=== [[ ZAWGYI ]] ===
ေရွ႕တန္းစစ္မ်က္ႏွာေရာက္ သတင္းေထာက္မ်ား
ယူကရိန္း ေရွ႕တန္း စစ္မ်က္ႏွာေတြမွာ သတင္းေထာက္ေတြဟာ အႏၲရာယ္ၾကားကပဲ စစ္ပြဲသတင္းေတြကို ရယူေပးပို႔ေနရပါတယ္။ မႏွစ္တုန္းက တႏွစ္အတြင္း သတင္းယူရင္းနဲ႔ သတင္းေထာက္ေတြ ေသဆုံးထိခိုက္ ဒဏ္ရာရတာ အမ်ားအျပားရွိခဲ့လို႔ သတင္းမားေတြအတြက္ လိုအပ္တဲ့ ပစၥည္းနဲ႔ အေထာက္အကူျပဳ သင္တန္းေတြ ေပးဖို႔ သတင္းမီဒီယာအေရး လႈပ္ရွားတဲ့ အဖြဲ႕ေတြက လႈံ႕ေဆာ္ေနၾကပါတယ္။ ဗြီအိုေအသတင္းေထာက္ Heather Murdock က Kyiv ကိယက္ဗ္ ၿမိဳ႕ေတာ္ ၊ Lviv နဲ႔ Donbas ေဒသ ေရွ႕တန္း စစ္ေျမျပင္ ေတြကေန သတင္းေပးပို႔ထားတာကို ကိုၿငိမ္းခ်မ္းေအးက တင္ျပထားပါတယ္။
—
ၿပီးခဲ့တဲ့ ႏွစ္ထဲမွာ စစ္ပြဲ သတင္းရယူဖို႔ ကမာၻတဝန္းက ႏိုင္ငံျခား သတင္းေထာက္ ေထာင္နဲ႔ခ်ီဟာ ယူကရိန္းကို ေရာက္လာခဲ့ၾကပါတယ္။ ယူကရိန္းႏိုင္ငံသား သတင္းေထာက္ေတြကလည္း ေဒသအေျခစိုက္ သတင္းေထာက္ေတြ အျဖစ္ကေန ေရွ႕တန္းစစ္မ်က္ႏွာ တိုက္ပြဲနယ္ေျမထဲအထိသြားၿပီး စစ္ေျမျပင္ သတင္းေထာက္ေတြအျဖစ္ ခ်က္ခ်င္း ေျပာင္းလဲကာ သတင္းေတြ ရယူ တင္ဆက္ခဲ့ၾကပါတယ္။
သတင္းယူရင္းနဲ႔ သတင္းေထာက္ တဒါဇင္ေက်ာ္ အသက္ဆုံးရႈံးခဲ့ရၿပီး သတင္းေထာက္ အမ်ားအျပားလည္း ျပင္းျပင္းထန္ထန္ ထိခိုက္ ဒဏ္ရာရခဲ့ၾကပါတယ္။ မ်က္ေမွာက္ေခတ္မွာ ဒီလို စစ္ပြဲႀကီးမ်ိဳး မႀကဳံဖူးေသးဘူးလို႔ ဝါရင့္ သတင္းေထာက္ေတြက ဆိုၾကပါတယ္။ လန္ဒန္အေျခစိုက္ စစ္ေျမျပင္ သတင္းေထာက္အသင္း ဓာတ္ပုံသတင္းေထာက္ ေပါလ္ကြန္႐ိြဳင္း Paul Conroy က သူ႔အေတြ႕အႀကဳံကို အခုလို ေျပာပါတယ္။
“လြန္ခဲ့တဲ့ ႏွစ္ပတ္ေလာက္က Bakhmut နဲ႔ Soledar ဘက္ကို ကြၽန္ေတာ္ ေရာက္ခဲ့တယ္၊ ႐ိုး႐ိုးသားသားေျပာရရင္ ကြၽန္ေတာ္ အရင္က သတင္းယူဖူးတဲ့ ျပည္တြင္းစစ္ပြဲေတြ၊ သူပုန္တပ္နဲ႔ စစ္တပ္တိုက္ပြဲ အဲဒါေတြနဲ႔ ယွဥ္ၾကည့္ရင္ ဒါဟာ ကြၽန္ေတာ့္အတြက္ေတာ့ ဒုတိယကမာၻစစ္ပါပဲ။ ဒါက လုံးဝ စစ္ပြဲႀကီး တပြဲျဖစ္ေနတာပါ၊ အႀကီးစား လက္နက္ အေျမာက္ႀကီးေတြ သုံးၿပီးကို တိုက္ေနၾကတာပါ။”
ဒီ စစ္ပြဲ ပဋိပကၡေၾကာင့္ အလြတ္တန္းသတင္းေထာက္ အမ်ားအျပားလည္း ယူကရိန္းကို ေရာက္လာခဲ့ၾကပါတယ္။ စိတ္အားထက္သန္တက္ႂကြေနတဲ့ လူငယ္ သတင္းေထာက္ေတြ အတြက္ စစ္ပြဲေဒသမွာ သတင္းယူရတာက ခ်က္ခ်င္းဆိုသလို လူအသိအမွတ္ျပဳခံရၿပီး သူတို႔အတြက္ နာမည္ေကာင္း တည္ေဆာက္ ရယူႏိုင္ပါတယ္။ တဖက္မွာလည္း ဒါဟာ ႀကိဳတင္ျပင္ဆင္တာမ်ိဳးမရွိရင္ သူ႔တို႔ အသက္ေတြကို ဆုံးရႈံးသြားေစႏိုင္ပါတယ္။
စစ္ေျမျပင္ သတင္းေထာက္အသင္း Frontline Club လို အဖြဲ႕ေတြ၊ အေနာက္ယူကရိန္းက Lviv မီဒီယာလြတ္လပ္ခြင့္စင္တာ (Lviv Press Freedom Center)လို အဖြဲ႕ေတြနဲ႔ တျခားမီဒီယာပံ့ပိုးကူညီေရး အဖြဲ႕ေတြဟာ ဒီလို အႏၲရာယ္ေတြကို ေလွ်ာ့ခ်ႏိုင္ဖို႔ ႀကိဳးပမ္းေနၾကပါတယ္။
Lviv မီဒီယာလြတ္လပ္ခြင့္စင္တာက အမ်ိဳးသမီး အိုလဂါ လက္နင္ခ်စ္ Olga Letnianchyk က စစ္ေျမျပင္ သတင္းေထာက္ေတြ အတြက္ သူတို႔ အကူအညီေပးေနတဲ့ အေျခအေနကို အခုလို ေျပာပါတယ္။
“သူတို႔ကို အက်ႌေတြ၊ က်ည္ကာဦးထုပ္ ခေမာက္ေတြ၊ ေဆးေသတၱာေတြ ေပးႏိုင္ပါတယ္။ သူတို႔ကို ေလ့က်င့္မႈ သင္တန္းေတြ ေပးၿပီးလည္း စြမ္းေဆာင္ရည္ေတြ တည္ေဆာက္ဖို႔ ကူညီေပးပါတယ္။”
ကိယက္ဗ္ ၿမိဳ႕ေတာ္မွာပါ။ ဒီလူက တကယ္ ထိခိုက္ဒဏ္ရာရတာ မဟုတ္ပါဘူး။ အႏၲရာယ္ရွိတဲ့ ေဒသပတ္ဝန္းက်င္မွာ သတင္းယူရတဲ့ သတင္းေထာက္ေတြ အတြက္ ျပင္ဆင္ ေလ့က်င့္ေပးတဲ့ အခမဲ့ သင္တန္းမွာ သူပါဝင္ေနတာပါ။ ဒီလို ေလ့က်င့္သင္ၾကားေပးတာက လူ႔အသက္ေတြကို ကယ္တင္ႏိုင္တယ္လို႔ ၂၀၁၂ တုန္းက ဆီးရီးယားမွာ သတင္းယူရင္းနဲ႔ လူေသတဲ့ အထိ ျဖစ္ခဲ့တဲ့ ဗုံးႀကဲတိုက္ခိုက္မႈတခုကို ႀကဳံခဲ့ရၿပီး အဲဒီကေန လြတ္ေျမာက္ခဲ့ဖူးသူ ကြန္႐ိြဳင္းက ေျပာပါတယ္။
“အဲ့တုန္းက ကိုယ့္ကိုယ္ကို သိလိုက္တယ္၊ ဗုံးထိၿပီး လြင့္ထြက္သြားတယ္။ ဒဏ္ရာကို ေသြးမလြန္ေအာင္ ကိုယ့္ဘာသာ လုပ္ခဲ့ရတယ္။ ေဆးပညာ ဗဟုသုတရွိဖို႔က အေရးႀကဳံလာခ်ိန္မွာ မရွိမျဖစ္ လိုအပ္ပါတယ္။ ဒါက လူ႔ အသက္ကို ကယ္ႏိုင္ပါတယ္။”
ဒါေပမယ့္ သတင္းေထာက္ေတြ ဘယ္ေလာက္ပဲ ေကာင္းေကာင္းေလ့က်င့္ ျပင္ဆင္ ထားထား၊ လက္ေတြ႔ ေျမျပင္စစ္ပြဲအတြင္း သတင္းယူရာမွာေတာ့ ႀကဳံေတြ႕လာရတဲ့ ဒဏ္ရာေတြ ဒါမွမဟုတ္ ေသဆုံးမႈေတြ အားလုံးကို တားဆီးဖို႔ နည္းလမ္းမရွိပါဘူး။ ဒါကိုပဲ တခ်ိဳ႕က ဒီလို သတင္းရယူတာက ထိုက္တန္တဲ့ စြန႔္လႊတ္ စြန႔္စားမႈလို႔ ခံယူထားၾကပါတယ္။ အလြတ္တန္းသတင္းေထာက္ ဒီမာခီလ္ခ်င္ကို Dima Khilchelko ကေတာ့ သူ႔အေတြ႕အႀကဳံကို ခုလို ေျပာပါတယ္။
“စစ္ပြဲမွာ အထူးသျဖင့္ ဒီစစ္ပြဲမွာ တကယ္ ေဘးကင္းလုံၿခဳံတဲ့ နည္းလမ္းမရွိဘူး၊ ဘာေၾကာင့္လဲဆိုေတာ့ ဒီစစ္ပြဲက အင္မတန္ ရက္စက္ ၾကမ္းၾကဳတ္လို႔ပါ။ အေသအေပ်ာက္ေတြ ရွိတယ္၊ အရပ္သားေတြနဲ႔ လူေနအိမ္ေတြ ဒုံးက်ည္ေတြနဲ႔ ပစ္ခံရတယ္။”
တျခား ယူကရိန္း သတင္းသမားေတြလိုပါပဲ ခီလ္ခ်င္ကို Khilchelko ဟာ သူ႔ရဲ႕အလုပ္ကို စစ္ပဲြမွာ တတပ္တအား ပါဝင္စိုက္ထုက္ ကူညီမႈလို႔ သူ ယူဆထားပါတယ္။ ပုံမွန္ အေျခအေနမွာဆိုရင္ေတာ့ သတင္းစာပညာရဲ႕ အလုပ္က ပဋိပကၡေတြထဲမွာ ၾကားကေနၿပီး သတင္းအခ်က္အလက္ေတြကို တင္ျပေပးဖို႔ပါပဲ။ ဒါေပမယ့္ ယူကရိန္းႏိုင္ငံထဲမွာ အရပ္သားေတြ နင္းခံေနရတဲ့ စစ္ပြဲ ဒုကၡေတြကို ျပင္ပကမာၻကို အသိေပးတင္ျပႏိုင္ဖို႔က သူတို႔ “တိုင္းျပည္ ရွင္သန္ရပ္တည္ေရး” အတြက္ အေရးႀကီးတဲ့ အလုပ္အျဖစ္ ခီလ္ခ်င္ကို Khilchelko က ယုံၾကည္မွတ္ယူထားပါတယ္။
=== {{ UNICODE }} ===
ရှေ့တန်းစစ်မျက်နှာရောက် သတင်းထောက်များ
ယူကရိန်း ရှေ့တန်း စစ်မျက်နှာတွေမှာ သတင်းထောက်တွေဟာ အန္တရာယ်ကြားကပဲ စစ်ပွဲသတင်းတွေကို ရယူပေးပို့နေရပါတယ်။ မနှစ်တုန်းက တနှစ်အတွင်း သတင်းယူရင်းနဲ့ သတင်းထောက်တွေ သေဆုံးထိခိုက် ဒဏ်ရာရတာ အများအပြားရှိခဲ့လို့ သတင်းမားတွေအတွက် လိုအပ်တဲ့ ပစ္စည်းနဲ့ အထောက်အကူပြု သင်တန်းတွေ ပေးဖို့ သတင်းမီဒီယာအရေး လှုပ်ရှားတဲ့ အဖွဲ့တွေက လှုံ့ဆော်နေကြပါတယ်။ ဗွီအိုအေသတင်းထောက် Heather Murdock က Kyiv ကိယက်ဗ် မြို့တော် ၊ Lviv နဲ့ Donbas ဒေသ ရှေ့တန်း စစ်မြေပြင် တွေကနေ သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းအေးက တင်ပြထားပါတယ်။
—
ပြီးခဲ့တဲ့ နှစ်ထဲမှာ စစ်ပွဲ သတင်းရယူဖို့ ကမ္ဘာတဝန်းက နိုင်ငံခြား သတင်းထောက် ထောင်နဲ့ချီဟာ ယူကရိန်းကို ရောက်လာခဲ့ကြပါတယ်။ ယူကရိန်းနိုင်ငံသား သတင်းထောက်တွေကလည်း ဒေသအခြေစိုက် သတင်းထောက်တွေ အဖြစ်ကနေ ရှေ့တန်းစစ်မျက်နှာ တိုက်ပွဲနယ်မြေထဲအထိသွားပြီး စစ်မြေပြင် သတင်းထောက်တွေအဖြစ် ချက်ချင်း ပြောင်းလဲကာ သတင်းတွေ ရယူ တင်ဆက်ခဲ့ကြပါတယ်။
သတင်းယူရင်းနဲ့ သတင်းထောက် တဒါဇင်ကျော် အသက်ဆုံးရှုံးခဲ့ရပြီး သတင်းထောက် အများအပြားလည်း ပြင်းပြင်းထန်ထန် ထိခိုက် ဒဏ်ရာရခဲ့ကြပါတယ်။ မျက်မှောက်ခေတ်မှာ ဒီလို စစ်ပွဲကြီးမျိုး မကြုံဖူးသေးဘူးလို့ ဝါရင့် သတင်းထောက်တွေက ဆိုကြပါတယ်။ လန်ဒန်အခြေစိုက် စစ်မြေပြင် သတင်းထောက်အသင်း ဓာတ်ပုံသတင်းထောက် ပေါလ်ကွန်ရွိုင်း Paul Conroy က သူ့အတွေ့အကြုံကို အခုလို ပြောပါတယ်။
“လွန်ခဲ့တဲ့ နှစ်ပတ်လောက်က Bakhmut နဲ့ Soledar ဘက်ကို ကျွန်တော် ရောက်ခဲ့တယ်၊ ရိုးရိုးသားသားပြောရရင် ကျွန်တော် အရင်က သတင်းယူဖူးတဲ့ ပြည်တွင်းစစ်ပွဲတွေ၊ သူပုန်တပ်နဲ့ စစ်တပ်တိုက်ပွဲ အဲဒါတွေနဲ့ ယှဉ်ကြည့်ရင် ဒါဟာ ကျွန်တော့်အတွက်တော့ ဒုတိယကမ္ဘာစစ်ပါပဲ။ ဒါက လုံးဝ စစ်ပွဲကြီး တပွဲဖြစ်နေတာပါ၊ အကြီးစား လက်နက် အမြောက်ကြီးတွေ သုံးပြီးကို တိုက်နေကြတာပါ။”
ဒီ စစ်ပွဲ ပဋိပက္ခကြောင့် အလွတ်တန်းသတင်းထောက် အများအပြားလည်း ယူကရိန်းကို ရောက်လာခဲ့ကြပါတယ်။ စိတ်အားထက်သန်တက်ကြွနေတဲ့ လူငယ် သတင်းထောက်တွေ အတွက် စစ်ပွဲဒေသမှာ သတင်းယူရတာက ချက်ချင်းဆိုသလို လူအသိအမှတ်ပြုခံရပြီး သူတို့အတွက် နာမည်ကောင်း တည်ဆောက် ရယူနိုင်ပါတယ်။ တဖက်မှာလည်း ဒါဟာ ကြိုတင်ပြင်ဆင်တာမျိုးမရှိရင် သူ့တို့ အသက်တွေကို ဆုံးရှုံးသွားစေနိုင်ပါတယ်။
စစ်မြေပြင် သတင်းထောက်အသင်း Frontline Club လို အဖွဲ့တွေ၊ အနောက်ယူကရိန်းက Lviv မီဒီယာလွတ်လပ်ခွင့်စင်တာ (Lviv Press Freedom Center)လို အဖွဲ့တွေနဲ့ တခြားမီဒီယာပံ့ပိုးကူညီရေး အဖွဲ့တွေဟာ ဒီလို အန္တရာယ်တွေကို လျှော့ချနိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။
Lviv မီဒီယာလွတ်လပ်ခွင့်စင်တာက အမျိုးသမီး အိုလဂါ လက်နင်ချစ် Olga Letnianchyk က စစ်မြေပြင် သတင်းထောက်တွေ အတွက် သူတို့ အကူအညီပေးနေတဲ့ အခြေအနေကို အခုလို ပြောပါတယ်။
“သူတို့ကို အကျႌတွေ၊ ကျည်ကာဦးထုပ် ခမောက်တွေ၊ ဆေးသေတ္တာတွေ ပေးနိုင်ပါတယ်။ သူတို့ကို လေ့ကျင့်မှု သင်တန်းတွေ ပေးပြီးလည်း စွမ်းဆောင်ရည်တွေ တည်ဆောက်ဖို့ ကူညီပေးပါတယ်။”
ကိယက်ဗ် မြို့တော်မှာပါ။ ဒီလူက တကယ် ထိခိုက်ဒဏ်ရာရတာ မဟုတ်ပါဘူး။ အန္တရာယ်ရှိတဲ့ ဒေသပတ်ဝန်းကျင်မှာ သတင်းယူရတဲ့ သတင်းထောက်တွေ အတွက် ပြင်ဆင် လေ့ကျင့်ပေးတဲ့ အခမဲ့ သင်တန်းမှာ သူပါဝင်နေတာပါ။ ဒီလို လေ့ကျင့်သင်ကြားပေးတာက လူ့အသက်တွေကို ကယ်တင်နိုင်တယ်လို့ ၂၀၁၂ တုန်းက ဆီးရီးယားမှာ သတင်းယူရင်းနဲ့ လူသေတဲ့ အထိ ဖြစ်ခဲ့တဲ့ ဗုံးကြဲတိုက်ခိုက်မှုတခုကို ကြုံခဲ့ရပြီး အဲဒီကနေ လွတ်မြောက်ခဲ့ဖူးသူ ကွန်ရွိုင်းက ပြောပါတယ်။
“အဲ့တုန်းက ကိုယ့်ကိုယ်ကို သိလိုက်တယ်၊ ဗုံးထိပြီး လွင့်ထွက်သွားတယ်။ ဒဏ်ရာကို သွေးမလွန်အောင် ကိုယ့်ဘာသာ လုပ်ခဲ့ရတယ်။ ဆေးပညာ ဗဟုသုတရှိဖို့က အရေးကြုံလာချိန်မှာ မရှိမဖြစ် လိုအပ်ပါတယ်။ ဒါက လူ့ အသက်ကို ကယ်နိုင်ပါတယ်။”
ဒါပေမယ့် သတင်းထောက်တွေ ဘယ်လောက်ပဲ ကောင်းကောင်းလေ့ကျင့် ပြင်ဆင် ထားထား၊ လက်တွေ့ မြေပြင်စစ်ပွဲအတွင်း သတင်းယူရာမှာတော့ ကြုံတွေ့လာရတဲ့ ဒဏ်ရာတွေ ဒါမှမဟုတ် သေဆုံးမှုတွေ အားလုံးကို တားဆီးဖို့ နည်းလမ်းမရှိပါဘူး။ ဒါကိုပဲ တချို့က ဒီလို သတင်းရယူတာက ထိုက်တန်တဲ့ စွန့်လွှတ် စွန့်စားမှုလို့ ခံယူထားကြပါတယ်။ အလွတ်တန်းသတင်းထောက် ဒီမာခီလ်ချင်ကို Dima Khilchelko ကတော့ သူ့အတွေ့အကြုံကို ခုလို ပြောပါတယ်။
“စစ်ပွဲမှာ အထူးသဖြင့် ဒီစစ်ပွဲမှာ တကယ် ဘေးကင်းလုံခြုံတဲ့ နည်းလမ်းမရှိဘူး၊ ဘာကြောင့်လဲဆိုတော့ ဒီစစ်ပွဲက အင်မတန် ရက်စက် ကြမ်းကြုတ်လို့ပါ။ အသေအပျောက်တွေ ရှိတယ်၊ အရပ်သားတွေနဲ့ လူနေအိမ်တွေ ဒုံးကျည်တွေနဲ့ ပစ်ခံရတယ်။”
တခြား ယူကရိန်း သတင်းသမားတွေလိုပါပဲ ခီလ်ချင်ကို Khilchelko ဟာ သူ့ရဲ့အလုပ်ကို စစ်ပွဲမှာ တတပ်တအား ပါဝင်စိုက်ထုက် ကူညီမှုလို့ သူ ယူဆထားပါတယ်။ ပုံမှန် အခြေအနေမှာဆိုရင်တော့ သတင်းစာပညာရဲ့ အလုပ်က ပဋိပက္ခတွေထဲမှာ ကြားကနေပြီး သတင်းအချက်အလက်တွေကို တင်ပြပေးဖို့ပါပဲ။ ဒါပေမယ့် ယူကရိန်းနိုင်ငံထဲမှာ အရပ်သားတွေ နင်းခံနေရတဲ့ စစ်ပွဲ ဒုက္ခတွေကို ပြင်ပကမ္ဘာကို အသိပေးတင်ပြနိုင်ဖို့က သူတို့ “တိုင်းပြည် ရှင်သန်ရပ်တည်ရေး” အတွက် အရေးကြီးတဲ့ အလုပ်အဖြစ် ခီလ်ချင်ကို Khilchelko က ယုံကြည်မှတ်ယူထားပါတယ်။