သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်စစ်တက္ကသိုလ် တိုက်ခိုက်ခံရမှု ၁၁ဦး သေဆုံး


အာဖဂန်စစ်တက္ကသိုလ်တိုက်ခိုက်ခံရ
အာဖဂန်စစ်တက္ကသိုလ်တိုက်ခိုက်ခံရ

အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ကာဘူးလ်က စစ်တက္ကသိုလ် တခုမှာ ဒီကနေ့ တနလာၤနေ့ မနက်ပိုင်း တိုက်ခိုက်ခံရမှု အတွင်း အာဖဂန် အမျိုးသား စစ်တပ်က တပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရ ရှိခဲ့ပါတယ်။

စစ်တက္ကသိုလ်ကို လုံခြုံရေးယူထားတဲ့ စစ်တပ် တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်တက္ကသိုလ်ကို မဟုတ်ဘူးလို့ ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ Dawlat Waziri က ပြောပါတယ်။ Marshal Fahim အမျိုးသား ကာကွယ်ရေး တက္ကသိုလ် အနီးမှာ မိုးလင်းပြီးချိန်ထိ ဆက်ပြီး တိုက်ခိုက်ခဲ့ကြတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

အသေခံ ဗုံးခွဲသမား ၅ ဦးက တိုက်ခိုက်ခဲ့ကြတာလို့ ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။ ပထမ ၂ ဦးက အဝင်ပေါက်မှာ အသေခံ ဖောက်ခွဲလိုက်ပြီး ကျန်သုံးဦးတို့က အထဲကို ဝင်ဖို့ ကြိုးပမ်းခဲ့ကြတာမှာ ဒီထဲက နှစ်ဦးကို အာဖဂန် အမျိုးသားတပ်က ပစ်သတ်လိုက်ပြီး တဦးကိုတော့ အသေခံဗုံးနဲ့ အတူ ဖမ်းမိခဲ့ပါတယ်။

တိုက်ခိုက်မှုကို သူတို့လုပ်တာဖြစ်ကြောင်း အစ္စလာမ္မစ် အစွန်းရောက် အဖွဲ့ IS သူတို့ရဲ့ Amaq သတင်းအေဂျင်စီကနေ ပြောဆိုထားပါတယ်။ ကာဘူးလ်မြို့တော်မှာ ရဲတပ်ဖွဲ့ဝင် အများအပြား အပါအဝင် လူပေါင်း ၁ ရာကျော် သေဆုံးခဲ့ရတဲ့ ပြီးခဲ့တဲ့ ပြီးခဲ့တဲ့ သတင်းပတ်ကုန်ပိုင်း တိုက်ခိုက်ခံရမှုကြီး အပြီး ရက်ပိုင်း အတွင်း ဒီကနေ့ ထပ်ပြီး တိုက်ခိုက်ခံရတာပါ။

စနေနေ့က ဗုံးခွဲတိုက်ခိုက်ခံရမှုကြီး အတွက် မနေ့ တနင်္ဂနွေနေ့က ကြေကွဲဝမ်းနည်းဖွယ်နေ့ အဖြစ် သတ်မှတ်ခဲ့ပြီး ဒီကနေ့ကိုလည်း အားလပ်ရက် အဖြစ် သမ္မတ Ashraf Ghani က ကြေညာထားတာပါ။ မနက်ဖြန် အင်္ဂါနေ့မှာတော့ သေဆုံးခဲ့ကြရသူတွေ အတွက် နိုင်ငံတဝန်း ဝတ်ပြုဆုတောင်းပွဲ ကျင်းပကြဖို့လည်း စီစဉ်ထားပါတယ်။ ဒီကနေ့ တိုက်ခိုက်ခံရမှုဟာဆိုရင် အင်ဒိုနီးရှား သမ္မတ Joko Widodo ကာဘူးလ်းမြို့တော်ကို ရောက်ရှိနေချိန်နဲ့လည်း တိုက်ဆိုင်နေတာ ဖြစ်ပါတယ်။

အာဖဂန်စစ်တက္ကသိုလ် တိုက်ခိုက်ခံရမှု ၁၁ဦး သေဆုံး
please wait

No media source currently available

0:00 0:01:37 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG