သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းက ရုရှားကို နွေဦးလောက်မှာ တန်ပြန်ထိုးစစ်ဆင်ဖို့ ကန်မျှော်လင့် 


Donetsk ဒေသတွင်း ယူကရိန်းကို ရုရှားတို့ ဆက်လက်တိုက်ခိုက်နေစဉ်။ 
Donetsk ဒေသတွင်း ယူကရိန်းကို ရုရှားတို့ ဆက်လက်တိုက်ခိုက်နေစဉ်။ 

[[Zawgyi/Unicode]]

ရုရှားရဲ့ကျူးကျော်ရန်စမှုတွေကို ယူကရိန်းတပ်တွေက နွေဦးပေါက်လောက်မှာ တန်ပြန်တိုက်ခိုက်နိုင်မယ်လို့ မျှော်လင့်ရကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ပြောပါတယ်။

“နွေဦးပေါက်မှာ တန်ပြန်ထိုးစစ်ဆင်နိုင်မယ်လို့ မျှော်လင့်တဲ့အတွက် ယူကရိန်း ကာကွယ်ရေး ဆိုင်ရာ အုပ်စုထဲက မိတ်ဖက်အားလုံးက ယူကရိန်းစစ်တပ်မှာ လက်နက်ကိရိယာတွေ၊ လုပ်ရည်ကိုင်ရည်တွေအပြည့်ရှိနေအောင် ရှေ့တန်းစစ်မျက်နှာတွေမှာ ထိရောက်မှုရှိအောင် ကြိုးစားလုပ်ကိုင်နေကြပါတယ်လို့ ဝန်ကြီး Austin က ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ ယူကရိန်းမဟာမိတ်နိုင်ငံက ကာကွယ်ရေးဝန်ကြီးတွေနဲ့တွေ့ဆုံအပြီးမှာ အဲဒီလို ပြောဆိုသွားတာပါ။

ရုရှားရဲ့ကျူးကျော်စစ်စတင်ခဲ့တဲ့အချိန်ကတည်းက ယူကရိန်းတပ်ဖွဲ့တွေ လက်နက်ခဲယမ်း အများအပြားသုံးစွဲနေတဲ့အတွက် ယူကရိန်းစစ်တပ်က လိုအပ်သလောက် လက်နက်ခဲယမ်းတွေ အမြန်ဆုံးရအောင် မဟာမိတ်တွေက ဆောင်ရွက်နေကြပါတယ်လို့လည်း ဝန်ကြီး Austin ကပြောပါတယ်။

တချိန်တည်းမှာပဲ ယူကရိန်းအတွက်လိုအပ်တဲ့ 155 mm လက်နက်ကြီးကျည် ဒေါ်လာ ၅၂၂ သန်းဖိုးထုတ်လုပ်ဖို့ ကုမ္ပဏီ ၂ ခုကို ကန်ထရိုက်စာချုပ်နဲ့ ခွင့်ပြုလိုက်ကြောင်း အမေရိကန်စစ်ဘက်က အင်္ဂါနေ့မှာ ကြေညာပါတယ်။ အဲဒီကုမ္ပဏီတွေကတော့ Northrop Grumman System Corp နဲ့ Global Military Products Inc တို့ဖြစ်ပြီး လက်နက်ခဲယမ်းထုတ်လုပ်ခွင့်ကို ဇန်နဝါရီ ၃၀ ရက်နေ့မှာ တရားဝင်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေပေးပို့ထားတဲ့ လက်နက်ကြီးကျည်တွေ မလုံလောက်မှာကို စိုးရိမ်မှုတွေရှိနေချိန်မှာပဲ ဒီဆုံးဖြတ်ချက်ထွက်လာတာပါ။ လက်နက်ကြီးကျည်တွေကို ဒီနှစ်မတ်လလောက်ကစပြီး ပေးပို့နိုင်မယ်လို့လည်း အမေရိကန်စစ်ဘက်ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]







XS
SM
MD
LG