သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ် ဗလီအတွင်း အသေခံ ဗုံးခွဲ


အီရတ် ဗလီအတွင်း အသေခံ ဗုံးခွဲ
အီရတ် ဗလီအတွင်း အသေခံ ဗုံးခွဲ

အီရတ်နိုင်ငံ ဘဂ္ဂဒက် (Baghdad) မြို့တော်က အကြီးဆုံး ဆူနီဗလီတခုမှာ ရာမန်ဒန် ဥပုသ်လအတွက် အထူးဝတ်ပြု ဆုတောင်းမှုတွေ ကျင်းပနေချိန် ဗလီထဲမှာ အသေခံ ဗုံးခွဲသမားတဦးက သူ့ဘာသာသူ ဖောက်ခွဲပစ်ခဲ့တာကြောင့် လူ ၂၈ ဦး သေဆုံးပြီး တခြား ၃၇ ဦး ဒဏ်ရာရရှိသွားပါတယ်။

ဖောက်ခွဲမှုက ဘဂ္ဂဒက်မြို့တော်မှာရှိတဲ့ ခေါင်းမိုးခုံးအပြာနဲ့ Um al-Qura ဗလီမှာ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တာလို့ ပြည်ထဲရေး ဝန်ကြီးဌာန အရာရှိတွေက ပြောကြပါတယ်။

နိုင်ငံအနောက်ပိုင်း အန်ဘာ (Anbar) ပြည်နယ်က ဆူနီအမတ်တဦးဖြစ်တဲ့ မစ္စတာ ခါလစ် အယ်လ် ဖာဒါဝီ (Mr. Khalid al-Fahdawi) လည်း သေဆုံးသူတွေထဲ ပါသွားတယ်လို့ ပြည်ထဲရေး အရာရှိတွေက ပြောတာပါ။

ရာမန်ဒန် ဥပုသ်လကုန်ဖို့ ရက်ပိုင်းအလိုမှာပဲ အခုလို တိုက်ခိုက်မှု ဖြစ်ပွားတာဖြစ်ပြီး ဘယ်သူကမှ ဒီတိုက်ခိုက်မှုကို သူတို့လုပ်တာလို့ ပြောမလာသေးပါဘူး။ တနေ့တည်းပဲ နောက်ထပ် တိုက်ခိုက်မှု တခုကြောင့်လည်း လူ ၄ ဦးမက သေဆုံးသွားရပါတယ်။

အီရတ်နိုင်ငံမှာ အကြမ်းဖက်မှုတွေက ၂၀၀၆ နဲ့ ၂၀၀၇ ခုနှစ်တွေမှာ အဆိုးဆုံးဖြစ်ပြီး အခုထိတော့ တိုက်ခိုက်မှုတွေ အဖြစ်များနေဆဲပါပဲ။ အမေရိကန်တပ်တွေ ဒီနှစ်ကုန်မှာ အီရတ်က ရုပ်သိမ်းသွားတဲ့အခါ လုံခြုံရေးအတွက် အီရတ်တို့ သေချာ တာဝန်ယူနိုင်ပါ့မလား ဆိုတာကို ပူပန်ကြောင်း အမေရိကန်နဲ့ အီရတ် အရာရှိတွေက ပြောနေကြပါတယ်။

XS
SM
MD
LG