သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဖွဲ့ဝင်ဖြစ်ရေးအပါအဝင် ပိုမိုထောက်ခံပေးဖို့ EU ကို ယူကရိန်းတိုက်တွန်း


ယူကရိန်းကိုရောက်နေတဲ့ အီးယူကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen နဲ့ ယူကရိန်းသမ္မတ Zelenskyy
ယူကရိန်းကိုရောက်နေတဲ့ အီးယူကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen နဲ့ ယူကရိန်းသမ္မတ Zelenskyy

ယူကရိန်းကို ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့ဝင်အဖြစ်လက်ခံရေး ရှင်းလင်းပြတ်သားတဲ့ လမ်းကြောင်းအပါအဝင် အီးယူဘက်က ပိုပြီးမြန်ဆန်တဲ့ထောက်ခံမှုတွေ ပေးဖို့လိုအပ်နေကြောင်း ယူကရိန်းက အင်္ဂါနေ့က သတိပေးလိုက်ပါတယ်။

အီးယူအကြီးအကဲ အာဆူလာ ဖွန်ဒါလိုင်ယန် (Ursula von der Leyen) က ယူကရိန်း အပေါ် ထောက်ခံကြောင်းပြသဖို့ ကိယက်ဗ်မြို့တော်ကိုရောက်နေတုန်းမှာ ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီးက အခုလို ပြောခဲ့တာပါ။

အီးယူဥက္ကဋ္ဌနဲ့အတူ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ "ယူကရိန်းနဲ့အီးယူကြား ဆက်ဆံရေးမှာ မသေချာမရေရာတဲ့ အတုအယောင်နိုင်ငံရေးတွေကိုဖယ်ရှားဖို့ အချိန်ရောက်လာပါပြီ" လို့ ဇလန်းစကီးကပြောပြီး လက်နက်ခဲယမ်းတွေပေးပို့မှုကို အရှိန်မြှင့်ဖို့၊ ယူကရိန်း ကောက်ပဲသီးနှံတင်ပို့မှုအပေါ် လက်ခံနိုင်ဖွယ်မရှိတဲ့ကန့်သတ်ချက်တွေ ရုပ်သိမ်းဖို့နဲ့ ယူကရိန်းအီးယူအဖွဲ့ဝင်ဖြစ်ရေး ဆွေးနွေးပွဲတွစတင်ဖို့ အီးယူကို တိုက်တွန်းခဲ့ပါတယ်။

တဘက်မှာလည်း ယူကရိန်းရဲ့ ကြန့်ကြာနေတဲ့ ရုရှားပြန်လည်ထိုးစစ်ဟာ စစ်ပွဲ အဆုံးအဖြတ်အဖြစ် ထိရောက်မှု ရှိချင်မှရှိနိုင်မယ်လို့ ဗြိတိန်ထိပ်တန်းသံတမန်တဦးက အင်္ဂါနေ့က သတိပေးလိုက်ပြီး ယူကရိန်းကို ဆက်လက်ပံ့ပိုးပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ဝါရှင်တန်ကို အလည်အပတ်လာရောက်နေတဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ်ကလဲဗလီ (James Cleverly) က ယူကရိန်းက တတ်နိုင်သမျှ မြန်မြန်အနိုင်ရအောင် ကူညီပေးဖို့ အရှိန်မြှင့်ပြီး စစ်ရေးအကူအညီပေးဖို့ တောင်းဆိုခဲ့ပေမယ့် လာမယ့်စစ်ဆင်ရေးအတွက် အလွန်အကျွံမျှော်လင့်ချက်တွေမထားဖို့ ဗြိတိန်ဝန်ကြီး သတိပေးခဲ့တာပါ။

ယူကရိန်းတပ်တွေ အောင်ပွဲရနေတာမြင်လာရပေမယ့် တန်ပြန်ထိုးစစ်ဆင်မယ့် စစ်ဆင်ရေးက လက်တွေ့ဆန်ရမှာဖြစ်ပြီး ဒါက တကယ့်ပြင်ပကမ္ဘာမှာ စစ်ဖြစ်နေတာဖြစ်ပြီး ဟောလီးဝုဒ်ရုပ်ရှင် မဟုတ်ဘူး" လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG