သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစစ်ကို နှစ်ဘက်အကျိုးရှိအောင် ညှိနှိုင်းပေးဖို့ Donald Trump ကတိပြု


This handout photograph released by the Ukrainian presidential press service on September 27, 2024 shows Ukrainian President Volodymyr Zelensky (L) and Republican presidential nominee former US President Donald Trump meeting on September 27, 2024 in New York.
စက်တင်ဘာလ ၂၇ ရက်၊ ၂၀၂၄ ခုနှစ် ယူကရိန်းသမ္မတရုံး သတင်းနဲ့ပြည်ကြားရေးက ထုတ်ပြန်ခဲ့တဲ့ ယူကရိန်းသမ္မတ Volodymyr Zelensky (ဝဲ) နှင့် ရီပတ်ဘလစ်ကန်သမ္မတလောင်း Donald Trump တို့ တွေ့ဆုံမှု မှတ်တမ်းဓာတ်ပုံ။ (ဓာတ်ပုံ / UKRAINIAN PRESIDENTIAL PRESS SERVICE / AFP)

နိုဝင်ဘာ ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီက သမ္မတလောင်းအဖြစ် တင်သွင်းထားတဲ့ ဒေါ်နယ်ထရမ့်က နယူးရောက်မှာ ယူကရိန်း သမ္မတ Volodymyr Zelenskyy နဲ့ သောကြာနေ့မှာ တွေ့ဆုံခဲ့ပြီး၊ တကယ်လို့ သူရွေးခံရရင် ရုရှား- ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့အတွက် နှစ်ဘက်စလုံး အဆင်ပြေ ကောင်းမွန်စေမှာမျိုးကို လုပ်ပေးနိုင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှုကနေ စတင်ခဲ့တဲ့ စစ်ပွဲနဲ့ ပတ်သက်ပြီး အမြန်ဆုံးပြီးအောင် သူလုပ်ပေးနိုင်ကြောင်း သမ္မတဟောင်း ထရမ့်က VOA ကို ထပ်လောင်း ပြောပါတယ်။ ယူကရိန်းသမ္မတရော ရုရှားသမ္မတ Vladimir Putin ပါ သူနဲ့ ဆက်ဆံရေး သိပ်ကောင်းနဲ့ အတွက် သူသာ ရွေးကောက်ပွဲမှာ အနိုင်ရရင် ဒီစစ်ပွဲပြဿနာကို အမြန်ဖြေရှင်းပေးနိုင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ယူကရိန်းသမ္မတ Zelenskyy အတွက် တော့ နိုဝင်ဘာ အမေရိကန်ရွေးကောက်ပွဲမှာ ဘယ်သူပဲ နိုင်နိုင် ယူကရိန်းကို ဆက်ပံ့ပိုးပေးဖို့ လိုအပ်တာကြောင့် အခုတွေ့ဆုံမှုဟာ သိပ်အရေးကြီးနေတာပါ။

ယူကရိန်းက စစ်ပွဲနဲ့ ပတ်သက်ပြီး စစ်ပွဲရပ်ဆိုင်းရမယ် ဆိုတာနဲ့ ရုရှားသမ္မတ Putin မအောင်မြင်နိုင်ဘူး ဆိုတာ အတွက် သူတို့ နှစ်ယောက် အမြင်တူကြောင်းနဲ့ သမ္မတဟောင်း ထရမ့်ဘေးမှာ ရှိနေတဲ့ Zelenskyy ကပြောကြားခဲ့ပါတယ်။

ရုရှား- ယူကရိန်း စစ်ပွဲ အဆုံးသတ်ဖို့ လိုလားကြောင်း ထရမ့်က ထပ်တလဲလဲ ပြောနေပေမယ့် ဒီလို စစ်ပွဲအဆုံးသတ်ရေးမှာ ယူကရိန်းကို သူ့ပိုင်နက်အားလုံး ပြန်ရဖို့ ဒါမှမဟုတ် စစ်ပွဲမှာ ယူကရိန်းအနိုင်ရဖို့ ဆန္ဒရှိမရှိတော့ ထုတ်မပြောပါဘူး။

ယူကရိန်းသမ္မတကတော့ အခု အမေရိကန် ရွေးကောက်ပွဲ မတိုင်ခင် ယူကရိန်းက ရုရှားကိုနိုင်အောင် မတိုက်နိုင်ကြောင်းနဲ့ ရွေးကောက်ပွဲ အပြီးမှာဆုံးဖြတ်ရမှာ ဖြစ်ပြီး၊ အမေရိကန်လို မိတ်ဆွေမျိုးက သူ့အတွက် အရေးပါတာကြောင့် ရီပတ်ဘလစ်ကင်ပါတီက ဝင်ပြိုင်မယ့်သူရော၊ ဒီမိုကရက်တစ်ပါတီက ဝင်ပြိုင်မယ့် သူနဲ့ပါ သူတွေ့ဆုံဖို့ ဆုံးဖြတ်တာ ဖြစ်ကြောင်း ပြောပါတယ်။

ယူကရိန်းသမ္မတဟာ ကြာသပတေးနေ့က ဝါရှင်တန်မှာ သမ္မတဂျိုးဘိုင်ဒန်နဲ့ တွေ့ဆုံအပြီးမှာ ဒီမိုကရက်တစ်ပါတီက ရွေးထားတဲ့ သမ္မတလောင်း ဖြစ်တဲ့ ဒုသမ္မတ Kamala Harris နဲ့လည်း သီးခြားတွေ့ဆုံခဲ့ပါတယ်။

Forum

XS
SM
MD
LG