သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန်လက်ချက်နဲ့ အာဖဂန်စစ်သား ၂၆ ဦးသေဆုံး


အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ကန်ဒါဟာ ပြည်နယ်မှာ တာလီဘန်တို့ရဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး စစ်သား ၂၆ ဦး သေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာရတယ်လို့ အာဖဂန် တာဝန်ရှိသူတွေက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ အတည်ပြု ပြောဆိုပါတယ်။

Khakrez ခရိုင်တွင်းက အာဖဂန် စစ်တပ်ရဲ့ အခြေစိုက် စခန်းတခုကို ပစ်မှတ်ထားပြီး ညအချိန်မတော် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ Dawlat Waziri ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နောက်ဆက်တွဲ တိုက်ခိုက်မှု အတွင်း တာလီဘန် တိုက်ခိုက်ရေးသမား ၈၀ လောက် ထိခိုက် သေဆုံးခဲ့တယ်လို့လည်း ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။ သူပုန်တွေကို တိုက်ထုတ်နေတဲ့ မြေပြင်တပ်ဖွဲ့တွေကို လေကြောင်းကနေ စစ်ကူတိုက်ပေးနေသလို ဒဏ်ရာရထားတဲ့ စစ်သားတွေကိုလည်း စစ်တပ် ရဟတ်ယာဉ်တွေနဲ့ အနီးအနားက ဆေးရုံတွေကို ပို့ဆောင်ပေးနေတယ်လို့ လေတပ်ရဲ့ ဒေသဆိုင်ရာ တပ်မှူးတွေက ပြောပါတယ်။

တာလီဘန် ပြောခွင့်ရ တဦးကတော့ အာဖဂန် စစ်သား ၇၄ ဦးကို ချေမှုန်းခဲ့ပြီး ၆ ဦးကို ဖမ်းဆီးရမိထားကြောင်းနဲ့ စစ်စခန်းကို သိမ်းပိုက်ခဲ့ကြောင်း ပြောပါတယ်။ ဒါပေမယ့် နှစ်ဘက် စလုံးရဲ့ ပြောဆိုချက်တွေကို သီးခြား အတည်ပြုနိုင်တဲ့ အခြေအနေတော့ မရှိပါဘူး။

တာလီဘန်လက်ချက်နဲ့ အာဖဂန်စစ်သား ၂၆ ဦးသေဆုံး
please wait

No media source currently available

0:00 0:00:52 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG