=== [[ ZAWGYI ]] ===
G 20 ထိပ္သီးအစည္းေဝး စတင္
ယူကရိန္းစစ္ပြဲ ႏွစ္ပတ္လည္အခ်ိန္နဲ႔ တိုက္ဆိုင္ေနတဲ့ ကမာၻ႔စီးပြားေရးထိပ္သီး G-20 ႏိုင္ငံ ၂၀ ရဲ႕ ဘ႑ာေရးဝန္ႀကီးမ်ား အစည္းအေဝးမွာ စစ္ပြဲအေပၚ စီးပြားေရး အင္အားႀကီး ႏိုင္ငံေတြၾကားက ကြဲျပားမႈကိုလည္း ထုတ္ေဖာ္ျပသေနပါတယ္။ ဒီအစည္းအေဝးကို အိႏၵိယေတာင္ပိုင္းက ဘန္ဂါလူ႐ို Bengaluru မွာ ေသာၾကာေန႔က စတင္က်င္းပေနတာပါ။
အဖြင့္အစည္းအေဝးမွာ အေမရိကန္ဘ႑ာေရးဝန္ႀကီး Janet Yellen က "ယူကရိန္း အေပၚ ေထာက္ပံ့ေပးတာေတြကို ႏွစ္ဆတိုး လုပ္ေဆာင္ဖို႔ နဲ႔ ႐ုရွားရဲ႕ စစ္ေရး စြမ္းရည္ကို ကန႔္သတ္ဖို႔" G-20 ႏိုင္ငံေတြကို ေတာင္းဆိုခဲ့ပါတယ္။
ဒါ့အျပင္ ဒီအစည္းအေဝးကို ေရာက္ေနတဲ့ ႐ုရွကိုယ္စားလွယ္ေတြကိုလည္း ႐ုရွားအစိုးရအတြက္ ဆက္ အလုပ္လုပ္ေပးေနတာဟာ ႐ုရွားသမၼတ ဗလာဒီမီယာ ပူတင္ရဲ႕ ရက္စက္ၾကမ္းၾကဳတ္မႈေတြမွာ အလိုတူအလိုပါ ျဖစ္ေနတယ္ဆိုတာ နားလည္ဖို႔လိုတယ္လို႔ ဝန္ႀကီး Yellen က ေျပာပါတယ္။
႐ုရွားဖက္က ရိကၡာနဲ႔ ေလာင္စာစြမ္းအင္ကို အက်ပ္ကိုင္ၿပီး “လက္နက္သဖြယ္” အသုံးခ်ေနတာက ယူကရိန္းကို ဆိုးဆိုး႐ြား႐ြား ထိခိုက္ေစ႐ုံတင္သာမကဘဲ ကမာၻ႔စီးပြားေရးကိုပါ ထိခိုက္ေစတယ္လို႔ သူက ေထာက္ျပပါတယ္။
ဒါေပမယ့္ လက္ရွိမွာ G-20 ဥကၠ႒ တာဝန္ရယူထားတဲ့ အိႏၵိယႏိုင္ငံကေတာ့ ယူကရိန္းပဋိပကၡကို အစည္းအေဝးမွာ ထုတ္ေဖာ္ေျပာဆိုတာမ်ိဳး မရွိပဲ ခပ္ကင္းကင္း ေနခဲ့ပါတယ္။
အစည္းအေဝးပြဲမွာ ဗီဒီယိုမိန႔္ခြန္းေျပာခဲ့တဲ့ အိႏၵိယဝန္ႀကီးခ်ဳပ္ နရန္ျဒာမိုဒီက ကမာၻေပၚက အားအနည္းဆုံး၊ ထိခိုက္မႈအခံရဆုံးသူေတြအေရး အေလးေပးၾကဖို႔ စီးပြားထိပ္သီးႏိုင္ငံေတြကို တိုက္တြန္းခဲ့ပါတယ္။
ကိုဗစ္ကပ္ေရာဂါနဲ႔ ကမာၻ႔ေဒသအသီးသီးမွာ ပထဝီႏိုင္ငံေရးတင္းမာေနတာေတြက ႏိုင္ငံအမ်ားအျပားအတြက္ ေရရွည္မွာ ေတာင့္ခံႏိုင္ဖို႔ မလြယ္တဲ့ ေႂကြးမီျပႆနာ အဆင့္အထိ ဦးတည္ေစခဲ့သလို ေထာက္ပံ့ေရးလမ္းေၾကာင္းေတြ ျပတ္ေတာက္ေစၿပီး စားနပ္ရိကၡာနဲ႔ စြမ္းအင္လုံၿခဳံေရးကို ၿခိမ္းေျခာက္ေနတယ္လို႔လည္း ဝန္ႀကီးခ်ဳပ္ မိုဒီက ေထာက္ျပပါတယ္။
ႏိုင္ငံအသီးသီးက ကိုယ္စားလွယ္ေတြၾကား အခုလို သေဘာထားကြဲလြဲမႈေတြေၾကာင့္ စေနေန႔မွာ ထုတ္ျပန္ဖို႔ရွိတဲ့ ပူးတြဲေၾကညာခ်က္မွာ ကိုယ္စားလွယ္အားလုံး သေဘာတူညီမႈ ရရွိမလားဆိုတာေတာ့ အခုအထိ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။
အိမ္ရွင္ အိႏၵိယက ႐ုရွား-ယူကရိန္း က်ဴးေက်ာ္စစ္ကို “စစ္ပြဲ” ဟူေသာ စကားလုံးကို ေဖာ္ျပဖို႔ မလိုလားဘဲ အဲဒီအစား ပထဝီဝင္ ႏိုင္ငံေရးတင္းမာမႈ “အက်ပ္အတည္း” ဒါမွမဟုတ္ “စိန္ေခၚမႈ”လို႔ ၫႊန္းဆိုဖို႔သာ ဆႏၵရွိေနတယ္လို႔ ျပည္တြင္းမီဒီယာေတြမွာ ေဖာ္ျပၾကပါတယ္။
ဒါေပမဲ့ တဖက္မွာလည္း အေမရိကန္၊ ဂ်ာမနီနဲ႔ ၿဗိတိန္တို႔လို ႏိုင္ငံေတြက ႐ုရွားရဲ႕ က်ဴးေက်ာ္မႈကို ရွင္းရွင္းလင္းလင္း ေဖာ္ျပဖို႔ လိုအပ္ေၾကာင္း အေလးေပး ေျပာၾကားခဲ့ပါတယ္။
ႏွစ္ရက္ၾကာ ေဆြးေႏြးပြဲမွာ Covid 19 ကပ္ေရာဂါရဲ႕ အက်ိဳးသက္ေရာမႈ၊ ယူကရိန္းစစ္ပြဲေၾကာင့္ ျဖစ္လာတဲ့ အစားအေသာက္နဲ႔ ေလာင္စာဆီေဈးႏႈန္း ႀကီးျမင့္မႈေၾကာင့္ ဆင္းရဲတဲ့ႏိုင္ငံေတြအေပၚ ထိခိုက္လာမႈေတြနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးၾကဖို႔ ရွိပါတယ္။ ဒါ့အျပင္ ဝင္ေငြနည္းႏိုင္ငံေတြအတြက္ ေႂကြးၿမီသက္သာခြင့္ရဖို႔ အတြက္ ကမာၻ႔ဘဏ္လို အဖြဲ႕အစည္းေတြ ျပဳျပင္ေျပာင္းလဲေရး ကိစၥေတြ၊ ရာသီဥတုေျပာင္းလဲမႈနဲ႔ ဘ႑ာေရးဆိုင္ရာေတြမွာ အားလုံးပါဝင္ႏိုင္ေရး ကိစၥရပ္ေတြကိုလည္း အဓိကထား ေဆြးေႏြးဖို႔ ရွိပါတယ္။
=== {{ UNICODE }} ===
G 20 ထိပ်သီးအစည်းဝေး စတင်
ယူကရိန်းစစ်ပွဲ နှစ်ပတ်လည်အချိန်နဲ့ တိုက်ဆိုင်နေတဲ့ ကမ္ဘာ့စီးပွားရေးထိပ်သီး G-20 နိုင်ငံ ၂၀ ရဲ့ ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးမှာ စစ်ပွဲအပေါ် စီးပွားရေး အင်အားကြီး နိုင်ငံတွေကြားက ကွဲပြားမှုကိုလည်း ထုတ်ဖော်ပြသနေပါတယ်။ ဒီအစည်းအဝေးကို အိန္ဒိယတောင်ပိုင်းက ဘန်ဂါလူရို Bengaluru မှာ သောကြာနေ့က စတင်ကျင်းပနေတာပါ။
အဖွင့်အစည်းအဝေးမှာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen က "ယူကရိန်း အပေါ် ထောက်ပံ့ပေးတာတွေကို နှစ်ဆတိုး လုပ်ဆောင်ဖို့ နဲ့ ရုရှားရဲ့ စစ်ရေး စွမ်းရည်ကို ကန့်သတ်ဖို့" G-20 နိုင်ငံတွေကို တောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် ဒီအစည်းအဝေးကို ရောက်နေတဲ့ ရုရှကိုယ်စားလှယ်တွေကိုလည်း ရုရှားအစိုးရအတွက် ဆက် အလုပ်လုပ်ပေးနေတာဟာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေမှာ အလိုတူအလိုပါ ဖြစ်နေတယ်ဆိုတာ နားလည်ဖို့လိုတယ်လို့ ဝန်ကြီး Yellen က ပြောပါတယ်။
ရုရှားဖက်က ရိက္ခာနဲ့ လောင်စာစွမ်းအင်ကို အကျပ်ကိုင်ပြီး “လက်နက်သဖွယ်” အသုံးချနေတာက ယူကရိန်းကို ဆိုးဆိုးရွားရွား ထိခိုက်စေရုံတင်သာမကဘဲ ကမ္ဘာ့စီးပွားရေးကိုပါ ထိခိုက်စေတယ်လို့ သူက ထောက်ပြပါတယ်။
ဒါပေမယ့် လက်ရှိမှာ G-20 ဥက္ကဋ္ဌ တာဝန်ရယူထားတဲ့ အိန္ဒိယနိုင်ငံကတော့ ယူကရိန်းပဋိပက္ခကို အစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုတာမျိုး မရှိပဲ ခပ်ကင်းကင်း နေခဲ့ပါတယ်။
အစည်းအဝေးပွဲမှာ ဗီဒီယိုမိန့်ခွန်းပြောခဲ့တဲ့ အိန္ဒိယဝန်ကြီးချုပ် နရန်ဒြာမိုဒီက ကမ္ဘာပေါ်က အားအနည်းဆုံး၊ ထိခိုက်မှုအခံရဆုံးသူတွေအရေး အလေးပေးကြဖို့ စီးပွားထိပ်သီးနိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။
ကိုဗစ်ကပ်ရောဂါနဲ့ ကမ္ဘာ့ဒေသအသီးသီးမှာ ပထဝီနိုင်ငံရေးတင်းမာနေတာတွေက နိုင်ငံအများအပြားအတွက် ရေရှည်မှာ တောင့်ခံနိုင်ဖို့ မလွယ်တဲ့ ကြွေးမီပြဿနာ အဆင့်အထိ ဦးတည်စေခဲ့သလို ထောက်ပံ့ရေးလမ်းကြောင်းတွေ ပြတ်တောက်စေပြီး စားနပ်ရိက္ခာနဲ့ စွမ်းအင်လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့လည်း ဝန်ကြီးချုပ် မိုဒီက ထောက်ပြပါတယ်။
နိုင်ငံအသီးသီးက ကိုယ်စားလှယ်တွေကြား အခုလို သဘောထားကွဲလွဲမှုတွေကြောင့် စနေနေ့မှာ ထုတ်ပြန်ဖို့ရှိတဲ့ ပူးတွဲကြေညာချက်မှာ ကိုယ်စားလှယ်အားလုံး သဘောတူညီမှု ရရှိမလားဆိုတာတော့ အခုအထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အိမ်ရှင် အိန္ဒိယက ရုရှား-ယူကရိန်း ကျူးကျော်စစ်ကို “စစ်ပွဲ” ဟူသော စကားလုံးကို ဖော်ပြဖို့ မလိုလားဘဲ အဲဒီအစား ပထဝီဝင် နိုင်ငံရေးတင်းမာမှု “အကျပ်အတည်း” ဒါမှမဟုတ် “စိန်ခေါ်မှု”လို့ ညွှန်းဆိုဖို့သာ ဆန္ဒရှိနေတယ်လို့ ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။
ဒါပေမဲ့ တဖက်မှာလည်း အမေရိကန်၊ ဂျာမနီနဲ့ ဗြိတိန်တို့လို နိုင်ငံတွေက ရုရှားရဲ့ ကျူးကျော်မှုကို ရှင်းရှင်းလင်းလင်း ဖော်ပြဖို့ လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။
နှစ်ရက်ကြာ ဆွေးနွေးပွဲမှာ Covid 19 ကပ်ရောဂါရဲ့ အကျိုးသက်ရောမှု၊ ယူကရိန်းစစ်ပွဲကြောင့် ဖြစ်လာတဲ့ အစားအသောက်နဲ့ လောင်စာဆီဈေးနှုန်း ကြီးမြင့်မှုကြောင့် ဆင်းရဲတဲ့နိုင်ငံတွေအပေါ် ထိခိုက်လာမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြဖို့ ရှိပါတယ်။ ဒါ့အပြင် ဝင်ငွေနည်းနိုင်ငံတွေအတွက် ကြွေးမြီသက်သာခွင့်ရဖို့ အတွက် ကမ္ဘာ့ဘဏ်လို အဖွဲ့အစည်းတွေ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေ၊ ရာသီဥတုပြောင်းလဲမှုနဲ့ ဘဏ္ဍာရေးဆိုင်ရာတွေမှာ အားလုံးပါဝင်နိုင်ရေး ကိစ္စရပ်တွေကိုလည်း အဓိကထား ဆွေးနွေးဖို့ ရှိပါတယ်။