ယူကရိန္းကို အကူအညီ ေဒၚလာ ၂ ဘီလီယံေက်ာ္ ကန္ ထပ္ေပးမည္
႐ုရွားရဲ႕ ယူကရိန္း က်ဴးေက်ာ္စစ္ တႏွစ္ျပည့္ၿပီးခ်ိန္မွာ ယူကရိန္းရဲ႕ ႐ုရွားကို ခုခံတြန္းလွန္ေရးအတြက္ အေမရိကန္ စစ္ဌာနခ်ဳပ္ Pentagon က ေဒၚလာ ၂ ဘီလ်ံေက်ာ္ စစ္ေရးေထာက္ပံ့မႈ ထပ္ေပးမယ့္အေၾကာင္း အေမရိကန္သမၼတ အိမ္ျဖဴေတာ္က ေသာၾကာေန႔မွာ ေၾကညာပါတယ္။
အခု အကူအညီေပးမယ့္ အထဲမွာေတာ့ HIMARS ဒုံးက်ည္စနစ္အတြက္ က်ည္ေတြ ထပ္ေပးမွာျဖစ္သလို ၁၅၅ မမ အေျမာက္က်ည္ေတြ၊ ေလဆာနဲ႔ ထိန္းေက်ာင္းတဲ့ ဒုံးက်ည္ စနစ္ေတြအတြက္ က်ည္ေတြနဲ႔ ေလ့က်င့္သင္တန္းေပးေရး၊ လက္နက္မ်ား ထိန္းသိမ္း ျပဳျပင္ေရးတို႔အတြက္ ရန္ပုံေငြလည္း ပါဝင္မွာ ျဖစ္ပါတယ္။ ယူကရိန္းဟာ ႐ုရွားအတြက္ ေအာင္ပြဲ ဘယ္ေတာ့မွ မျဖစ္ေစရဘူးဆိုတဲ့ ကတိကဝတ္ကိုလည္း အေမရိကန္သမၼတ Joe Biden က ထပ္ေလာင္း ေျပာဆိုထားတာပါ။
အင္ပါယာႀကီး တခု ျပန္လည္ထူေထာင္လိုတဲ့ အာဏာရွင္တေယာက္ရဲ႕ စိတ္အားထက္သန္မႈဟာ လူထုရဲ႕ လြတ္လပ္မႈကို ျမတ္ႏိုးမႈကို ဘယ္ေတာ့မွ ေခ်ဖ်က္ႏိုင္မွာ မဟုတ္ပါဘူး။ လြတ္လပ္လိုစိတ္ကို ရက္စက္ၾကမ္းၾကဳတ္မႈေတြနဲ႔ ဘယ္ေတာ့မွ ေခ်ဖ်က္လို႔ မရပါဘူးလို႔လည္း သမၼတ Biden က ေျပာဆိုထားတာပါ။
ယူကရိန္းရဲ႕ အေျခခံအေဆာက္အအုံေတြကို ကူညီေထာက္ပံ့ေရး အေမရိကန္က ပိုင္းျဖတ္ထားတယ္လို႔လည္း ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ေျပာပါတယ္။ အေမရိကန္ ႏိုင္ငံျခားေရးဌာနဟာ အေမရိကန္ ႏိုင္ငံတကာ ဖြံ႕ၿဖိဳးေရးဌာန၊ အေမရိကန္ ဘ႑ာေရးဌာနတို႔နဲ႔ ပူးေပါင္းကာ ေဒၚလာ ၁၀ ဘီလ်ံ ကူညီမွာျဖစ္ၿပီး ဒီအထဲမွာ ယူကရိန္းကို ဘ႑ာေရး ပံ့ပိုးမႈအျပင္ ႐ုရွားရဲ႕ တိုက္ခိုက္မႈ ဒဏ္ခံေနရတဲ့ ယူကရိန္း ျပည္သူေတြအတြက္ စြမ္းအင္ဆိုင္ရာ ေထာက္ပံ့ေရးလည္း ပါဝင္ပါတယ္။
႐ုရွားကို ခုခံကာကြယ္ေနရတဲ့ ယူကရိန္းအတြက္ ဒီ ရန္ပုံေငြေတြက အေရးႀကီးသလို၊ က်န္းမာေရး ေစာင့္ေရွာက္မႈ၊ ပညာေရးနဲ႔ အေရးေပၚ ဝန္ေဆာင္မႈ အပါအဝင္ ျပည္သူေတြရဲ႕လိုအပ္ခ်က္ေတြကို ယူကရိန္းအစိုးရ ဆက္လက္ ေဆာင္႐ြက္သြားႏိုင္ဖို႔ ျဖစ္ေၾကာင္းလည္း အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီးက ေျပာပါတယ္။
=== {{ UNICODE }} ===
ယူကရိန်းကို အကူအညီ ဒေါ်လာ ၂ ဘီလီယံကျော် ကန် ထပ်ပေးမည်
ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ် တနှစ်ပြည့်ပြီးချိန်မှာ ယူကရိန်းရဲ့ ရုရှားကို ခုခံတွန်းလှန်ရေးအတွက် အမေရိကန် စစ်ဌာနချုပ် Pentagon က ဒေါ်လာ ၂ ဘီလျံကျော် စစ်ရေးထောက်ပံ့မှု ထပ်ပေးမယ့်အကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်က သောကြာနေ့မှာ ကြေညာပါတယ်။
အခု အကူအညီပေးမယ့် အထဲမှာတော့ HIMARS ဒုံးကျည်စနစ်အတွက် ကျည်တွေ ထပ်ပေးမှာဖြစ်သလို ၁၅၅ မမ အမြောက်ကျည်တွေ၊ လေဆာနဲ့ ထိန်းကျောင်းတဲ့ ဒုံးကျည် စနစ်တွေအတွက် ကျည်တွေနဲ့ လေ့ကျင့်သင်တန်းပေးရေး၊ လက်နက်များ ထိန်းသိမ်း ပြုပြင်ရေးတို့အတွက် ရန်ပုံငွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ယူကရိန်းဟာ ရုရှားအတွက် အောင်ပွဲ ဘယ်တော့မှ မဖြစ်စေရဘူးဆိုတဲ့ ကတိကဝတ်ကိုလည်း အမေရိကန်သမ္မတ Joe Biden က ထပ်လောင်း ပြောဆိုထားတာပါ။
အင်ပါယာကြီး တခု ပြန်လည်ထူထောင်လိုတဲ့ အာဏာရှင်တယောက်ရဲ့ စိတ်အားထက်သန်မှုဟာ လူထုရဲ့ လွတ်လပ်မှုကို မြတ်နိုးမှုကို ဘယ်တော့မှ ချေဖျက်နိုင်မှာ မဟုတ်ပါဘူး။ လွတ်လပ်လိုစိတ်ကို ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ဘယ်တော့မှ ချေဖျက်လို့ မရပါဘူးလို့လည်း သမ္မတ Biden က ပြောဆိုထားတာပါ။
ယူကရိန်းရဲ့ အခြေခံအဆောက်အအုံတွေကို ကူညီထောက်ပံ့ရေး အမေရိကန်က ပိုင်းဖြတ်ထားတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာနဟာ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန၊ အမေရိကန် ဘဏ္ဍာရေးဌာနတို့နဲ့ ပူးပေါင်းကာ ဒေါ်လာ ၁၀ ဘီလျံ ကူညီမှာဖြစ်ပြီး ဒီအထဲမှာ ယူကရိန်းကို ဘဏ္ဍာရေး ပံ့ပိုးမှုအပြင် ရုရှားရဲ့ တိုက်ခိုက်မှု ဒဏ်ခံနေရတဲ့ ယူကရိန်း ပြည်သူတွေအတွက် စွမ်းအင်ဆိုင်ရာ ထောက်ပံ့ရေးလည်း ပါဝင်ပါတယ်။
ရုရှားကို ခုခံကာကွယ်နေရတဲ့ ယူကရိန်းအတွက် ဒီ ရန်ပုံငွေတွေက အရေးကြီးသလို၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးနဲ့ အရေးပေါ် ဝန်ဆောင်မှု အပါအဝင် ပြည်သူတွေရဲ့လိုအပ်ချက်တွေကို ယူကရိန်းအစိုးရ ဆက်လက် ဆောင်ရွက်သွားနိုင်ဖို့ ဖြစ်ကြောင်းလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။