သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားတိုက်ခိုက်မှုကြောင့် ယူကရိန်းမှာ လူ ၁ သန်းကျော် လျှပ်စစ်မီးပြတ်တောက်


ရုရှားမစ်ဇိုင်းဒုံံးတိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံ Volyn ဒေသတွင်းမီးလောင်ကျွမ်းနေတာကို အရေးပေါ်ဌာနက မီးငြိမ်းသတ်နေစဥ်။ (နိုဝင်ဘာ ၂၈၊ ၂၀၂၄)
ရုရှားမစ်ဇိုင်းဒုံံးတိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံ Volyn ဒေသတွင်းမီးလောင်ကျွမ်းနေတာကို အရေးပေါ်ဌာနက မီးငြိမ်းသတ်နေစဥ်။ (နိုဝင်ဘာ ၂၈၊ ၂၀၂၄)

ယူကရိန်းနိုင်ငံ စွမ်းအင်အခြေခံအဆောက်အအုံတွေကို ရုရှားက ဒီကနေ့ ဒရုန်းတွေနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့ရာကနိုင်ငံအနှံ့ လူတသန်းကျော် မီးပြတ်နေတယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။ ပိုလန်နိုင်ငံနဲ့နယ်စပ် ယူကရိန်းအနောက်ပိုင်း Lviv ဒေသမှာ လျှပ်စစ်မီးမရသူ ၅၂၃,၀၀၀ ရှိနေကြောင်း အုပ်ချုပ်ရေးမှူး Maksym Kozytsky က လူမှုကွန်ရက်မှာ ပြောခဲ့တာပါ။

Lviv ဒေသ မြောက်ဖက်က Volyn မှာ မီးမရတဲ့သူ ၂၁၅,၀၀၀ နဲ့ ကပ်လျက်ရှိနေတဲ့ Rivne ဒေသမှာ တော့ ၂၈၀,၀၀၀ ရှိတယ်လို့လည်း အုပ်ချုပ်ရေးမှူး Oleksandr Koval ကပြောပါတယ်။ ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အုံတွေကို နောက်တကြိမ် ရန်သူတိုက်ခိုက်ခံရကြောင်း စွမ်းအင်ဝန်ကြီး German Galushchenko ကလည်း ပြောဆိုခဲ့တာပါ။ တိုက်ခိုက်ခံရပြီးနောက် အစိုးရ လျှပ်စစ်ဓာတ် အားပေးလုပ်ငန်း Ukrenergo က အရေးပေါ် လျှပ်စစ်မီး စတင်ဖြန့်ဝေနေတယ်လို့လည်း ပြောပါတယ်။

တိုက်ခိုက်ခံရချိန်မှာ နျူကလီးယားဓာတ်အားပေး စက်ရုံတော်တော်များများမှာ ဆက်သွယ်မှု ကွန်ရက်တွေကို ဖြတ်တောက်ထားခဲ့တယ်လို့လည်း ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။ တိုက်ခိုက်ခံရမှုကြောင့် Kyiv မြို့တော်အပြင်Odesa, Dnipropetrovsk နဲ့ Donetsk ဒေသတွေမှာ လျှပ်စစ်မီးပြတ်တောက်ခဲ့ရတယ်လို့လည်း ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီ DTEK က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG