သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘဂ္ဂဒက်မြို့ အသေခံဗုံးခွဲမှု ၁၃ဦးထက်မနည်း သေဆုံး


ဘဂ္ဂဒက်မြို့ အသေခံဗုံးခွဲမှု ၁၃ဦးထက်မနည်း သေဆုံး
ဘဂ္ဂဒက်မြို့ အသေခံဗုံးခွဲမှု ၁၃ဦးထက်မနည်း သေဆုံး

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်မှာ အသေခံ ဗုံးခွဲတိုက်ခိုက်မှု တခု အတွင်း အနည်းဆုံး ၁၃ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာ ရရှိတယ်လို့ အီရတ် အာဏာပိုင်တို့က ပြောပါတယ်။

အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့က သူတို့ တိုက်ခိုက်တာလို့ ပြောဆိုထားပါတယ်။ ရှီအာ မူဆလင်တွေ အများစု နေထိုင်ရာ ရပ်ကွက်တခုက လူစည်ကားရာ ဈေးအဝင်မှာ အသေခံ ကားဗုံးခွဲသမားက အသေခံ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဘဂ္ဂဒက် မြို့တော်တွင်း တခြား နေရာ တခုမှာလည်း အသေခံ ဗုံးခွဲတိုက်ခိုက်ခံရပြီး အနည်းဆုံး ၇ ဦး သေဆုံးခဲ့ပါတယ်။ လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးခဲ့ရတဲ့ ပြီးခဲ့တဲ့ သတင်းပတ် အတွင်း ဗုံးခွဲ တိုက်ခိုက်မှုတွေကို သူတို့ လုပ်ခဲ့တာလို့ IS အဖွဲ့က ပြောဆိုထားပါတယ်။

Sadr မြို့မှာ ပြီးခဲ့တဲ့ သတင်းပတ်တုန်းက အသေခံ ဗုံးခွဲ တိုက်ခိုက်ခံရမှု အတွင်း အနည်းဆုံး လူ ၃၀ သေဆုံးပါတယ်။ အီရတ်နိုင်ငံ မြောက်ပိုင်း မိုလ်ဆူးလ်းမြို့တွင်းကနေ အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့ကို အီရတ် တပ်ဖွဲ့တွေက အပြင်းအထန် ထိုးစစ်ဆင်တိုကခိုက်နေချိန်မှာ အခုလို အသေခံ ဗုံးခွဲ တိုက်ခိုက်မှုတွေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက မိုလ်ဆူးလ်မြို့ကို စပြီး ထိုးစစ်ဆင်ခဲ့ပြီးနောက် အီရတ် ပြည်သူ ၁ သိန်း ၂ သောင်းခွဲတို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ဖြစ်တယ်လို့လည်း ကုလ သမဂ္ဂက ပြောဆိုထားပါတယ်။ မိုလ်ဆူးလ်း မြို့ထဲမှာတော့ IS တိုက်ခိုက်ရေး သမား ၃ ထောင်ကနေ ၅ ထောင်လောက် အထိ ရှိနိုင်တယ်လို့ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG