သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား ရေငုပ်သင်္ဘောကို နှစ်မြှုပ်ပစ်လိုက်ကြောင်း ယူကရိန်း ပြော 


ရုရှား ရေငုပ်သင်္ဘော
ရုရှား ရေငုပ်သင်္ဘော

ရုရှားထိန်းချုပ်ထားတဲ့ Sevastopol မြို့မှာ ရေငုပ်သင်္ဘော တစင်းကို နှစ်မြှုပ်ပစ်လိုက်တယ်လို့ ယူကရိန်း စစ်တပ်က စနေနေ့မှာ ပြောပါတယ်။

ဒါ့အပြင် Belgorod, Kursk နဲ့ Rostov ဒေသတွေ အတွင်းမှာ ရှိတဲ့ ဆီ၊ လောင်စာနဲ့ ချောဆီ သိုလှောင်ရုံတွေကို တိုက်ခိုက်ခဲ့သလို တောင်ပိုင်းက ရုရှား လေယာဥ် ကွင်း တခုကိုလည်း တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်း စစ်တပ်က ပြောပါတယ်။

B-237 Rostov-on-Don တိုက်ခိုက်ရေး ရေငုပ်သင်္ဘောလို့ နာမည်တပ်ပြီး ရုရှား ရေငုပ်သင်္ဘော တစင်း ပင်လယ်နက် ကြမ်းပြင်ကို ရောက်သွားပြီလို့ ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနက X လူမှုကွန်ရက်မှာ ရေးပါတယ်။

Sevastopol ဆိပ်ကမ်း တိုက်ခိုက်မှု အတွင်းမှာ S-400 လေယာဉ်ပစ် Triumf ကာကွယ်ရေး စနစ်ရဲ့ ဒုံးပစ်စင် ၄ ခု ဆိုးဆိုးရွားရွား ပျက်စီးသွားတယ်လို့လည်း ယူကရိန်း စစ်ဦးစီးချုပ်ရုံးက ပြောပါတယ်။

Sevastopol တိုက်ခိုက်မှုနဲ့ ပတ်သက်လို့တော့ ရုရှားဘက်က ပြောဆိုချက် မရှိသေးပါဘူး။

မြန်မာ့ပြည်တွင်းစစ်နဲ့ ယူကရိန်း ရုရှားကျူးကျော်စစ်
please wait

No media source currently available

0:00 0:06:06 0:00

ညပိုင်း တိုက်ခိုက်မှု အတွင်း ရုရှားတို့ရဲ့ လက်နက်နဲ့ လောင်စာ သိုလှောင်ရုံတွေ ရှိရာ Morozovsk လေယာဉ်ကွင်းက လက်နက် သိုလှောင်ရုံကို ထိမှန်ခဲ့တယ်လို့လည်း ယူကရိန်း စစ်တပ်က ပြောပါတယ်။

Belgorod, Kursk နဲ့ Rostov တို့က ဆီ၊ လောင်စာနဲ့ ချောဆီ သိုလှောင်ရုံတွေကို တိုက်ခိုက်မှုမှာတော့ အနည်းဆုံး ဆီ သိုလှောင်ရုံ ၂ ခု မီးလောင်ခဲ့ကြောင်း ယူကရိန်း စစ်တပ်က ပြောပါတယ်။ ရုရှားနိုင်ငံတွင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေကလည်း မီးလောင်မှုဖြစ်ခဲ့ကြောင်း အသီးသီး ပြောဆိုထားကြပါတယ်။

Forum

XS
SM
MD
LG