သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားပိုင်နက်ထဲအထိ စစ်ရေးလှုပ်ရှားခဲ့ဟု ယူကရိန်းသမ္မတဝန်ခံပြောဆို


ယူကရိန်းသံချပ်ကာကားနှစ်စီးက ရုရှားနဲ့နယ်စပ် Kursk ဒေသထဲဝင်ရောက်ပစ်ခတ်နေပုံကို အပေါ်စီးကမြင်ရပုံ။ (သြဂုတ်လ ၁၁၊ ၂၀၂၄)
ယူကရိန်းသံချပ်ကာကားနှစ်စီးက ရုရှားနဲ့နယ်စပ် Kursk ဒေသထဲဝင်ရောက်ပစ်ခတ်နေပုံကို အပေါ်စီးကမြင်ရပုံ။ (သြဂုတ်လ ၁၁၊ ၂၀၂၄)

ရုရှားနိုင်ငံ အနောက်ခြမ်း Kursk ဒေသ နေရာအတော်များများမှာ ရုရှား-ယူကရိန်းနယ်စပ်ကနေ အတွင်းပိုင်း ကီလိုမီတာ ၃၀ အထိ ယူကရိန်းတပ်တွေ ဝင်ရောက်လာတာကို ဟန့်တားခဲ့တယ်လို့ ရုရှားဘက်က ပြောပါတယ်။ ပြီးခဲ့တဲ့ ၆ ရက်အတွင်း ရုရှားနိုင်ငံထဲ ယူကရိန်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုတာကို ယူကရိန်းသမ္မတ Zelenskyy က ပထမဆုံးအကြိမ် သွယ်ဝိုက်ပြီး ဝန်ခံခဲ့ပါတယ်။

ရန်သူတပ်ဖွဲ့တွေက သံချပ်ကာယာဉ်တွေနဲ့အတူ ရုရှားပိုင်နက်ထဲဝင်ရောက်ဖို့ ကြိုးပမ်းမှုကို ရုရှားတပ်တွေ ဟန့်တားနိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေဌာနက ကြေညာပါတယ်။ ယူကရိန်းနယ်စပ်ကနေ အတွင်းပိုင်း ကီလိုမီတာ ၃၀ ဝန်းကျင်မှာရှိတဲ့ ရုရှားပိုင်ကျေးရွာတွေအနီး ယူကရိန်းတပ်တွေဝင်ရောက်လာတာကို ပိတ်ဆို့ခဲ့တယ်လို့ ရုရှားက ပြောပါတယ်။ ရန်သူနယ်မြေထဲအထိ ထိုးဝင်ဖို့ ယူကရိန်းစစ်ရေးလှုပ်ရှားမှုတွေရှိနေတယ်လို့ ယူကရိန်းသမ္မတ ဇာလန်စကီးက ညပိုင်းရုပ်သံမိန့်ခွန်းမှာ ဝန်ခံပြောဆိုပါတယ်။

တနင်္ဂနွေနေ့ညမှာ ယူကရိန်းမြို့တော် Kyiv ကို ပစ်မှတ်ထားပြီး ရုရှားဘက်က ဒရုန်းနဲ့ ဒုံးကျည်ပစ်ခတ်မှုကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ်အပါအဝင်လူနှစ်ဦးသေဆုံးခဲ့ပါတယ်။ တချိန်တည်းမှာတော့ ယူကရိန်းဘက်ကပစ်လွှတ်တဲ့ ဒုံးကျည်တစင်းကို ရုရှားလေကြောင်းကာကွယ်ရေးက ပစ်ချလို့ လူနေအဆောက်အဦးအပေါ် ပျက်ကျပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ရုရှားပိုင် Kursk ဒေသအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ယူကရိန်းမြို့တော် Kyiv ရဲ့ ဆင်ခြေဖုံးအရပ်က လူနေရပ်ကွက်ကို ဒုံးကျည်အစိတ်အပိုင်းတွေထိမှန်ပြီး အပျက်အစီးပုံတွေ ကြား အသက် ၃၅ နှစ်အရွယ် အမျိုးသားတဦးနဲ့ သူ့ကလေးငယ်တို့ရဲ့ ရုပ်အလောင်းတွေ တွေ့ရတယ်လို့ ယူကရိန်း အရေးပေါ်ဌာနက တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင် နောက်ထပ် လူသုံးဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG