သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"ရုရှား-ယူကရိန်းစစ် အမြန်အဆုံးသတ်ရေး ထောက်ခံ" အိန္ဒိယဝန်ကြီးချုပ်

အိန္ဒိယဝန်ကြီးချုပ် Narendra Modi (သြဂုတ် ၂၂၊ ၂၀၂၄)
အိန္ဒိယဝန်ကြီးချုပ် Narendra Modi (သြဂုတ် ၂၂၊ ၂၀၂၄)

ရုရှား-ယူကရိန်းစစ် မြန်မြန် အဆုံးသတ်ရေးကို သူထောက်ခံတယ်လို့ ယူကရိန်းကိုသွားခဲ့ပြီး ရက်အတော်ကြာမှာ အိန္ဒိယဝန်ကြီးချုပ် နရိန်ဒြာ မိုဒီက ရုရှားသမ္မတပူတင်ကို ပြောပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ တယ်လီဖုန်းပြောပြီးနောက်တရက် အင်္ဂါနေ့ ရုရှားခေါင်းဆောင်နဲ့ ဆွေးနွေးရာမှာ မိုဒီက ခုလို ပြောလိုက်တာပါ။

မကြာခင်က သွားရောက်ခဲ့တဲ့ ယူကရိန်းခရီးစဥ်အမြင်နဲ့ ရုရှား-ယူကရိန်းပဋိပက္ခကို မစ္စတာပူတင်နဲ့ အမြင်ဖလှယ်ခဲ့တယ်လို့ မိုဒီက X လူမှုစာမျက်နှာမှာ ရေးပါတယ်။ ပဋိပက္ခ စောစော ဖြေရှင်းလိုက်နာ ရေးကို အိန္ဒိယကထောက်ခံကြောင်း သူထပ်မံပြောကြားခဲ့တယ်လို့ မိုဒီက ဆိုပါတယ်။ အဲဒီကိုဦးတည်ပြီး ရုရှားနဲ့ ယူကရိန်းအချိန်မဖြုန်းဘဲ စကားပြောကြဖို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ အရင်အပတ်က ယူကရိန်းမှာ တွေ့ဆုံစဥ် မိုဒီက တိုက်တွန်းပါတယ်။

ပူတင်နဲ့ ဖုန်းပြောရာမှာ ဆွေးနွေးရေးနဲ့ သံတမန်ရေးက အရေးကြီးသလို ပါဝင်ပတ်သက်နေကြသူတွေအားလုံး ရိုးရိုးသားသားလက်တွေ့ကျကျ ထိတွေ့ကြရေးကလည်း အရေးကြီးတယ်လို့ မိုဒီက သမ္မတပူတင်နဲ့ ဖုန်းပြောစဥ် ပြောကြားခဲ့ကြောင်းအိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာဆိုပါတယ်။

နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပြန်လည်သုံးသပ်ခဲ့ပြီး ပိုမိုခိုင်မာတဲ့ဆက်ဆံရေး ထူထောင်နိုင်မယ့် အချက်တွေကိုလည်းဆွေးနွေးခဲ့တယလို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

"ရုရှား-ယူကရိန်းစစ် အမြန်အဆုံးသတ်ရေး ထောက်ခံ" အိန္ဒိယဝန်ကြီးချုပ်
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG