သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"ယူကရိန်း-ရုရှားငြိမ်းချမ်းရေးညှိုနှိုင်းမှု ဆောင်းတွင်းဖြစ်လာနိုင်"ပိုလန်ဝန်ကြီးချုပ်

ယူကရိန်းသမ္မတ Volodymyr Zelensky နဲ့ ပိုလန်ဝန်ကြီးချုပ် Donald Tusk တို့ကို အတူတွေ့ရစဉ် (ဇွန် ၂၇၊ ၂၀၂၄)
ယူကရိန်းသမ္မတ Volodymyr Zelensky နဲ့ ပိုလန်ဝန်ကြီးချုပ် Donald Tusk တို့ကို အတူတွေ့ရစဉ် (ဇွန် ၂၇၊ ၂၀၂၄)

ယူကရိန်း စစ်ပွဲ အရေး ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေက ဆောင်းတွင်းမှာ စတင်နိုင်တယ်လို့ ပိုလန် ဝန်ကြီးချုပ် Donald Tusk က အင်္ဂါနေ့မှာ ပြောပါတယ်။ ဒီ အချိန်ကာလဟာဆိုရင် ဥရောပ သမဂ္ဂမှာ ဇန်နဝါရီလ ၁ ရက်ကစလို့ ပိုလန်က အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူမယ့် အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

စေ့စပ်ညှိနှိုင်းမှုမှာ ဘယ်သူတွေ ပါဝင်မယ်၊ ဘယ်အချိန် ဒါမှမဟုတ်လည်း ဘယ်နေရာဆိုတဲ့ အသေးစိတ်တွေကိုတော့ ဝန်ကြီးချုပ် Tusk က မပြောပါဘူး။ ဒါပေမဲ့လည်း ဥရောပ သမဂ္ဂရဲ့ စေ့စပ်ညှိနှိုင်းမှုတွေက အဆုံးသတ်မှာ ယူကရိန်းမှာ ငြိမ်းချမ်းရေး ထွက်ပေါ်လာဖို့ မျှော်လင့်ထားကြောင့် အစိုးရ အဖွဲ့ကို ဝန်ကြီးချုပ်က ပြောပါတယ်။

ဒါပေမဲ့လည်း ၂၀၂၂ ခုနှစ် ရုရှားက ယူကရိန်းကို ကျူးကျော်ချိန်ကစလို့ ယူကရိန်းကို ထောက်ခံခဲ့တဲ့ အိမ်နီးချင်း ပိုလန်ဟာဆိုရင် ဆွေးနွေးမှုမှာ အဓိက ပါဝင်မယ်လို့လည်း Tusk က ပြောပါတယ်။ ပြင်သစ် သမ္မတ Emmanuel Macron လည်း ပိုလန်နိုင်ငံ ဝါဆောကို ဒီသီတင်းပတ် နှောင်းပိုင်းမှာ လာရောက်မှာ ဖြစ်ပြီး ယူကရိန်း သမ္မတ Volodymyr Zelenskyy ၊ အမေရိကန် ရွေးကောက်ခံ သမ္မတ Donald Trump တို့နဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်း တွေ့ဆုံမှုတွေကို ဆွေးနွေးကြမယ်လို့လည်း ဝန်ကြီးချုပ် Tusk က ပြောပါတယ်။ တိကျပြတ်သားမှုနဲ့သာ ရုရှားရဲ့ ယူကရိန်း စစ်ပွဲကို အဆုံးသတ်နိုင်မှာ ဖြစ်ပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဆောင်းကျဉ်းနိုင်မယ်လို့ ယူကရိန်း သမ္မတ Zelenskyy က အင်္ဂါနေ့မှာ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG