႐ုရွားတို႔ရဲ႕ ဆက္တိုက္ အျပင္းအထန္ ထိုးစစ္ဆင္ တိုက္ခံေနရတဲ့ ယူကရိန္းႏိ္ုင္ငံ အေရွ႕ပိုင္းက Bakhmut ၿမိဳ႕ကေန ယူကရိန္းတပ္ဖြဲ႔ေတြ ဆုတ္ခြာေပးရမယ့္အလားအလာ ရွိတယ္လို႔ ယူကရိန္းသမၼတရဲ႕အၾကံေပးက ဒီကေန႔ မတ္လ ၁ ရက္ေန႔မွာ ေျပာလိုက္ပါတယ္။ ႐ုရွားတို႔ဘက္က ဒီၿမိဳ႕ကို သိမ္းပိုက္ႏိုင္ဖို႔ ေတာက္ေလွ်ာက္ႀကိဳးစားေနတာကို ယူကရိန္းတပ္ေတြဘက္က ခုခ်ိန္ထိ အျပင္းအထန္ ခုခံကာကြယ္ထားတာျဖစ္ပါတယ္။ ျဖစ္ႏိုင္ေျခရွိတဲ့ နည္းလမ္းအားလံုးကို ယူကရိန္းစစ္တပ္ဘက္က ထည့္သြင္းစဥ္းစားထားၿပီး တကယ္လို႔ လိုအပ္လာရင္ေတာ့ ဗ်ဴဟာက်က် တပ္ေတြဆုတ္ခြာရပါလိမ့္မယ္လို႔ သမၼတ Volodymyr Zelenskyy ရဲ႕ စီးပြားေရးအၾကံေပး Alexander Rodnyansky က CNN ႐ုပ္သံသတင္းဌာနကို ေျပာခဲ့တာပါ။ ယူကရိန္းတပ္ဖဲြ႕ဝင္ေတြကို အလဟႆ အသက္ဆံုးမခံႏိုင္ဘူးလို႔ သူက ေျပာပါတယ္။
Donetsk ေဒသမွာရွိတဲ့ ဒီ Bakhmut ၿမိဳ႕ကို သိမ္းပိုက္ႏိုင္ဖို႔ ႐ုရွားတို႔က လနဲ႔ခ်ီၿပီး အေျမာက္ေတြနဲ႔ ပစ္ခတ္ထိုးစစ္ဆင္ေနေပမယ့္ ယူကရိန္းတပ္ဖြဲ႔ေတြဘက္က ေတာင့္ခံၿပီး ျပန္လည္တိုက္ခိုက္ႏိုင္ေနတာေၾကာင့္ ဒီတိုက္ပြဲမွာ ႐ုရွားတပ္ဖြဲ႔ေတြ အႀကီးအက်ယ္ အထိနာေနပါတယ္။
Bakhmut တိုက္ပြဲမွာ ႐ုရွားသမၼတ Vladimir Putin နဲ႔ နီးစပ္တဲ့ သန္းႂကြယ္သူေဌးတဦး တည္ေထာင္ထားတဲ့ ေၾကးစား Wagner တပ္ဖြဲ႔က အေကာင္းဆုံးတပ္သားေတြကိုသုံးၿပီး တိုက္ခိုက္ေနေၾကာင္း Alexander Rodnyansky က ေျပာပါတယ္။ မၾကာေသးခင္က ဒ႐ုန္းကေန ႐ိုက္ကူးထားတဲ့ ႐ုပ္ပုံေတြအရ Bakhmut ၿမိဳ႕ဟာ လုံး၀ပ်က္စီးသေလာက္ျဖစ္ေနၿပီး သမၼတ Zelenskyy ကလည္း ၿမိဳ႕ဟာ ဖ်က္ဆီးခံလိုက္ရၿပီလို႔ ေျပာထားပါတယ္။
ယူကရိန္းမွာ ရရွားတို႔ရဲ႕ လုပ္ရပ္ကို ေလ့လာဖို႔ ICC ႏိုင္ငံတကာရာဇ၀တ္ခုံ႐ုံးရဲ႕ ထိပ္တန္း တရားစြဲဆိုေရးမွဴး Karim Khan ယူကရိန္းႏိုင္ငံကို ေဖေဖာ္ဝါရီ ၂၈ ရက္ အဂၤါေန႔က သမၼတ Zelenskyy နဲ႔ေတြ႕ဆံုခဲ့ပါတယ္။ ယူကရိန္းစစ္ပြဲမွာ က်ဴးလြန္ခဲ့တဲ့ ႐ုရွား ရာဇ၀တ္မႈေတြအတြက္ ICC အေနနဲ႔ သမိုင္း၀င္ အခန္းက႑ကေနပါ၀င္ လုပ္ေဆာင္ေပးႏိုင္လိမ့္မယ္လို႔ သူကေျပာပါတယ္။
[Unicode]
Bakhmut ကနေ ယူကရိန်းတပ်ဆုတ်ရနိုင်ခြေရှိနေ
ရုရှားတို့ရဲ့ ဆက်တိုက် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခံနေရတဲ့ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက Bakhmut မြို့ကနေ ယူကရိန်းတပ်ဖွဲ့တွေ ဆုတ်ခွာပေးရမယ့်အလားအလာ ရှိတယ်လို့ ယူကရိန်းသမ္မတရဲ့အကြံပေးက ဒီကနေ့ မတ်လ ၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ရုရှားတို့ဘက်က ဒီမြို့ကို သိမ်းပိုက်နိုင်ဖို့ တောက်လျှောက်ကြိုးစားနေတာကို ယူကရိန်းတပ်တွေဘက်က ခုချိန်ထိ အပြင်းအထန် ခုခံကာကွယ်ထားတာဖြစ်ပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းအားလုံးကို ယူကရိန်းစစ်တပ်ဘက်က ထည့်သွင်းစဉ်းစားထားပြီး တကယ်လို့ လိုအပ်လာရင်တော့ ဗျူဟာကျကျ တပ်တွေဆုတ်ခွာရပါလိမ့်မယ်လို့ သမ္မတ Volodymyr Zelenskyy ရဲ့ စီးပွားရေးအကြံပေး Alexander Rodnyansky က CNN ရုပ်သံသတင်းဌာနကို ပြောခဲ့တာပါ။ ယူကရိန်းတပ်ဖွဲ့ဝင်တွေကို အလဟဿ အသက်ဆုံးမခံနိုင်ဘူးလို့ သူက ပြောပါတယ်။
Donetsk ဒေသမှာရှိတဲ့ ဒီ Bakhmut မြို့ကို သိမ်းပိုက်နိုင်ဖို့ ရုရှားတို့က လနဲ့ချီပြီး အမြောက်တွေနဲ့ ပစ်ခတ်ထိုးစစ်ဆင်နေပေမယ့် ယူကရိန်းတပ်ဖွဲ့တွေဘက်က တောင့်ခံပြီး ပြန်လည်တိုက်ခိုက်နိုင်နေတာကြောင့် ဒီတိုက်ပွဲမှာ ရုရှားတပ်ဖွဲ့တွေ အကြီးအကျယ် အထိနာနေပါတယ်။
Bakhmut တိုက်ပွဲမှာ ရုရှားသမ္မတ Vladimir Putin နဲ့ နီးစပ်တဲ့ သန်းကြွယ်သူဌေးတဦး တည်ထောင်ထားတဲ့ ကြေးစား Wagner တပ်ဖွဲ့က အကောင်းဆုံးတပ်သားတွေကိုသုံးပြီး တိုက်ခိုက်နေကြောင်း Alexander Rodnyansky က ပြောပါတယ်။ မကြာသေးခင်က ဒရုန်းကနေ ရိုက်ကူးထားတဲ့ ရုပ်ပုံတွေအရ Bakhmut မြို့ဟာ လုံးဝပျက်စီးသလောက်ဖြစ်နေပြီး သမ္မတ Zelenskyy ကလည်း မြို့ဟာ ဖျက်ဆီးခံလိုက်ရပြီလို့ ပြောထားပါတယ်။
ယူကရိန်းမှာ ရရှားတို့ရဲ့ လုပ်ရပ်ကို လေ့လာဖို့ ICC နိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ ထိပ်တန်း တရားစွဲဆိုရေးမှူး Karim Khan ယူကရိန်းနိုင်ငံကို ဖေဖော်ဝါရီ ၂၈ ရက် အင်္ဂါနေ့က သမ္မတ Zelenskyy နဲ့တွေ့ဆုံခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲမှာ ကျူးလွန်ခဲ့တဲ့ ရုရှား ရာဇဝတ်မှုတွေအတွက် ICC အနေနဲ့ သမိုင်းဝင် အခန်းကဏ္ဍကနေပါဝင် လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ သူကပြောပါတယ်။