သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"ရုရှား-ယူကရိန်းအရေး တရုတ်၊ အိန္ဒိယနဲ့ ဘရာဇီးတို့ ကြားဝင်စေ့စပ်ပေးသူ ဖြစ်လာနိုင်" - သမ္မတပူတင်


ရုရှားနိုင်ငံ Vladivostok မြို့မှာ ကျင်းပတဲ့ အရှေ့ဖျား စီးပွားရေးဖိုရမ် စကားဝိုင်းမှာ စကားပြောကြားနေတဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင် (စက်တင်ဘာ ၅၊ ၂၀၂၄)
ရုရှားနိုင်ငံ Vladivostok မြို့မှာ ကျင်းပတဲ့ အရှေ့ဖျား စီးပွားရေးဖိုရမ် စကားဝိုင်းမှာ စကားပြောကြားနေတဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင် (စက်တင်ဘာ ၅၊ ၂၀၂၄)

ရုရှားနဲ့ ယူကရိန်းကြား အလားအလာရှိတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်လာဖို့မှာ တရုတ်၊ အိန္ဒိယနဲ့ ဘရာဇီးနိုင်ငံတွေက ကြားဝင်စေ့စပ်သူတွေ ဖြစ်လာနိုင်တယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ဒီနေ့ ပြောလိုက်ပါတယ်။

“ဒီပဋိပက္ခနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ အားလုံးကို ပြေလည်စေဖို့ စိတ်ဝင်စားတဲ့ ကျနော်တို့ရဲ့ မိတ်ဆွေနိုင်ငံတွေ အားလုံးကို ကျနော် လေးစားပါတယ်။ အဓိကအားဖြင့် တရုတ် ၊ ဘရာဇီး နဲ့ အိန္ဒိယနိုင်ငံတွေပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ နဲ့ အမြဲမပြတ် ဆက်သွယ်မှုရှိပြီး အဲဒီနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေ အနေနဲ့လည်း ရှုပ်ထွေးတဲ့ ဒီလုပ်ငန်းစဉ် အသေးစိတ်ကို နားလည် ကူညီပေးနိုင်ဖို့ ကြိုးပမ်းကြမယ်ဆိုတာ ယုံမှားသံသယ မရှိပါဘူးလို့” − ရုရှားသမ္မတ ပူတင်က ရုရှားနိုင်ငံ Vladivostok မြို့မှာ ဒီကနေ့ ကျင်းပတဲ့ အရှေ့ဖျား စီးပွားရေးဖိုရမ် စကားဝိုင်းမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ရုရှားအနေနဲ့ ယူကရိန်းနဲ့ စေ့စပ်ဆွေးနွေးဖို့ ဘယ်တုန်းကမှ မငြင်းဆန်ခဲ့ကြောင်း ဒါပေမဲ့ ပေါ်ပင်ဖြစ်ပေါ်လာတဲ့ တောင်းဆိုမှုတွေ ပေါ်မှာ အခြေမခံဘဲ၊ အစ္စတန်ဘူလ်မှာ ကနဦး သဘောတူခဲ့တဲ့ အချက်တွေပေါ်မှာ အခြေခံရမှာ ဖြစ်တယ်လို့လည်း ရုရှားသမ္မတ ပူတင်က ပြောသွားပါတယ်။

ယူကရိန်းစစ်ပွဲ စတင်ပြီး ပထမတပတ်အတွင်းမှာပဲ ရုရှားနဲ့ ယူကရိန်း စေ့စပ်ဆွေးနွေးသူတွေကြား တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ဆွေးနွေးမှုတွေလုပ်ပြီး ကနဦး သဘောတူညီမှု ရခဲ့ပေမဲ့ အဲဒီ သဘောတူညီချက်ကို အကောင်အထည် မဖော်ဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ၂ နိုင်ငံကြား ဆွေးနွေးမှုတွေ လုပ်ဖို့အတွက် အဲဒီ ကနဦး သဘောတူညီချက်ကို အခြေခံအဖြစ် အသုံးပြုနိုင်တယ်လို့ ရုရှားသမ္မတပူတင်က ပြောဆိုသွားပါတယ်။

Forum

XS
SM
MD
LG