သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပါ ကမ္ဘာ့နိုင်ငံအနှံ့ ကူညီရေးလုပ်သားများတိုက်ခိုက်ခံရမှု ကုလလုံခြုံရေးကောင်စီဆွေးနွေး


အစ္စရေးနဲ့ ဟာမတ်စ်စစ်ပွဲဖြစ်ပွားနေချိန် ဂါဇာတောင်ပိုင်း Khan Yunis မြို့ UNRWA ဆေးကုသစင်တာမှာ ဆေးဝါးရရှိဖို့တန်းစီနေတဲ့ ပါလက်စတိုင်းများ (အောက်တိုဘာ ၂၉၊ ၂၀၂၄)
အစ္စရေးနဲ့ ဟာမတ်စ်စစ်ပွဲဖြစ်ပွားနေချိန် ဂါဇာတောင်ပိုင်း Khan Yunis မြို့ UNRWA ဆေးကုသစင်တာမှာ ဆေးဝါးရရှိဖို့တန်းစီနေတဲ့ ပါလက်စတိုင်းများ (အောက်တိုဘာ ၂၉၊ ၂၀၂၄)

မြန်မာအပါအဝင် အာဖဂန်၊ လက်ဘနွန်၊ တောင်ဆူဒန်၊ ဆီးရီယား၊ ယူကရိန်း စတဲ့ နိုင်ငံတွေမှာ လူသားချင်းစာနာမှုအကူအညီပေးရေးလုပ်သားတွေ အတိုက်ခိုက်ခံရတာ ထိခိုက်ဒဏ်ရာရတာ ပြန်ပေးဆွဲခံရတာတွေ ရှိခဲ့တယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆွေးနွေးခဲ့ကြပါတယ်။

ကမ္ဘာ့အနှံ့အပြား လူသားချင်းစာနာကူညီမှုလုပ်သားတွေ ထိခိုက်သေဆုံးမှုဟာ ဒီနှစ်အတွင်း အဆိုးဆုံးဖြစ်လာခဲ့ပြီး၊ ဒါဟာ ဂါဇာဒေသပဋိပက္ခကြောင့် ပိုတိုးများလာတာလို့ ကုလတာဝန်ရှိသူတွေက လုံခြုံရေးကောင်စီကို တင်ပြခဲ့ကြပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း ကူညီရေးလုပ်သားသေဆုံးမှုဟာ ၂၈၁ ဦးအထိ ရှိလာတယ်လို့ ကုလ လူသားချင်းစာနာကူညီရေးညှိုနှိုင်းရေးရုံးက ထုတ်ပြန်ခဲ့ပါတယ်။

ဂါဇာမှာဆိုရင် ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်ကတည်းကဆိုရရင် ကူညီရေးလုပ်သား ၃၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး အများစုကတော့ UNRWA ဝန်ထမ်းတွေဖြစ်ကြတယ်လို့ ကုလ လူသားချင်းစာနာညှိုနှိုင်းမှုရုံး ညွှန်ကြားရေးမှုးတဦးဖြစ်တဲ့ Lisa Doughten က ကုလ လုံခြုံရေးကောင်စီကို ပြောပါတယ်။

မြန်မာနိုင်ငံထဲမှာတော့ အစုအဖွဲ့အတော်များများဟာ သူတို့ ထိန်းချုပ်ရာဒေသတွေအတွင်း လူသားချင်းစာနာကူညီမှုတွေကို တင်းကြပ်ထားတယ်လို့ ကုလသမဂ္ဂဆိုင်ရာ တောင်ကိုရီယားသံအမတ်ကြီးက လုံခြုံရေးကောင်စီအတွင်း ဝေဖန်ခဲ့ပါတယ်။ ကမ္ဘာအနှံ ကူညီရေးလုပ်သားတွေအပေါ် တိုက်ခိုက်မှုတွေကို ပြတ်ပြတ်သားသားဝေဖန်ပြစ်တင်ကြပြီး၊ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေအနေနဲ့ ကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူကြဖို့လည်း ကုလ တာဝန်ရှိသူတွေနဲ့ နိုင်ငံသံအမတ်ကြီးတချို့က တိုက်တွန်းခဲ့ကြပါတယ်။

လူသားချင်းစာနာကူညီရေးဝန်ထမ်းတွေကို တိုက်ခိုက်မှုဟာ လူသားချင်းစာနာကူညီရေးနိုင်ငံတကာဥပဒေသတွေကို ချိုးဖောက်မှုဖြစ်တယ်လို့လည်း ကုလဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီးက ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

Forum

XS
SM
MD
LG