သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားအေပၚ ဒဏ္ခတ္ပိတ္ဆို႔မႈ ထိေရာက္လို႔ ကန္ဘ႑ာေရးဝန္ႀကီးေျပာ 


အိႏိၵယႏိုင္ငံ Bengaluru ၿမိဳ႕မွာက်င္းပေနတဲ့ G 20 ထိပ္သီးအစည္းအေဝးပြဲ သတင္းစာရွင္းလင္းပြဲတခုမွာ စကားေျပာေနတဲ့ အေမရိကန္ဘ႑ာေရးဝန္ႀကီး Janet Yellen (ေဖေဖာ္ဝါရီ ၂၃၊ ၂၀၂၃)

႐ုရွားႏိုင္ငံအေပၚ ခ်မွတ္ထားတဲ့ ဒဏ္ခတ္အေရးယူမႈေတြဟာ သိသာထင္ရွားတဲ့ ထိေရာက္မႈေတြရွိေနၿပီး ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္မႈဟာ မဟာဗ်ဴဟာေျမာက္ မွားယြင္းမႈျဖစ္တယ္လို႔ အေမရိကန္ဘ႑ာေရးဝန္ႀကီး Janet Yellen က ဒီကေန႔ ေဖေဖာ္ဝါရီ ၂၃ ရက္ေန႔မွာ ေျပာၾကားလိုက္ပါတယ္။

႐ုရွားရဲ႕ တခ်ိဳ႕ စီးပြားေရးက႑ေတြဟာ ေမွ်ာ္လင့္ထားတာထက္ ပိုၿပီးခံႏိုင္ရည္ရွိတာကို ေတြ႕ရေပမယ့္ သူျမင္သိရသေလာက္ ႐ုရွားအေပၚ ခ်မွတ္ထားတဲ့ ဒဏ္ခတ္အေရးယူမႈေတြဟာ အင္မတန္ ဆိုး႐ြားတဲ့ အက်ိဳးသက္ေရာက္မႈေတြ ရွိေနပါတယ္။ ႐ုရွားဟာ အခုခ်ိန္မွာ ႀကီးမားတဲ့ ဘတ္ဂ်က္လိုေငြျပမႈနဲ႔ ရင္ဆိုင္ေနရပါတယ္လို႔ G-20 စီးပြားဖြံ႕ၿဖိဳးတဲ့ ႏိုင္ငံ ၂၀ ရဲ႕ ထိပ္သီးစည္းေဝးပြဲက်င္းပမယ့္ အိႏၵိယႏိုင္ငံ Bengaluru ၿမိဳ႕ကို ေရာက္ေနတဲ့ ဝန္ႀကီး Yellen က ေျပာပါတယ္။

ႏိုင္ငံတကာရဲ႕ ဒဏ္ခတ္ပိတ္ဆို႔မႈေတြေၾကာင့္ စစ္လက္နက္အသစ္ေတြ ထုတ္လုပ္ႏိုင္ေရးအတြက္ ႐ုရွားဟာ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရေၾကာင္း၊ ဥပမာအားျဖင့္ ယူကရိန္းစစ္ပြဲအတြင္း ပ်က္ဆီးသြားတဲ့ တင့္ကား ၉ ေထာင္ေလာက္ကို ျပင္ဆင္ဖို႔ အခက္အခဲ ရွိေနေၾကာင္း ဝန္ႀကီး Yellen က သတင္းေထာက္ေတြကို ေထာက္ျပေျပာပါတယ္။

ယူကရိန္းစစ္ပြဲရဲ႕ ေနာက္ဆက္တြဲ အက်ိဳးဆက္အျဖစ္နဲ႔ ႐ုရွားႏိုင္ငံက သိပၸံပညာရွင္ေတြ၊ စြန႔္ဦးတီထြင္ စီးပြားေရးလုပ္ငန္းရွင္ေတြ ႏိုင္ငံကေန ထြက္ခြာသြားၾကသလို ႐ုရွားမွာရွိေနတဲ့ ႏိုင္ငံျခားက ရင္းႏွီးျမဳပ္ႏွံမႈေတြလည္း အလုံးအရင္းနဲ႔ ထြက္ခြာသြားၾကၿပီလို႔ ဝန္ႀကီး Yellen က ေျပာပါတယ္။

[Unicode]

ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ထိရောက်လို့ ကန်ဘဏ္ဍာရေးဝန်ကြီးပြော

ရုရှားနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေဟာ သိသာထင်ရှားတဲ့ ထိရောက်မှုတွေရှိနေပြီး ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုဟာ မဟာဗျူဟာမြောက် မှားယွင်းမှုဖြစ်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ရုရှားရဲ့ တချို့ စီးပွားရေးကဏ္ဍတွေဟာ မျှော်လင့်ထားတာထက် ပိုပြီးခံနိုင်ရည်ရှိတာကို တွေ့ရပေမယ့် သူမြင်သိရသလောက် ရုရှားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေဟာ အင်မတန် ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိနေပါတယ်။ ရုရှားဟာ အခုချိန်မှာ ကြီးမားတဲ့ ဘတ်ဂျက်လိုငွေပြမှုနဲ့ ရင်ဆိုင်နေရပါတယ်လို့ G-20 စီးပွားဖွံ့ဖြိုးတဲ့ နိုင်ငံ ၂၀ ရဲ့ ထိပ်သီးစည်းဝေးပွဲကျင်းပမယ့် အိန္ဒိယနိုင်ငံ Bengaluru မြို့ကို ရောက်နေတဲ့ ဝန်ကြီး Yellen က ပြောပါတယ်။

နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် စစ်လက်နက်အသစ်တွေ ထုတ်လုပ်နိုင်ရေးအတွက် ရုရှားဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရကြောင်း၊ ဥပမာအားဖြင့် ယူကရိန်းစစ်ပွဲအတွင်း ပျက်ဆီးသွားတဲ့ တင့်ကား ၉ ထောင်လောက်ကို ပြင်ဆင်ဖို့ အခက်အခဲ ရှိနေကြောင်း ဝန်ကြီး Yellen က သတင်းထောက်တွေကို ထောက်ပြပြောပါတယ်။

ယူကရိန်းစစ်ပွဲရဲ့ နောက်ဆက်တွဲ အကျိုးဆက်အဖြစ်နဲ့ ရုရှားနိုင်ငံက သိပ္ပံပညာရှင်တွေ၊ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်တွေ နိုင်ငံကနေ ထွက်ခွာသွားကြသလို ရုရှားမှာရှိနေတဲ့ နိုင်ငံခြားက ရင်းနှီးမြုပ်နှံမှုတွေလည်း အလုံးအရင်းနဲ့ ထွက်ခွာသွားကြပြီလို့ ဝန်ကြီး Yellen က ပြောပါတယ်။

XS
SM
MD
LG