သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း ရေရှည်လုံခြုံရေး NATO ထိပ်သီးတွေ ကတိပြု


ဝါရှင်တန်ဒီစီမှာ ၃ ရက်ကြာကျင်းပတဲ့ နေတိုးထိပ်သီးညီလာခံအတွင်း ယူကရိန်းအနာဂတ် လုံခြုံရေးဆွေးနွေးပွဲမှာ မိန့်ခွန်းပြောနေတဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီး (ညာစွန်)။ July 11, 2024. (Photo by Ludovic MARIN / AFP)
ဝါရှင်တန်ဒီစီမှာ ၃ ရက်ကြာကျင်းပတဲ့ နေတိုးထိပ်သီးညီလာခံအတွင်း ယူကရိန်းအနာဂတ် လုံခြုံရေးဆွေးနွေးပွဲမှာ မိန့်ခွန်းပြောနေတဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီး (ညာစွန်)။ July 11, 2024. (Photo by Ludovic MARIN / AFP)

NATO အတွင်းရေးမှုးချုပ် Stoltenberg ကလည်း ယူကရိန်းအတွက် နှစ်စဉ် ဒေါ်လာ ၄၃ ဘီလီယံ ထောက်ပံ့ဖို့ NATO က သဘောတူကြောင်းနဲ့ ယူကရိန်းရဲ့ ခုခံစစ်အတွက် NATO ရဲ့ အရှေ့ပိုင်းဒေသ ထောက်ပို့လုပ်ငန်းတွေအတွက် အရှေ့ပိုင်းဂျာမနီ Wiesbaden က ကွပ်ကဲရေးစခန်းကိုသုံးပြီး အကူညီပေးမှာဖြစ်ကြောင်း ကြာသပတေးနေ့က ပြောပါတယ်။

NATO မဟာမိတ်အဖွဲ့တည်ထောင်တာ ၇၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဝါရှင်တန်ဒီစီမှာ ၃ ရက်ကြာကျင်းပတဲ့ ထိပ်သီးအစည်းဝေးကို တက်ရောက်လာကြတဲ့ ခေါင်းဆောင်တွေဟာ သောကြာနေ့မှာ အခမ်းအနားကို အဆုံးသတ်ရင်း ယူကရိန်းအတွက် စစ်ရေးအကူညီ ရေရှည်ပေးမှာဖြစ်ကြောင်းနဲ့ NATO အဖွဲ့ဝင်အဖြစ် လက်ခံဖို့ရှိကြောင်း ကတိပြုခဲ့ကြပါတယ်။

ယူကရိန်းကို ရုရှားကျူးကျော်တာ လက်မခံတဲ့ NATO ခေါင်းဆောင်တွေဟာ တရုတ်၊ အီရန်နဲ့ မြောက်ကိုရီးယား နိုင်ငံတွေကို ရုရှားရဲ့ကျူးကျော်စစ်ကို ပံ့ပိုးပေးသူတွေလို့ သတ်မှတ်ခဲ့ကြတာပါ။

အစည်းဝေးအပြီး ထုတ်ပြန်တဲ့ကြေညာချက်မှာလည်း လွန်ခဲ့တဲ့ ၂ နှစ် ကျော်က ယူကရိန်းကို ရုရှားကျူးကျော်ခဲ့ချိန်ကစပြီး ဥရောပ- အတ္တလန်တိတ် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ရသလို ကမ္ဘာ့လုံခြုံရေးဟာလည်း ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့ရတယ်လို့ ဖေါ်ပြထားပါတယ်။

ရုရှားရဲ့ကျူးကျော်မှုကို အောင်မြင်အောင် တွန်းလှန်ဖို့ ယူကရိန်းကို အကူညီပေးနေတဲ့ NATO အဖွ့ဲက ရုရှားဟာ NATO မဟာမိတ်အဖွ့ဲရဲ့ လုံခြုံရေးကို အသိသာဆုံးနဲ့ တိုက်ရိုက် ခြိမ်းခြောက်မှု ရှိနေဆဲပဲလို့လည်း ကြေညာခဲ့တာပါ။

ယူကရိန်းအတွက် ရေရှည်စစ်ရေး အကူညီပေးဖို့ သဘောတူခဲ့တဲ့အပြင် NSATU လို့ခေါ်တဲ့ NATO ရဲ့ ယူကရိန်းအတွက် လုံခြုံရေး အထောက်အကူနဲ့ သင်တန်းပေးမယ့် စစ်ဌာနချုပ်အသစ် တခုလည်း ဖွဲ့စည်းလိုက်ပါတယ်။ ဒီဌာနဟာ ယူကရိန်းကို စစ်သင်တန်းနဲ့ စစ်ပစ္စည်းပေးအပ်ရာမှာ လက်တွဲဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

NATO အတွင်းရေးမှုးချုပ် Jens Stoltenberg ကလည်း ယူကရိန်းအတွက် နှစ်စဉ် ဒေါ်လာ ၄၃ ဘီလီယံ ထောက်ပံ့ဖို့ NATO မဟာမိတ်တွေက သဘောတူကြောင်းနဲ့ ယူကရိန်းရဲ့ ခုခံစစ်အတွက် NATO ရဲ့ အရှေ့ပိုင်းဒေသ ထောက်ပို့လုပ်ငန်းတွေအတွက် အရှေ့ပိုင်းဂျာမနီ Wiesbaden က ကွပ်ကဲရေးစခန်းကိုသုံးပြီး အကူညီပေးမှာဖြစ်ကြောင်း ကြာသပတေးနေ့က ပြောပါတယ်။

ဒါ့အပြင် လေကြောင်း ကာကွယ်ရေးဆိုင်ရာ လက်နက်တွေပါဝင်တဲ့ စစ်ရေး အကူညီကိုလည်း ယူကရိန်းအတွက် ချက်ချင်းပေးမှာဖြစ်ကြောင်း ကြေညာခဲ့တာပါ။ ရုရှားရဲ့ကျူးကျော်စစ် ရပ်စဲစေဖို့ တရုတ်က ရုရှားအတွက် အကူအညီပေးနေတာတွေ ရပ်ပစ်ဖို့လည်း NATO အဖွဲ့က တောင်းဆိုခဲ့ပါတယ်။

ယူကရိန်း ရေရှည်လုံခြုံရေး NATO ထိပ်သီးတွေ ကတိပြု
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG