သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း ဥရောပသမဂ္ဂဝင်ရောက်ရေး စတင်ဆွေးနွေး


(ဝဲမှယာ) အီးယူကော်မရှင်နာ Ursula voa Der Leyen, ရုရှားသမ္မတ ဇာလန်စကီး နဲ့ EU ကောင်စီဥက္ကဋ္ဌ Charles Michel တို့ ကို ဘရပ်ဆဲလ် ညီလာခံမှာ တွေ့ရစဥ်။ (ဖေဖော်ဝါရီ ၉၊ ၂၀၂၃)
(ဝဲမှယာ) အီးယူကော်မရှင်နာ Ursula voa Der Leyen, ရုရှားသမ္မတ ဇာလန်စကီး နဲ့ EU ကောင်စီဥက္ကဋ္ဌ Charles Michel တို့ ကို ဘရပ်ဆဲလ် ညီလာခံမှာ တွေ့ရစဥ်။ (ဖေဖော်ဝါရီ ၉၊ ၂၀၂၃)

အီးယူ ဥရောပသမဂ္ဂထဲ အဖွဲ့ဝင်အဖြစ် ယူကရိန်းဝင်ရောက်ရေးအတွက် နှစ်ဘက်ဆွေးနွေးမှုတွေကို အင်္ဂါနေ့မှာ စတင်ခဲ့ပါတယ်။ အဖွဲ့ဝင်ဖြစ်ရေးလုပ်ငန်းစဉ်ဟာ နှစ်နဲ့ချီ ကြာမြင့်နိုင်သလို ဒီကိစ္စကို ရုရှားက တလျှောက်လုံး တားဆီးဖို့ကြိုးစားနေတာ ဖြစ်ပါတယ်။

ယူကရိန်းကို အနောက်အုပ်စုနဲ့ မပူးပေါင်းအောင် ရုရှားက Crimea ကျွန်းဆွယ်ကို စတင် သိမ်းခဲ့တဲ့နောက် ဆယ်နှစ်လောက်အကြာမှာမှ အခုလို အီးယူအဖွဲ့ဝင် ဖြစ်ရေး ဆွေးနွေးမှုတွေ စတင်ခဲ့တာဖြစ်ပါတယ်။ အဖွဲ့ဝင်အဖြစ် သဘောတူရေး ဒေသတွင်း အစိုးရတွေရဲ့ ညှိနှိုင်းဆွေးနွေးမှုတွေကို Luxembourg မှာ ကျင်းပတာ ဖြစ်ပြီး ယူကရိန်းအဖွဲ့ကို အီးယူနဲ့ ဥရောပ- အတ္တလန်တိတ်ပူးပေါင်းမှုဆိုင်ရာ ယူကရိန်း ဒုဝန်ကြီးချုပ် Olga Stefanishyna က ဦးဆောင်တာပါ။

ယူကရိန်းဝန်ကြီးချုပ် Denys Shmyhal ကလည်း ဒါဟာ ယူကရိန်းနဲ့ အီးယူကြား ဆက်ဆံရေး စာမျက်နှာသစ် စတင်ဖွင့်လှစ်တဲ့နေ့ဖြစ်ကြောင်း ဆွေးနွေးပွဲအစမှာ ပြောပါတယ်။ အီးယူက ဆွေးနွေးပွဲ ပြုလုပ်ဖို့ သဘောတူခဲ့တဲ့နောက်မှာ ယူကရိန်း မျိုးဆက်တွေအနေနဲ့ သူတို့ရဲ့ ဥရောပအိပ်မက်ကို သဘောပေါက်လာပြီး ဥရောပထဲ ယူကရိန်း ပြန်ရောက်လာတာ ဖြစ်ကြောင်း ယူကရိန်းသမ္မတ Volodymyr Zelenskyy က လူမှုမီဒီယာ X မှာ ရေးပါတယ်။

ယူကရိန်းလိုပဲ Moldova နိ်ုင်ငံ အတွက်လည်း အီးယူက အင်္ဂါနေ့ ညနေဘက်မှာ အဖွဲ့ဝင် အဖြစ်ထည့်သွင်းရေး စတင်ဆွေးနွေးမှာ ဖြစ်ပါတယ်။ အဖွဲ့ဝင်ဖြစ်သွားတဲ့ နိုင်ငံဟာ ကုန်ပစ္စည်းတင်ပို့တာနဲ့ သဘာဝဝန်းကျင်အရေး၊ လုံခြုံရေးတွေ အပါအဝင် အီးယူကချမှတ်ထားတဲ့မူဝါဒနဲ့ကိုက်ညီတဲ့ဥပဒေတွေ၊ စံသတ်မှတ်ချက်တွေကို လိုက်နာရမှာဖြစ်ပါတယ်။

အခုလို အဖွဲ့ဝင်ဖြစ်ဖို့ အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံစလုံးရဲ့ သဘောတူညီမှုရဖို့ လိုပါတယ်။ အခုလို ဆွေးနွေးမှုကနေ အတည်ပြုချက် ရတဲ့အထိ နှစ်အတော်ကြာသွားနိုင်ပါတယ်။ ဆွေးနွေးမှုတွေ စတင်ခဲ့ပေမယ့် တရားဝင် ညှိနှိုင်းမှုတွေစတင်ဖို့တော့ လအနည်းငယ်ကြာအုံးမှာဖြစ်ပါတယ်။ တူရကီဟာ ဆွေးနွေးမှုတွေ လုပ်နေပေမယ့် နှစ်ပေါင်း ၂၀ ကြာလာတဲ့အထိ အဖြေမရသေးသလို Albania, Bosnia နဲ့ Herzegovina, Georgia, Montenegro, မြောက် Macedonia နဲ့ Serbia နိုင်ငံတွေဟာလည်း အဖွဲ့ဝင်အဖြစ် စောင့်ဆိုင်းဆဲဖြစ်ပါတယ်။ ယူကရိန်းကတော့ ၂၀၃၀ မှာ အဖွဲ့ဝင်ဖြစ်ဖို့လုပ်နေပြီး အီးယူထဲဝင်ဖို့အတွက် ပြုပြင်ပြောင်းလဲမှုတွေ ဒါဇင်နဲ့ချီ လုပ်ရအုံးမှာ ဖြစ်ပါတယ်။

ယူကရိန်း ဥရောပသမဂ္ဂဝင်ရောက်ရေး စတင်ဆွေးနွေး
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG