သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘဂ္ဂဒက်မြို့ ဗုံးကွဲမှု လူ ၇၀ ခန့်သေဆုံး


ဘဂ္ဂဒက်မြို့ ဗုံးကွဲမှု လူ ၇၀ ခန့်သေဆုံး
ဘဂ္ဂဒက်မြို့ ဗုံးကွဲမှု လူ ၇၀ ခန့်သေဆုံး

အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်တဝှန်းမှာ မနေ့က ဗုံးတွေအများအပြားပေါက်ကွဲခဲ့လို့ သေဆုံးခဲ့တဲ့သူ ၆၉ ဦးထက်မနည်း ရှိတယ်လို့ အီရတ်အရာရှိတွေက ပြောပါတယ်။

ပေါက်ကွဲမှုတွေကြောင့် ဒဏ်ရာရသူတွေလည်း ၁၈၀ ကျော်ရှိပါတယ်။ ကားဗုံး၊ လမ်းဘေးထောင်ဗုံးနဲ့ တခြားထောင်ဗုံးတွေ ပေါက်ကွဲခဲ့တာကြောင့် ဒီလအတွင်းမှာ အပြင်းထန်ဆုံး ပေါက်ကွဲမှုတွေဖြစ်ပါတယ်။ အမေရိကန်တပ်ဖွဲ့ဝင်တွေ အီရတ်ကနေ နောက်ဆုံးထွက်ခွာခဲ့ကြပြီး ရက်ပိုင်းအတွင်းမှာပဲ အခုလို ဗုံးကွဲမှုတွေဖြစ်လာတာပါ။ အခုလို ဗုံးခွဲတိုက်ခိုက်တာဟာ နိုင်ငံရေး သဘာဝအရ ပစ်မှတ်တွေထားပြီး အချိန်ကိုက်လုပ်ဆောင်လာတာသေချာတယ်လို့ အီရတ်ဝန်ကြီးချုပ် နူရီအယ်လ်မာလီခီက ပြောပါတယ်။ အမေရိကန်တပ်ဖွဲ့တွေ မရှိတဲ့နောက်ပိုင်း အကြမ်းဘက်မှုတွေ အီရတ်နိုင်ငံအတွင်း မြင့်မားလာမှာကို အီရတ်ပြည်သူတွေက စိုးရိမ်နေခဲ့ကြတာလို့ ဘဂ္ဂဒက် အလ်ဟူးရား ရုပ်မြင်သံကြားမှာ အလုပ် လုပ်တဲ့ ပုဂ္ဂိုလ်တဦးက VOA ကိုပြောပါတယ်။

အီရတ်က ဗုံးကွဲမှုတွေနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုကတော့ အပြစ်တင်ရှုတ်ချပါတယ်။ အခုလိုအကြမ်းဘက်တိုက်ခိုက်မှုတွေက အီရတ်ရဲ့တိုးတက်မှုတွေ ဆက်ပြီးဖြစ်လာမယ့်အရေးအတွက် လမ်းလွဲသွားအောင်လုပ်နေတာလို့ အမေရိကန်သမ္မတအိမ်ဖြူတော်ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG