သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း Poltava ကို ရုရှားတိုက်ခိုက်မှု လူ ၅၁ ဦးထက်မနည်း သေဆုံး      


ယူကရိန်းနိုင်ငံ Dnipropetrovsk ဒေသမှာ ရုရှားဗုံးဒဏ်သင့် လျှပ်စစ်ဓာတ်အားခွဲရုံတခု မီးလောင်နေတာကို ငြိမ်းသတ်နေကြတဲ့ ကယ်ဆယ်ရေးလုပ်သားများ။ (စက်တင်ဘာ ၂၊ ၂၀၂၄)
ယူကရိန်းနိုင်ငံ Dnipropetrovsk ဒေသမှာ ရုရှားဗုံးဒဏ်သင့် လျှပ်စစ်ဓာတ်အားခွဲရုံတခု မီးလောင်နေတာကို ငြိမ်းသတ်နေကြတဲ့ ကယ်ဆယ်ရေးလုပ်သားများ။ (စက်တင်ဘာ ၂၊ ၂၀၂၄)

ယူကရိန်းနိုင်ငံရဲ့ Poltava မြို့ကို ရုရှားက အင်္ဂါနေ့မှာ ဒုံးကျည်နဲ့ပစ်တဲ့အတွက် လူ အနည်းဆုံး ၅၁ ယောက် သေဆုံးခဲ့ပြီးရာချီ ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ ဒါဟာ ၂ နှစ်ခွဲအတွင်းမှာ အသေအပျောက် အများဆုံး တိုက်ခိုက်မှုတွေထဲက တခုလည်းဖြစ်ပါတယ်။

စစ်ရေးဆိုင်ရာ ဆက်သွယ်ရေးသင်တန်းကျောင်း အဆောက်အဦလည်း တစိတ်တပိုင်း ပျက်စီးသွားခဲ့တယ် လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ပြောပါတယ်။ အချက်ပေးသံ ကြားကြတာကြောင့် လူတွေက ဗုံးခိုရာနေရာတွေဆီအသွားမှာ ဒုံးကျည်တွေထိမှန်ခဲ့တာ ဖြစ်တယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဗုဒ္ဓဟူးနေ့ကစပြီးဝမ်းနည်းကြေကွဲဖွယ်နေ့ သုံးရက်သတ်မှတ်ကြောင်း Poltava အုပ်ချုပ်ရေးမှူး Filip Pronin က ကြေညာပါတယ်။

စစ်ရေးအကူတွေကို မြန်မြန်ပို့ပေးဖို့ သမ္မတ Zelenskyy က အနောက်က မိတ်ဆွေတွေကို ထပ်မံ ပြောကြားလိုက်ပါတယ်။ဒုံးကျည်တွေနဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်တွေကို ယူကရိန်းက လိုအပ်နေပါတယ်။ ပို့ဖို့ နောက်ကျနေတဲ့ နေ့ရက်တိုင်း အသက်တွေ ပိုလို့ ဆုံးရှုံးနေရပါတယ်လို့ တယ်လီဂရမ် လူမှုစာမျက်နှာမှာ Zelenskyy က အင်္ဂလိပ်လို ရေးပါတယ်။ကူညီထားတဲ့လက်နက်တွေနဲ့ ရုရှားနိုင်ငံ အတွင်းပိုင်းကို မတိုက်ခိုက်ရဆိုတဲ့ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးဖို့လည်းမဟာမိတ်တွေကို သမ္မတ Zelenskyy က တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG