သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်စစ်တပ် ပြိုကွဲမှုအတွက် အာဖဂန်အစိုးရကို NATO ခေါင်းဆောင်ဝေဖန်


(Zawgyi/ Unicode)

အာဖဂန်စစ်တပ် မြန်မြန်ဆန်ဆန် ပြိုကွဲသွားရတာဟာ အာဖဂန်အစိုးရ ခေါင်းဆောင်တွေမှာ တာဝန်ရှိကြောင်း မြောက်အတ္တလန်တိတ်စာချုပ် နေတိုး တပ်ဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg က ပြစ်တင်ဝေဖန်လိုက်ပါတယ်။

နေတိုးမဟာမိတ်တပ်ဖွဲ့အနေနဲ့ စစ်သင်တန်းတွေပေးတဲ့အခါမှာ ဘယ်လိုလုပ်သင့်တယ်ဆိုတာ အခုဖြစ်ရပ်ကနေ သင်ခန်းစာယူသင့်တယ်လို့လည်း အင်္ဂါနေ့ကပဲ ပြောဆိုလိုက်ပါတယ်။

အာဖဂန်ခေါင်းဆောင်တွေရဲ့ အားနည်းချက်ကြောင့် လက်ရှိတွေ့မြင်နေရတဲ့ ကြေကွဲစရာ အခြေအနေမျိုး ရောက်ခဲ့ရတာလို့လည်း ပြောပါတယ်။ ၂၀၀၃ ခုနှစ်က တာလီဘန်တွေကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ ရုရှားနိုင်ငံကတော့ တာလီဘန်အစိုးရသစ်ကို ချက်ချင်း အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။

ဒါအပြင် အာဖဂန်နိုင်ငံရေးမှာ ပါဝင်တဲ့ အုပ်စုအားလုံး ညှိနှိုင်းဆွေးနွေးကြဖို့လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrovက တိုက်တွန်းလိုက်ပါတယ်။

တူရကီနိုင်ငံကတော့ တာလီဘန်တွေနဲ့ တခြားသက်ဆိုင်သူ အင်အားစုတွေကြား ညှိနှိုင်းပေးနေကြောင်း နိုင်ငံခြားရေးဝန်ကြီးက အင်္ဂါနေ့မှာပဲ ပြောဆိုထားပြီး၊ လတ်တလောအချိန်အထိ တာလီဘန်တွေရဲ့ ပြောကြားချက်တွေအပေါ် အပြုသဘောရှုမြင်ကြောင်း ပြောဆိုခဲ့တာပါ။

တရုတ်နိုင်ငံကလည်း အဖဂန်နစ္စတန်နိုင်ငံမှာ အလယ်အလတ် နဲ့ တည်ငြိမ်တဲ့ ဘာသာရေး မူဝါဒတွေအတိုင်းကျင့်သုံးဖို့၊ သက်ဆိုင်သူတွေအားလုံးနဲ့ ဆွေးနွေးညှိနှိုင်းဖို့ တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)






XS
SM
MD
LG