုစ္ကေတာ့ ဒါဟာ မဟုတ္မွန္ဘူးလို႔ ျငင္းဆိုပါတယ္။

မၾကာခင္ ရက္ပိုင္းအတြင္းမွာပဲ နယ္စပ္ကိုေက်ာ္ျဖတ္ဖို႔ ႀကိဳးစားတဲ့ ေရႊ႕ေျပာင္းအေျခခ်သူေတြနဲ႔ ပိုလန္ရဲေတြၾကား အဓိက႐ုန္းေတြ အႀကိမ္မ်ားစြာ ျဖစ္ပြါးခဲ့တာပါ။ ပိုလန္နယ္စပ္ ဘယ္လာ႐ုစ္ဘက္မွာ အေျခခ်သူ ၁၂ ၀၀၀ ေက်ာ္ေလာက္ စခန္းခ်ေနတယ္လို႔ ပိုလန္ရဲေတြက ေျပာပါတယ္။

.......................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ပိုလန်နဲ့ ဘယ်လာရုစ် ၂ နိုင်ငံကြား နယ်စပ်ဒေသ အခြေနေဟာ အထူးစိုးရိမ်စရာ ဖြစ်နေသလို ဒေသတွင်း NATO မဟာမိတ်နိ်ုင်ငံတွေအတွက် အဖွဲ့ကြီးက အကူညီပေးဖို့ အသင့်ရှိနေကြောင်း NATO အတွင်းရေးမှုးချုပ် Jens Stoltenberg က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။

"ဘယ်လာရုစ်နဲ့ ပိုလန် ၂ နိုင်ငံနယ်စပ်ဒေသက အခြေနေသာမက Lithuania နဲ့ Latvia အခြေနေတွေကလည်း အထူးစိုးရိမ်ရတဲ့ အနေထားမှာ ရှိနေပါတယ်။ အာဏာရှင် Lukashenko အစိုးရက တခြားနိုင်ငံတွေကို ဖိအားပေးပြီးခံနိုင်ရည်အားနည်းတဲ့ လူထုကို အသုံးချ နေတာဟာ ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ လူမဆန်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ထိခိုက်ခံစားနေရတဲ့ အဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ NATO က တသားတည်း ရပ်တည်နေပြီး ကူညီတွေ ပေးသွားမှာ ဖြစ်ကြောင်း ပြောသွားတာပါ။

အတွင်းရေးမှုးချုပ် Stoltenberg ဟာ ဂျာမဏီနိုင်ငံ ဘာလင်မြို့မှာ ဝန်ကြီးချုပ် Angela Merkel အပြင် ဒီနယ်စပ်ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ NATOအဖွဲ့ဝင်နိုင်ငံတွေနဲ့ တွေ့ဆုံစဉ်မှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်

ဘယ်လာရုစ် သမ္မတ Alexander Lukashenko အစိုးရဟာ အရှေ့အလယ်ပိုင်းဒေသ၊ အာဖဂန်နစ်စတန်နဲ့ အာဖရိက ဒေသက အများစုပါဝင်တဲ့ ရွှေ့ပြောင်းအခြေချသူတွေကို ဘယ်လာရုစ်ကို လာဖို့ ဖိတ်ခေါ်ပြီး အီးယူ ဥရောပသမဂ္ဂနိုင်ငံတွေကို သွားဖို့ ပိုလန်နယ်စပ်ကို တွန်းလွှတ်နေတယ်လို့ ပိုလန်ကရော အီးယူကပါ စွပ်စွဲနေတာပါ။ ဘယ်လာရုစ်ကတော့ ဒါဟာ မဟုတ်မှန်ဘူးလို့ ငြင်းဆိုပါတယ်။

မကြာခင် ရက်ပိုင်းအတွင်းမှာပဲ နယ်စပ်ကိုကျော်ဖြတ်ဖို့ ကြိုးစားတဲ့ ရွှေ့ပြောင်းအခြေချသူတွေနဲ့ ပိုလန်ရဲတွေကြား အဓိကရုန်းတွေ အကြိမ်များစွာ ဖြစ်ပွါးခဲ့တာပါ။ ပိုလန်နယ်စပ် ဘယ်လာရုစ်ဘက်မှာ အခြေချသူ ၁၂ ၀၀၀ ကျော်လောက် စခန်းချနေတယ်လို့ ပိုလန်ရဲတွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG