သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်လေဆိပ် တိုက်ခိုက်မှုအပေါ် ကုလနဲ့ နေတိုး အပြင်းအထန်ရှုတ်ချ 


A screen grab shows people carrying an injured person to a hospital after an attack at Kabul's airport, in Kabul, Afghanistan Aug. 26, 2021. An Islamic State offshoot claimed responsibility for deadly suicide attacks outside the airport.
A screen grab shows people carrying an injured person to a hospital after an attack at Kabul's airport, in Kabul, Afghanistan Aug. 26, 2021. An Islamic State offshoot claimed responsibility for deadly suicide attacks outside the airport.

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တော်က လေဆိပ်အပြင်ဖက်မှာ လူအများအပြား ထိခိုက်သေကြေခဲ့တဲ့ တိုက်ခိုက်မှုအပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကရှုတ်ချလိုက်ပါတယ်။ အာဖဂနစ္စတန်နိုင်ငံကို မကြာသေးခင်က တာလီဘန်တွေ သိမ်းပိုက်လိုက်တာကြောင့် နိုင်ငံကနေ ထွက်ခွာဖို့ ကြိုးပမ်းနေကြတဲ့ လူပေါင်းထောင်ချီရှိရာ လေဆိပ်မှာ တိုက်ခိုက်မှုဟာ သူရဲဘောကြောင်တဲ့ အကြမ်းဖက်လုပ်ရပ် အဖြစ်နဲ့လည်း ကုလသမဂ္ဂ အကြီးအကဲက ပြောဆိုခဲ့တာပါ။

တိုက်ခိုက်မှုကြောင့် လူ ၁၃ ယောက်ထက်မနည်း သေဆုံးကြောင်း တာလီဘန်အဖွဲ့နဲ့ ရုရှားတာဝန်ရှိသူတွေ ပြောဆိုထားကြပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံက လက်ရှိအခြေအနေဟာ အတိမ်းအစောင်းမခံဘူးဆိုတာ အခုဖြစ်ရပ်က ထင်ဟပ်နေသလို၊ နိုင်ငံအဝန်းက အာဖဂန်ပြည်သူတွေအတွက် အရေးပေါ် အကူအညီတွေ ဆက်လက် ပံ့ပိုးနေတဲ့ နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေကိုလည်း ပိုမိုခိုင်မာလာစေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောကြားချက်ကိုလည်း နယူးယောက် ကုလသမဂ္ဂရုံးချုပ်က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရ Stéphane Dujarric ကပြောဆိုခဲ့ပါတယ်။ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ (NATO) အတွင်းရေးမှူးချုပ် Jens Stoltenberg ကလည်း ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို အပြင်းအထန်ရှုတ်ချကြောင်း Twitter လူမှုကွန်ရက်ကနေ ပြောဆိုလိုက်ပါတယ်။

NATO မဟာမိတ် အဖွဲ့အနေနဲ့ တတ်နိုင်သလောက် အမြန်ဆုံး လူတွေကို ဘေးလွတ်ရာ ကယ်ထုတ်ဖို့ ရည်ရွယ်ထားကြောင်းလည်း ပြောဆိုခဲ့တာပါ။ တာလီဘန်အဖွဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ Suhail Shaheen ကလည်း အကျည်းတန်တဲ့ လုပ်ရပ်အပေါ် အပြင်းအထန် ရှုတ်ချကြောင်း ပြောဆိုလိုက်ပြီး၊ ကျုးလွန်သူတွေကို တရားမျှတမှုရှိရှိ အရေးယူနိုင်အောင် ကြိုးပမ်းမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ တိုက်ခိုက်မှုအတွက် ဘယ်သူကမှ တာဝန်ခံပြောဆိုတာ မရှိသေးပေမဲ့ အမေရိကန်ကတော့ IS အစ္စလာမ်အစွန်းရောက်အုပ်စု လက်ချက်ဖြစ်မယ်လို့ ယူဆထားပါတယ်။

------------------------





XS
SM
MD
LG