သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားပိုင် စတုရန်းကီလိုမီတာ ၁,၃၀၀ နီးပါး ထိန်းချုပ်နိုင်ဟု ယူကရိန်းကြေညာ


ယူကရိန်း စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အိုလက်ဇန်းဒါး ဆရစ်စကီး (Oleksandr Syrskyi)
ယူကရိန်း စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အိုလက်ဇန်းဒါး ဆရစ်စကီး (Oleksandr Syrskyi)

ရုရှား Kursk ဒေသမှာ ၁,၃၀၀ စတုရန်း,ကီလိုမီတာကို ယူကရိန်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားလိုက်ပြီး ရုရှားတပ်သား ၅၉၄ ယောက်ကို အကျဥ်းသားအဖြစ် ဖမ်းဆီးထားတယ်လို့ ယူကရိန်း စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အိုလက်ဇန်းဒါး ဆရစ်စကီး (Oleksandr Syrskyi) က အင်္ဂါနေ့က ပြောပါတယ်။

ကိဗ်မြို့တော်ကို ရုရှားက လေကြောင်းက တိုက်ခိုက်ခဲ့တာတုံ့ပြန်တဲ့အနေနဲ့ ယူကရိန်းမှာပဲထုတ်လုပ်တဲ့ တာဝေးပစ် လက်နက်အသစ်တမျိုးကို မကြာခင်မှာ အသုံးပြုတိုက်ခိုက်မယ်လို့ ယူကရိန်း ကာကွယ်ရေး ဝန်ကြီးက တနင်္လာနေ့တုန်းကလည်း ပြောကြားလိုက်ပါတယ်။ ဒီလက်နက်အသစ်နဲ့တုံ့ပြန်ဖို့ ပြင်ဆင်နေပြီလို့ ကာကွယ်ရေးဝန်ကြီး Rustem Umerov က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောထားတာပါ။ ဒီလက်နက်ကို ပယ်လီယန်နစ်ဆီးယား (Palianytsia) လို့နာမည်ပေးထားပြီး ကီလိုမီတာ ၇၀၀၊ မိုင် ၄၃၀ အထိ ပစ်ခတ်နိုင်မှာ ဖြစ်တယ်လို့ ယူကရိန်းစစ်တပ်ဗွီဒီယိုက ဆိုပါတယ်။

ဒုံးကျည်နဲ့ ဒရုန်းနည်းပညာတွေကိုပေါင်းစပ်ထားတဲ့ ယူကရိန်းရဲ့ တာဝေးပစ် လက်နက်အကြောင်းကို ယူကရိန်းသမ္မတ Volodymyr Zelenskyy ကလည်း စနေနေ့က ပြောကြားခဲ့ပါသေးတယ်။ အမေရိကန် နဲ့ အနောက် မဟာမိတ်တိုင်းပြည်တွေက တာဝေးပစ်ဒုံးကျည်တွေကို ယူကရိန်းကိုပေးထားပြီး ရုရှားနိုင်ငံတွင်းကိုမပစ်ခတ်ရလို့ တားမြစ်ထားပေမဲ့ ခုတော့ ယူကရိန်းကနေ တိုက်ခိုက်နိုင်တော့မှာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG