သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေတိုးအဖွဲ့ဝင်ဖြစ်ရေး ကမ်းလှမ်းပေးဖို့ ယူကရိန်း တိုက်တွန်း


ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Andrii Sybiha
ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Andrii Sybiha

ရှေ့သီတင်းပတ်ထဲ ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့မှာ ကျင်းပမယ့် မြောက်အန္တလတ္တိတ် မဟာမိတ်အဖွဲ့ NATO နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကနေ ယူကရိန်းကို နေတိုးအဖွဲ့ထဲ ဝင်ရောက်ခွင့် ထပ်မံ ကမ်းလှမ်းပေးဖို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းနေတဲ့ အကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။

ရိုက်တာသတင်းဌာနက သောကြာနေ့မှာ လက်ခံရရှိခဲ့တဲ့ စာထဲမှာ − ၂၀၂၂ ခုနှစ် ယူကရိန်းကို စတင်တိုက်ခိုက်တဲ့ ရုရှား ကျူးကျော်စစ် အဆုံးသတ်ရေး “အောင်ပွဲအစီအစဥ် တစိတ်တပိုင်း” အဖြစ် ယူကရိန်းသမ္မတ Volodymyr Zelenskiy တင်ပြခဲတဲ့ အချက်တွေ ပါဝင်ပြီး ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ် ကမ်းလှမ်းဖို့ ကိစ္စကို ထပ်မံ တိုက်တွန်းထားပုံ ရပါတယ်။

လက်ရှိ စစ်ပွဲ မပြီးမချင်း ယူကရိန်းကို နေတိုး မဟာမိတ် အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံဖို့ မဖြစ်နိုင်ဘူး ဆိုတာ သိပေမဲ့ ခုလိုအချိန်မှာ ယူကရိန်းကို ဖိတ်ခေါ်တာက ယူကရိန်း နေတိုးအဖွဲ့ဝင်ဖြစ်ရေးကို တားမြစ်နေတဲ့ ရုရှား သမ္မတ Vladimir Putin ကို သူ့ရဲ့ ရည်မှန်းချက်တွေ မအောင်မြင်နိုင်ဘူး ဆိုတာ ပြသလိုတာကြောင့် ဖြစ်တယ်လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Andrii Sybiha က ပြောပါတယ်။

ဒါကြောင့် ဒီဇင်ဘာ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ကျင်းပမယ့် နေတိုး နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ ယူကရိန်းကို နေတိုးအဖွဲ့ထဲ ဝင်ရောက်ခွင့် ဖိတ်ကြားရေး ဆုံးဖြတ်ချက် ချမှတ်ပေးဖို့ တိုက်တွန်းပါကြောင်း နေတိုး နိုင်ငံခြားရေးဝန်ကြီးတွေကို ယူကရိန်းဝန်ကြီးက တိုက်တွန်းထားပါတယ်။ နေတိုး သံတမန်တွေကတော့ လက်ရှိအဆင့်မှာ ယူကရိန်းကို ဖိတ်ကြားဖို့ မဟာမိတ်အဖွဲ့ဝင်တွေကြား သဘောတူညီမှု ရထားတာ မရှိသေးကြောင်း ပြောပါတယ်။ ဒီလို သဘောတူညီမှု ရဖို့က နေတိုးအဖွဲ့ဝင် နိုင်ငံ ၃၂ နိုင်ငံလုံးရဲ့ ထောက်ခံမှုရဖို့ လိုအပ်တာ ဖြစ်ပါတယ်။

နေတိုးအဖွဲ့ဝင်ဖြစ်ရေး ကမ်းလှမ်းပေးဖို့ ယူကရိန်း တိုက်တွန်း
please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG