သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း ဓါတ်အားပေးစက်ရုံတွေ ရုရှား ပစ်မှတ်ထားတိုက်


ရုရှာ တိုက်ခိုက်မှု ခံရတဲ့ ယူကရိန်းဓါတ်အားပေးစက်ရုံ
ရုရှာ တိုက်ခိုက်မှု ခံရတဲ့ ယူကရိန်းဓါတ်အားပေးစက်ရုံ

ယူကရိန်းအပေါ် Missile ဒုံးတွေ ဒရုန်းတွေနဲ့ ရုရှားက ညလုံးပေါက် တိုက်ခိုက်မှုတွေ လုပ်ခဲ့တာမှာ ယူကရိန်းတောင်ပိုင်းနဲ့ အနောက်ပိုင်းက ဓါတ်အားပေးစက်ရုံတွေ ထိခိုက်ပျက်စီးခဲ့ပြီး စက်ရုံသား ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

အခုသီတင်းပတ်အတွင်း ဒုတိယအကြီးကျယ်ဆုံး ရုရှားရဲ့ တိုက်ခိုက်မှုအတွင်း ရုရှားတို့ ပစ်လိုက်တဲ့ Missile ၁၆ ခုထဲက ၁၂ ခုကို ပစ်ချဖျက်စီးနိုင်ခဲ့ပြီး၊ ဒရုန်း ၁၃ ခုလုံးကိုလည်း လေကြောင်းရန် ကာကွယ်ရေးစနစ်က ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းလေတပ်က ပြောပါတယ်။

နိုင်ငံအရှေ့တောင်ပိုင်းမှာရှိတဲ့ Zaporizhzhia ဒေသနဲ့ အနောက် Lviv ဒေသတွေမှာရှိတဲ့ ဓါတ်အားပေးစက်ရုံက ဓါတ်အားဖြန့်ဖြူးတဲ့ ကိရိယာတွေ ထိခိုက်ခဲ့တယ်လို့ ယူကရိန်း ဓါတ်အားဖြန့်ဖြးရေးလုပ်ငန်း Ukrenergo က ပြောပါတယ်။

ရုရှားပိုင်နက်တွေအပေါ် ယူကရိန်းဘက် လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် လက်တုံပြန်တဲ့အနေနဲ့ ယူကရိန်း ဓါတ်အားပေးစက်ရုံတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်တာ ဖြစ်တယ်လို့ ရုရှားဘက်က ပြောကြားပါတယ်။

Forum

XS
SM
MD
LG