သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းမဟာမိတ္ေတြ ႐ုရွားက်ဴးေက်ာ္မႈ တႏွစ္ျပည့္ အထိန္းမွတ္ က်င္းပ


Russia Ukraine War Global Reaction

=== [[ ZAWGYI ]] ===

ယူကရိန္းမဟာမိတ္ေတြ ႐ုရွားက်ဴးေက်ာ္မႈ တႏွစ္ျပည့္ အထိန္းမွတ္ က်င္းပ

႐ုရွက်ဴးေက်ာ္စစ္ ႏွစ္ပတ္လည္ေန႔မွာ ကမာၻတဝန္းက ယူကရိန္းရဲ႕ မဟာမိတ္ႏိုင္ငံေတြက အထင္ကရ အေဆာက္အဦးေတြမွာ မီးထြန္းညႇိတာ၊ မီးထြန္းဆုေတာင္းပြဲေတြ ျပဳလုပ္တာ စတဲ့ လႈပ္ရွားမႈေတြ ျပဳလုပ္ခဲ့ၾကသလို ႐ုရွားကို အေရးယူပိတ္ဆို႔မႈ အသစ္ေတြ ခ်မွတ္ဖို႔ ျပင္ဆင္ၾကၿပီး ယူကရိန္း အေပၚ စုေပါင္းေထာက္ခံမႈေတြ ျပသခဲ့ပါတယ္။

ျပင္သစ္က အီဖယ္လ္ (Eiffel) ေမွ်ာ္စင္ကို ယူကရိန္း အလံ အေရာင္ ျဖစ္တဲ့ အျပာနဲ႔ အဝါေရာင္ ေတြနဲ႔ ၾကာသပေတးေန႔ညက မီးထြန္းညႇိခဲ့သလို လန္ဒန္က မီးထြန္းဆုေတာင္းပြဲတခုမွာလည္း "လြတ္လပ္ျခင္းနဲ႔အတူ ရပ္တည္ရင္ ယူကရိန္းနဲ႔ အတူ ရပ္တည္ပါ" ဆိုတဲ့ ဆိုင္းဘုတ္ ကိုင္ေဆာင္ၿပီး ယူကရိန္းအေပၚ ေထာက္ခံ အားေပးခဲ့ၾကပါတယ္။

ၾသစေၾတးလ် ႏိုင္ငံ ဆစ္ဒနီ က အထင္ကရေနရ ေအာ္ပရာေဟာက္စ္ မွာလည္း ယူကရိန္း အလံ အေရာင္ေတြ ထြန္းညႇိခဲ့သလို အီတလီ က ဆီနိတ္ အေဆာက္အဦး အပါအဝင္ ဥေရာပတဝန္းက အီးယူ အဖြဲအစည္းဆိုင္ရာ ႐ုံးေတြမွာလည္း ယူကရိန္းအလံအေရာင္ေတြ မီးထြန္းခဲ့ပါတယ္။

အေမရိကန္အစိုးရကလည္း ႐ုရွားနဲ႔ သူ႔ မဟာမိတ္ေတြအေပၚ ပိတ္ဆို႔အေရးယူမႈ အသစ္ေတြ ခ်မွတ္ခဲ့ပါတယ္။ ေမာ္စကိုရဲ႕ စစ္အင္အားကို ေလ်ာ့ပါးေစဖို႔ ရည္႐ြယ္ၿပီး ပို႔ကုန္ထိန္းခ်ဳပ္မႈအသစ္နဲ႔ အခြန္စည္းၾကပ္မႈအသစ္ေတြကို ေၾကညာခဲ့ပါတယ္။ အလားတူ ၿဗိတိန္ကလည္း အေရးယူ ပိတ္ဆို႔မႈအသစ္ေတြ ထုတ္ျပန္ခဲ့ပါတယ္။

ဂ်ာမနီကလည္း အရင္က ႐ုရွအေပၚ က်င့္သုံးခဲ့တဲ့ “ကုန္သြယ္မႈကတဆင့္ ေျပာင္းလဲျခင္း” ဆိုတဲ့ ခ်ည္းကပ္မႈကို ပယ္ဖ်က္ခဲ့ၿပီး ယူကရိန္းကို လက္ႏွက္ေထာက္ပံ့တာေတြ လုပ္ခဲ့ပါတယ္။ ဂ်ာမနီဟာ ဥေရာပႏိုင္ငံေတြထဲက ယူကရိန္း ကို အမ်ားဆုံး လက္နက္ေထာက္ပံ့ေပးေနတဲ့ ႏိုင္ငံ အျဖစ္ ဆက္ရွိေနမယ္လို႔လည္း သမၼတ ဖရန္႔ ေဝၚလတာ စတိုင္မိုင္ယာက အာမခံခဲ့ၿပီး ဒီက်ဴးေက်ာ္စစ္ဟာ ကမာၻစစ္ႀကီး ႏွစ္ခုက ေပးခဲ့တဲ့ သင္ခန္းစာေတြကို ပ်က္ရယ္ျပဳလိုက္တာ ျဖစ္သလို ဒါဟာ ဂ်ာမနီက ယုံၾကည္၊ ရပ္တည္၊ ေထာက္ခံေနတဲ့ အရာအားလုံးကို ႐ုရွားက တိုက္ခိုက္ ထိုးႏွက္လိုက္တာ ျဖစ္တယ္လို႔လည္း ဆိုပါတယ္။

ဂ်ာမနီနဲ႔ ယူကရိန္းၾကားမွာ ရွိတဲ့ ပိုလန္မွာလည္း ဆႏၵျပသူေတြဟာ "႐ုရွားဟာ အၾကမ္းဖက္ႏိုင္ငံ" ဆိုၿပီး ေရးထားတဲ့ စာတန္းကို ကိုင္ေဆာင္ကာ ဝါေဆာၿမိဳ႕ေတာ္က ႐ုရွားသံ႐ုံးဝန္ထမ္း လူေနအိမ္အေဆာက္အအုံအျပင္ဘက္မွာ ဥၾသဆြဲ ဆႏၵျပခဲ့ၾကပါတယ္။

ဒါ့အျပင္ ပိုလန္၀န္ႀကီးခ်ဳပ္ကလည္း ကိယက္ဗ္ၿမိဳ႕ေတာ္ကို သြားေရာက္ခဲ့ၿပီး ယူကရိန္း၀န္ႀကီးခ်ဳပ္နဲ႔ အတူ တိုက္ပြဲမွာ က်ဆုံးခဲ့တဲ့ သူေတြအတြက္ လုပ္ထားတဲ့ ေအာက္ေမ့ဖြယ္ အထိမ္းအမွတ္ေနရာမွာ ပန္းမ်ားခ်ၿပီး ဂါရ၀ျပဳခဲ့ပါတယ္။

႐ုရွားနဲ႔ နီးကပ္တဲ့ ဆက္ဆံေရးရွိတဲ့ တ႐ုတ္ႏိုင္ငံကေတာ့ ေတြ႕ဆုံေဆြးေႏြးေရးနဲ႔ ေစ့စပ္ညႇိႏႈိင္းေရးကသာ အက်ပ္အတည္းကိုေျဖရွင္းႏိုင္တဲ့ တခုတည္းေသာ အလားအလာရွိတဲ့ နည္းလမ္းျဖစ္တယ္လို႔ ဆိုပါတယ္။ အခ်က္ ၁၂ ခ်က္ပါ အျပစ္အခတ္ရပ္စဲေရး စာတန္း တေစာင္ကိုလည္း တ႐ုတ္ႏိုင္ငံျခားေရးဌာနက ထုတ္ျပန္ထားပါတယ္။

႐ုရွားႏိုင္ငံမွာေတာ့ ယူကရိန္းစစ္ပြဲ ႏွစ္ပတ္လည္ေန႔ အထိမ္းအမွတ္အျဖစ္ ေသာၾကာေန႔မွာ လူသိထင္ရွား အခမ္အးနား က်င္းပတာမ်ိဳး မရွိေပမယ့္ ၾကာသပေတးေန႔တုန္းကေတာ့ ႏွစ္စဥ္ က်င္းပေလ့ရွိတဲ့ "အဖ ႏိုင္ငံေတာ္ကို ကာကြယ္သူမ်ား Defenders of the Fatherland" အားလပ္ရက္ အျဖစ္ မီးရႉးမီးပန္းမ်ား ပစ္လႊတ္ခဲ့ၿပီး ေပါ့ပ္ဂီတေဖ်ာ္ေျဖပြဲ က်င္းပခဲ့ပါတယ္။ အဲဒီ ႏွစ္ပတ္လည္ အခမ္းအနား မွာ ႐ုရွား သမၼတ ဗလာဒီမီယာ ပူတင္ က ႐ုရွား ႏိုင္ငံေတာ္ ရွင္သန္ေရးအတြက္ အေနာက္အုပ္စု ေပါင္းစပ္ အင္အားနဲ႔ စစ္ပြဲ ဆင္ႏြဲေနရတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ယူကရိန္းဘက္ကေတာ့ ႐ုရွားတပ္ေတြ ဆုတ္ခြာျခင္း မျပဳမခ်င္း၊ တခါ ႐ုရွားဘက္က အရပ္သားေတြကို ရည္႐ြယ္ခ်က္ရွိရွိ ပစ္မွတ္ထား တိုက္ခိုက္ေနတာဆိုတာကို ျငင္းဆိုေနသေ႐ြ႕ ၿငိမ္းခ်မ္းေရး မရႏိုင္လို႔ ‌စစ္ပြဲႏွစ္ပတ္လည္ အခ်ိန္မွာ ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=== {{ UNICODE }} ===

ယူကရိန်းမဟာမိတ်တွေ ရုရှားကျူးကျော်မှု တနှစ်ပြည့် အထိန်းမှတ် ကျင်းပ

ရုရှကျူးကျော်စစ် နှစ်ပတ်လည်နေ့မှာ ကမ္ဘာတဝန်းက ယူကရိန်းရဲ့ မဟာမိတ်နိုင်ငံတွေက အထင်ကရ အဆောက်အဦးတွေမှာ မီးထွန်းညှိတာ၊ မီးထွန်းဆုတောင်းပွဲတွေ ပြုလုပ်တာ စတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြသလို ရုရှားကို အရေးယူပိတ်ဆို့မှု အသစ်တွေ ချမှတ်ဖို့ ပြင်ဆင်ကြပြီး ယူကရိန်း အပေါ် စုပေါင်းထောက်ခံမှုတွေ ပြသခဲ့ပါတယ်။

ပြင်သစ်က အီဖယ်လ် (Eiffel) မျှော်စင်ကို ယူကရိန်း အလံ အရောင် ဖြစ်တဲ့ အပြာနဲ့ အဝါရောင် တွေနဲ့ ကြာသပတေးနေ့ညက မီးထွန်းညှိခဲ့သလို လန်ဒန်က မီးထွန်းဆုတောင်းပွဲတခုမှာလည်း "လွတ်လပ်ခြင်းနဲ့အတူ ရပ်တည်ရင် ယူကရိန်းနဲ့ အတူ ရပ်တည်ပါ" ဆိုတဲ့ ဆိုင်းဘုတ် ကိုင်ဆောင်ပြီး ယူကရိန်းအပေါ် ထောက်ခံ အားပေးခဲ့ကြပါတယ်။

သြစတြေးလျ နိုင်ငံ ဆစ်ဒနီ က အထင်ကရနေရ အော်ပရာဟောက်စ် မှာလည်း ယူကရိန်း အလံ အရောင်တွေ ထွန်းညှိခဲ့သလို အီတလီ က ဆီနိတ် အဆောက်အဦး အပါအဝင် ဥရောပတဝန်းက အီးယူ အဖွဲအစည်းဆိုင်ရာ ရုံးတွေမှာလည်း ယူကရိန်းအလံအရောင်တွေ မီးထွန်းခဲ့ပါတယ်။

အမေရိကန်အစိုးရကလည်း ရုရှားနဲ့ သူ့ မဟာမိတ်တွေအပေါ် ပိတ်ဆို့အရေးယူမှု အသစ်တွေ ချမှတ်ခဲ့ပါတယ်။ မော်စကိုရဲ့ စစ်အင်အားကို လျော့ပါးစေဖို့ ရည်ရွယ်ပြီး ပို့ကုန်ထိန်းချုပ်မှုအသစ်နဲ့ အခွန်စည်းကြပ်မှုအသစ်တွေကို ကြေညာခဲ့ပါတယ်။ အလားတူ ဗြိတိန်ကလည်း အရေးယူ ပိတ်ဆို့မှုအသစ်တွေ ထုတ်ပြန်ခဲ့ပါတယ်။

ဂျာမနီကလည်း အရင်က ရုရှအပေါ် ကျင့်သုံးခဲ့တဲ့ “ကုန်သွယ်မှုကတဆင့် ပြောင်းလဲခြင်း” ဆိုတဲ့ ချည်းကပ်မှုကို ပယ်ဖျက်ခဲ့ပြီး ယူကရိန်းကို လက်နှက်ထောက်ပံ့တာတွေ လုပ်ခဲ့ပါတယ်။ ဂျာမနီဟာ ဥရောပနိုင်ငံတွေထဲက ယူကရိန်း ကို အများဆုံး လက်နက်ထောက်ပံ့ပေးနေတဲ့ နိုင်ငံ အဖြစ် ဆက်ရှိနေမယ်လို့လည်း သမ္မတ ဖရန့် ဝေါ်လတာ စတိုင်မိုင်ယာက အာမခံခဲ့ပြီး ဒီကျူးကျော်စစ်ဟာ ကမ္ဘာစစ်ကြီး နှစ်ခုက ပေးခဲ့တဲ့ သင်ခန်းစာတွေကို ပျက်ရယ်ပြုလိုက်တာ ဖြစ်သလို ဒါဟာ ဂျာမနီက ယုံကြည်၊ ရပ်တည်၊ ထောက်ခံနေတဲ့ အရာအားလုံးကို ရုရှားက တိုက်ခိုက် ထိုးနှက်လိုက်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဂျာမနီနဲ့ ယူကရိန်းကြားမှာ ရှိတဲ့ ပိုလန်မှာလည်း ဆန္ဒပြသူတွေဟာ "ရုရှားဟာ အကြမ်းဖက်နိုင်ငံ" ဆိုပြီး ရေးထားတဲ့ စာတန်းကို ကိုင်ဆောင်ကာ ဝါဆောမြို့တော်က ရုရှားသံရုံးဝန်ထမ်း လူနေအိမ်အဆောက်အအုံအပြင်ဘက်မှာ ဥသြဆွဲ ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် ပိုလန်ဝန်ကြီးချုပ်ကလည်း ကိယက်ဗ်မြို့တော်ကို သွားရောက်ခဲ့ပြီး ယူကရိန်းဝန်ကြီးချုပ်နဲ့ အတူ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ သူတွေအတွက် လုပ်ထားတဲ့ အောက်မေ့ဖွယ် အထိမ်းအမှတ်နေရာမှာ ပန်းများချပြီး ဂါရဝပြုခဲ့ပါတယ်။

ရုရှားနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ တရုတ်နိုင်ငံကတော့ တွေ့ဆုံဆွေးနွေးရေးနဲ့ စေ့စပ်ညှိနှိုင်းရေးကသာ အကျပ်အတည်းကိုဖြေရှင်းနိုင်တဲ့ တခုတည်းသော အလားအလာရှိတဲ့ နည်းလမ်းဖြစ်တယ်လို့ ဆိုပါတယ်။ အချက် ၁၂ ချက်ပါ အပြစ်အခတ်ရပ်စဲရေး စာတန်း တစောင်ကိုလည်း တရုတ်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

ရုရှားနိုင်ငံမှာတော့ ယူကရိန်းစစ်ပွဲ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် သောကြာနေ့မှာ လူသိထင်ရှား အခမ်အးနား ကျင်းပတာမျိုး မရှိပေမယ့် ကြာသပတေးနေ့တုန်းကတော့ နှစ်စဉ် ကျင်းပလေ့ရှိတဲ့ "အဖ နိုင်ငံတော်ကို ကာကွယ်သူများ Defenders of the Fatherland" အားလပ်ရက် အဖြစ် မီးရှူးမီးပန်းများ ပစ်လွှတ်ခဲ့ပြီး ပေါ့ပ်ဂီတဖျော်ဖြေပွဲ ကျင်းပခဲ့ပါတယ်။ အဲဒီ နှစ်ပတ်လည် အခမ်းအနား မှာ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင် က ရုရှား နိုင်ငံတော် ရှင်သန်ရေးအတွက် အနောက်အုပ်စု ပေါင်းစပ် အင်အားနဲ့ စစ်ပွဲ ဆင်နွဲနေရတယ်လို့ ပြောကြားခဲ့ပါတယ်။

ယူကရိန်းဘက်ကတော့ ရုရှားတပ်တွေ ဆုတ်ခွာခြင်း မပြုမချင်း၊ တခါ ရုရှားဘက်က အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေတာဆိုတာကို ငြင်းဆိုနေသရွေ့ ငြိမ်းချမ်းရေး မရနိုင်လို့ ‌စစ်ပွဲနှစ်ပတ်လည် အချိန်မှာ ပြောဆိုထားပါတယ်။

XS
SM
MD
LG