ယူကရိန္းကို ႐ုရွားတို႔ က်ဴးေက်ာ္စစ္တိုက္ခဲ့တာ ၁ ႏွစ္ျပည့္တဲ့ ဒီေန႔ ေသာၾကာေန႔မွာ က်ဆံုး၊ ေသဆံုးခဲ့သူေတြအတြက္ အထိမ္းအမွတ္ေအာက္ေမ့ပြဲကို ယူကရိန္းႏိုင္ငံ Kyiv ၿမိဳ႕ေတာ္မွာ အခမ္းအနား က်င္းပခဲ့ပါတယ္။ စစ္ပြဲဒဏ္ကို တႏွစ္လံုး ၾကံ႕ၾကံ႕ခံႏိုင္ခဲ့တဲ့ ယူကရိန္းႏိုင္ငံအေနနဲ႔ နက္ျဖန္ဘာျဖစ္မယ္ဆိုတာမသိေပမယ့္ ဆက္လက္တိုက္ပြဲဝင္သြားဖို႔လိုအပ္တယ္လို႔ သမၼတ Volodymyr Zelenskyy က မိန္႔ခြန္းစကားေျပာၾကားခဲ့ပါတယ္။ ၂၀၂၃ မွာ ေအာင္ပြဲရေအာင္ လုပ္သြားမယ္လို႔ တႏိုင္ငံလံုးကို တိုက္႐ိုက္ထုတ္လႊင့္ျပသတဲ့ မိန္႔ခြန္းထဲမွာ သူက ကတိေပးေျပာသြားခဲ့ပါတယ္။
“႐ုရွား လူသတ္သမားေတြ ျပစ္ဒဏ္မခံရမခ်င္း ကြၽန္ေတာ္တို႔ ဘယ္ေတာ့မွ နားလိမ့္မယ္ မဟုတ္ပါဘူး။ ႏိုင္ငံတကာ ခုံ႐ုံးရဲ႕ ျပစ္ဒဏ္၊ ဘုရားသခင္ ရဲ႕ စီရင္ခ်က္၊ ကြၽန္ေတာ္တို႔ တိုက္ပြဲဝင္သူေတြရဲ႕ စီရင္ခ်က္ကို ႐ုရွားတို႔ မခံမရမခ်င္း ဆက္လက္တိုက္ပြဲဝင္သြားမွာျဖစ္ပါတယ္လို႔ သမၼတ Volodymyr Zelenskyy က မိန္႔ခြန္းေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။ ႐ုရွားကို အေရးယူႏိုင္မယ္၊ ယူကရိန္းအႏိုင္ရမယ္ဆိုတဲ့ အေပၚ သူ႔အေနနဲ႔ သံသယ လံုးဝမရွိဘူးလို႔လည္း ယူကရိန္းသမၼတက ေျပာၾကားသြားခဲ့ပါတယ္။
စစ္ပြဲႏွစ္ပါတ္လည္အခမ္းအနားမွာ ႐ုရွားကို ခုခံ တိုက္ပြဲဝင္ေနၾကတဲ့ စစ္သားေတြကိုလည္း သမၼတ Zelenskyy ဟာ ဆုတံဆိပ္ေတြ ခ်ီးျမႇင့္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလထဲကစလို႔ တစ္ႏွစ္လုံး ခုခံတိုက္ပြဲဝင္ခဲ့ၾကသူတိုင္းကို သမၼတ Zelenskyy က ေက်းဇူးတင္ေၾကာင္း အဲဒီ အခမ္းအနား မွာ ေျပာခဲ့ပါတယ္။ ခု စစ္ပြဲေၾကာင့္ အသက္ေပးသြားၾကသူအားလုံးကိုလည္း အမွတ္ရေအာက္ေမ့ေၾကာင္းလည္း သမၼတ Zelenskyy က ေျပာၾကားခဲ့ပါတယ္။ ႐ုရွားက်ဴးေက်ာ္စစ္ေၾကာင့္ စစ္ဒဏ္ခံရသူ ယူကရိန္းျပည္သူေတြဘက္က ရပ္တည္တယ္ဆိုတာ ျပသတဲ့အေနနဲ႔ အထိမ္းအမွတ္အခမ္းအနားေတြကို ၿဗိတိန္၊ ျပင္သစ္၊ ဂ်ာမနီအပါအဝင္ ဥေရာပႏိုင္ငံတခ်ဳိ႕မွာ က်င္းပခဲ့ၾကပါတယ္။
[Unicode]
စစ်ပွဲအနိုင်ရအောင်တိုက်သွားဖို့ သမ္မတ Zelenskyy ကတိပြု
ယူကရိန်းကို ရုရှားတို့ ကျူးကျော်စစ်တိုက်ခဲ့တာ ၁ နှစ်ပြည့်တဲ့ ဒီနေ့ သောကြာနေ့မှာ ကျဆုံး၊ သေဆုံးခဲ့သူတွေအတွက် အထိမ်းအမှတ်အောက်မေ့ပွဲကို ယူကရိန်းနိုင်ငံ Kyiv မြို့တော်မှာ အခမ်းအနား ကျင်းပခဲ့ပါတယ်။ စစ်ပွဲဒဏ်ကို တနှစ်လုံး ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ ယူကရိန်းနိုင်ငံအနေနဲ့ နက်ဖြန်ဘာဖြစ်မယ်ဆိုတာမသိပေမယ့် ဆက်လက်တိုက်ပွဲဝင်သွားဖို့လိုအပ်တယ်လို့ သမ္မတ Volodymyr Zelenskyy က မိန့်ခွန်းစကားပြောကြားခဲ့ပါတယ်။ ၂၀၂၃ မှာ အောင်ပွဲရအောင် လုပ်သွားမယ်လို့ တနိုင်ငံလုံးကို တိုက်ရိုက်ထုတ်လွှင့်ပြသတဲ့ မိန့်ခွန်းထဲမှာ သူက ကတိပေးပြောသွားခဲ့ပါတယ်။
“ရုရှား လူသတ်သမားတွေ ပြစ်ဒဏ်ခံ မခံရမချင်း ကျွန်တော်တို့ ဘယ်တော့မှ နားလိမ့်မယ် မဟုတ်ပါဘူး။ နိုင်ငံတကာ ခုံရုံးရဲ့ ပြစ်ဒဏ်၊ ဘုရားသခင် ရဲ့ စီရင်ချက်၊ ကျွန်တော်တို့ တိုက်ပွဲဝင်သူတွေရဲ့ စီရင်ချက်ကို ရုရှားတို့ မခံမရမချင်း ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်လို့ သမ္မတ Volodymyr Zelenskyy က မိန့်ခွန်းပြောကြားသွားခဲ့တာဖြစ်ပါတယ်။ ရုရှားကို အရေးယူနိုင်မယ်၊ ယူကရိန်းအနိုင်ရမယ်ဆိုတဲ့ အပေါ် သူ့အနေနဲ့ သံသယ လုံးဝမရှိဘူးလို့လည်း ယူကရိန်းသမ္မတက ပြောကြားသွားခဲ့ပါတယ်။
စစ်ပွဲနှစ်ပါတ်လည်အခမ်းအနားမှာ ရုရှားကို ခုခံ တိုက်ပွဲဝင်နေကြတဲ့ စစ်သားတွေကိုလည်း သမ္မတ Zelenskyy ဟာ ဆုတံဆိပ်တွေ ချီးမြှင့်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲကစလို့ တစ်နှစ်လုံး ခုခံတိုက်ပွဲဝင်ခဲ့ကြသူတိုင်းကို သမ္မတ Zelenskyy က ကျေးဇူးတင်ကြောင်း အဲဒီ အခမ်းအနား မှာ ပြောခဲ့ပါတယ်။ ခု စစ်ပွဲကြောင့် အသက်ပေးသွားကြသူအားလုံးကိုလည်း အမှတ်ရအောက်မေ့ကြောင်းလည်း သမ္မတ Zelenskyy က ပြောကြားခဲ့ပါတယ်။ ရုရှားကျူးကျော်စစ်ကြောင့် စစ်ဒဏ်ခံရသူ ယူကရိန်းပြည်သူတွေဘက်က ရပ်တည်တယ်ဆိုတာ ပြသတဲ့အနေနဲ့ အထိမ်းအမှတ်အခမ်းအနားတွေကို ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီအပါအဝင် ဥရောပနိုင်ငံတချို့မှာ ကျင်းပခဲ့ကြပါတယ်။