သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် ခရစ်ယာန် ဘုရားကျောင်း အသေခံဗုံးခွဲမှု ၇၈ ဦးသေဆုံး


ပါကစ္စတန်နိုင်ငံက နှစ် ၁၃၀ သက်တမ်းရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းအပြင်ဘက်မှာ အစားအသောက် ပေးလှူနေချိန် အသေခံဗုံးခွဲတိုက်ခိုက်ချိန် မြင်ကွင်း။(စက်တင်ဘာ ၂၂၊ ၂၀၁၃)
ပါကစ္စတန်နိုင်ငံက နှစ် ၁၃၀ သက်တမ်းရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းအပြင်ဘက်မှာ အစားအသောက် ပေးလှူနေချိန် အသေခံဗုံးခွဲတိုက်ခိုက်ချိန် မြင်ကွင်း။(စက်တင်ဘာ ၂၂၊ ၂၀၁၃)
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ သမိုင်းဝင် Church ခရစ်ယာန် ဘုရားကျောင်းအပြင်မှာ အသေခံ ဗုံးခွဲ သမား ၂ ယောက်ရဲ့ ပြိုင်တူ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ၇၈ ယောက်ထက်မနည်းသေဆုံးခဲ့ပါတယ်။ ဒါဟာ နှစ် အတော်ကြာအတွင်း ပါကစ္စတန်ရဲ့ ခရစ်ယာန်လူနည်းစုတွေကို အသေအပျောက်အများဆုံးဖြစ်အောင် တိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။

ဒဏ်ရာရသူ ၁၂၀ အနက် အတော်များများဟာ စိုးရိမ်ရတဲ့အနေအထားမှာ ရှိတယ်လို့ Peshawar မြို့ဆေးရုံ အုပ်က ပြောပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ Church ရဲ့ အပြင်မှာ လုံခြုံရေး တာဝန်ယူထားသူ မူဆလင် ရဲအရာရှိ ၂ ဦး လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

သက်တမ်း အနှစ် ၁၃၀ ရှိပြီဖြစ်တဲ့ All Saints Church ဘုရားကျောင်းမှာ ဝတ်တက်လာသူ ၆၀၀ အထိရှိပြီး အပြင်ဘက်မြက်ခင်းပြင်မှာ အစားအသောက် အလှူပွဲအတွက် တန်းစီနေစဉ် အသေခံဗုံးခွဲသူတွေက တိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှု သူတို့ရဲ့ လက်ချက်ပါလို့ ပါကစ္စတန်-တာလီဗန်တွေက ကြေညာ ပါတယ်။ ပါကစ္စတန်ရဲ့ ဝေးလံ ခေါင်သီတဲ့ တိုင်းရင်းတောင်တန်းဒေသကို အမေရိကန်က အဝေးထိန်းမောင်းသူမဲ့ ဒုံးလက်နက်တွေနဲ့ တိုက်ခိုက်တာ မရပ်မချင်း မူဆလင်မဟုတ်သူတွေကို ပစ်မှတ်ထားပြီး ဆက်လက် တိုက်ခိုက်သွားမယ်လို့လည်း တာလီဗန် ကြုံးဝါးနေကြပါတယ်။

မောင်းသူမဲ့ အဝေးထိန်းဒုံးလက်နက်နဲ့ နောက်ဆုံးတိုက်ခိုက်တာဟာ တနင်္ဂနွေနေ့က ဝါဇီရီစတန်မြောက်ပိုင်းရှိ အိမ်ဝင်း ၂ ခုကို ဖြစ်ပြီး စစ်သွေးကြွလို့ မသင်္ကာသူ ၆ ယောက်ကို သုတ်သင်နိုင်ခဲ့တယ်လို့ ပါကစ္စတန် ထောက်လှမ်းရေး အရာရှိတွေက ပြောပါတယ်။
XS
SM
MD
LG