သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်မျိုးစုံသုံးလာနေတဲ့ ရုရှား-ယူကရိန်းစစ်အပေါ်  ရွေးကောက်ခံသမ္မတထရမ့် စိုးရိမ်


ရွေးကောက်ခံသမ္မတ ထရမ့်လက်ထက်မှာ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် အဆိုပြုထားခြင်းခံရသူ Michael Waltz (ဇူလိုင် ၁၇၊ ၂၀၂၄)
ရွေးကောက်ခံသမ္မတ ထရမ့်လက်ထက်မှာ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် အဆိုပြုထားခြင်းခံရသူ Michael Waltz (ဇူလိုင် ၁၇၊ ၂၀၂၄)

ရုရှားက ယူကရိန်းကိုကျူးကျော်တိုက်ခိုက်တဲ့စစ်ပွဲ ၃ နှစ်နီးပါးကြာလာချိန်မှာ လက်နက်မျိုးစုံကို တိုးမြှင့်အသုံးပြုလာနေတဲ့အပေါ် ရွေးကောက်ခံသမ္မတ Donald Trump က အထူးစိုးရိမ်နေကြောင်း သူ့အစိုးရသစ်မှာ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် အဆိုပြုထားတဲ့ Michael Waltz က ပြောကြားလိုက်ပါတယ်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေမှာ ရုရှားတပ်ဖွဲ့တွေ ရှေ့မတိုးနိုင်အောင် လက်ရှိ သမ္မတ Joe Biden အစိုးရက ယူကရိန်းကို မြေမြှုပ်မိုင်းတွေအသုံးပြုခွင့်ပေးလိုက်တာဟာ ပထမ ကမ္ဘာစစ်တုန်းကအခြေအနေတွေနဲ့အလားသဏ္ဍာန်တူနေတယ်လို့ လက်ရှိ ဖလော်ရီဒါပြည်နယ် ကိုယ်စားပြု လွှတ်တော်အမတ်တဦးဖြစ်တဲ့ Michael Waltz က တနင်္ဂနွေနေ့က ပြောခဲ့တာပါ။

ယူကရိန်းစစ်ပွဲနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေဟာ စစ်ပွဲအဆုံးသတ်ရေးကို ဦးတည်စေတဲ့ ဘောင်အတွင်း ကပဲ ဖြစ်သင့်တယ်လို့လည်း ပြောပါတယ်။

ယူကရိန်းနဲ့ ရုရှားတပ်ဖွဲ့တွေကြား အဓိက တိုက်ပွဲတွေဖြစ်နေတဲ့ ယူကရိန်းအရှေ့ပိုင်းဒေက ပြောင်းလဲ လာနေတဲ့ စစ်ပွဲအခြေအနေကြောင့် ယူကရိန်းကို အမေရိကန်ကမြေမြှုပ်မိုင်းတွေ ပို့ပေးမယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောခဲ့ပါတယ်။

ရုရှားဘက်က တင့်ကားတွေအစား စစ်သားတွေက ထိုးစစ်ကို ရှေ့ဆုံးကနေ ဦးဆောင် ဖော်ဆောင်နေတဲ့အတွက် ဒါကိုဟန့်တားနိုင်ဖို့ ယူကရိန်းအနေနဲ့ မြေမြှုပ်မိုင်းလို ထိရောက်တဲ့ လက်နက်တွေ လိုအပ်တယ်လို့ ဝန်ကြီး Austin က ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG