သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာသန်း ၆၈၀ ဂျာမနီကူညီမည်

ယူကရိန်းနိုင်ငံ Kyiv မြို့ လွတ်လပ်ရေးရင်ပြင်မှာကျင်းပတဲ့ ကျဆုံးသွားတဲ့ ယူကရိန်းနဲ့ ပြည်ပစစ်သားတွေအတွက် အောက်မေ့ဖွယ်အခမ်းအနားအတွင်းတွေ့ရတဲ့ ယူကရိန်းသမ္မတ Volodymyr Zelensky (ယာ)နဲ့ ဂျာမနီဝန်ကြီးချုပ် Olaf Scholz (ဝဲ) (ဒီဇင်ဘာ ၂၊ ၂၀၂၄)

ယူကရိန်းကို စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ သန်း ၆၈၀ ထောက်ပံ့ကူညီဖို့ ယူကရိန်းကို ဒီကနေ့ ရောက်ရှိနေတဲ့ ဂျာမနီဝန်ကြီးချုပ် Olaf Scholz က ကတိပြုပြောဆိုပါတယ်။ သူ့ရဲ့ အခုခရီးစဉ်က ဒီကတိကဝတ်ကို အားဖြည့်ဖို့ရည်ရွယ်တယ်လို့လည်း ပြောပါတယ်။

စစ်လက်နက်ပစ္စည်းအသစ်တွေကို ဒီလထဲ ယူကရိန်းကို ပို့ဖို့ စီစဉ်ထားကြောင်း လည်း ဝန်ကြီးချုပ် Olaf Scholz ကပြောပါတယ်။ အမေရိကန်မှာ ဇန်နဝါရီလထဲ အစိုးရသစ်အပြောင်းအလဲ ဖြစ်လာမှာနဲ့ အနောက်နိုင်ငံတွေရဲ့ ယူကရိန်းအပေါ် အကူအညီတွေနဲ့ ပတ်သက်လို့ မေးခွန်းထုတ်နေကြတဲ့ အချိန်မှာ အခုလို ဂျာမနီဝန်ကြီးချုပ် ခရီးစဉ်ပေါ်ပေါက်တာပါ။

တချိန်ထဲမှာပဲ မနေ့ညပိုင်းတိုက်ခိုက်မှုတွေအတွင်း ရုရှားတိုက်ခိုက်လာတဲ့ ဒရုန်းအစင်း ၁၁၀ ထဲက ၅၂ စင်းကိုပစ်ချခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ဒီနေ့ပြောပါတယ်။ တိုက်ခိုက်မှုတွေကြောင့် တဦးသေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေးမှူးတွေက တယ်လီဂရမ်စာမျက်နှာမှာရေးပါတယ်။

Cherkasy ဒေသမှာတော့ ဒရုန်းအပျက်အစီးအပိုင်းအစတွေထိမှန်တဲ့ အတွက် နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။ ရုရှားဘက်ကတော့ သူတို့သိမ်းပိုက်ထားတဲ့ Kursk, Bryansk နဲ့ Belgorod ဒေသတွေမှာ ယူကရိန်းဒရုန်း ၁၅ စင်းကြားဖြတ်ပစ်ချခဲ့တယ်လို့ ပြောပါတယ်။

ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာသန်း ၆၈၀ ဂျာမနီကူညီမည်
please wait

No media source currently available

0:00 0:00:42 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG