သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကောက်နှံတင်ပို့မှု ဥရောပသမဂ္ဂ ၄ နိုင်ငံက ပိတ်ပင်


Russia Ukraine Grain Deal
Russia Ukraine Grain Deal

အီးယူ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၄ ခု ဖြစ်တဲ့ ပိုလန်၊ ဟန်ဂေရီ၊ စလိုဗက်ကီးယားနဲ့ ဘူလ်ဂေးရီးယားတို့က သူတို့ပြည်တွင်းဈေးကွက်ကိုကာကွယ်တဲ့အနေနဲ့ ယူကရိန်းဆီကနေ ကောက်ပဲသီးနှံတင်ပို့မှုကို ပိတ်ပင်ခဲ့ပါတယ်။ ဒါဟာ သူတို့နိုင်ငံတွေက တောင်သူလယ်သမားတွေက ယူကရိန်းကတင်သွင်းတဲ့ သက်သာတဲ့ ဈေးနှုန်းကို မပြိုင်နိုင်တာကြောင့်ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဥရောပကော်မရှင်အနေနဲ့ ဒီပြဿနာကို သေသေချာချာ ဖြေရှင်းမပေးနိုင်ဘူးလို့ ပိုလန်အစိုးရက သောကြာနေ့မှာဝေဖန်လိုက်ပြီး သူ့ရဲ့စိုက်ပျိုးရေးကဏ္ဍအတွက် အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၂.၄ ဘီလီယံ ချထားပေးဖို့ အတည်ပြုခဲ့ပါတယ်။ အီးယူရဲ့အကူအညီပေးကမ်းလှမ်းမှုက သိပ်ကိုနည်းပါးလွန်းတဲ့အပြင် ကြန့်ကြာမှုလည်း ရှိနေတယ်လို့ ပိုလန်ဝန်ကြီးချုပ် Mateusz Morawiecki က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဥရောပကော်မရှင်က ဥရောပလယ်သမားတွေအတွက် အကူအညီအဖြစ် ဒေါ်လာ သန်း ၁၁၀ ပေးဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး နောက်ထပ် ဒေါ်လာသန်း ၆၀ ကျော် ထပ်ဆောင်းပေးခဲ့တာပါ။ ဒါ့အပြင် ဥရောပဒေသတွင်း နိုင်ငံတွေက ထွက်တဲ့ ဂျုံ၊ ပြောင်းနဲ့ နေကြာစေ့လိုထွက်ကုန်တွေအတွက် အရေးပေါ် အကာအကွယ်ပေးမယ့် အစီအစဉ်လုပ်မယ်လို့ပြောပေမယ့် ဥရောပအလယ်ပိုင်းဒေသနိုင်ငံတွေကတော့ ပျားရည်နဲ့ အသားတချို့အပါအဝင် ထွက်ကုန်အတော်များများအတွက်ပါ အကာကွယ်ပေးမယ့်စာရင်းထဲ ထည့်သွင်းဖို့ လိုလားနေကြတာ ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံရဲ့စီးပွါးရေးဟာ စိုက်ပျိုးရေးအပေါ် အဓိက မှီခိုနေရတာဖြစ်တဲ့ အတွက် အခုလို ဥရောပနိုင်ငံတွေကတားမြစ်ချက်တွေက သူတို့အတွက် ထိခိုက်စေပါတယ်။

တချိန်တည်းမှာပဲ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားတပ်တွေက ယူကရိန်းအရှေ့ပိုင်းက Bakhmut မြို့မှာ အသာစီးရနေပြီး ယူကရိန်းတပ်တွေနဲ့ အပြင်းအထန် တိုက်ခိုက်နေတယ်လို့ ယူကရိန်း ဒုတိယ ကာကွယ်ရေးဝန်ကြီး Hanna Malyar က တယ်လီဂရမ် လူမှုမီဒီယာမှာ ရေးပါတယ်။

ယူကရိန်းကောက်နှံတင်ပို့မှု ဥရောပသမဂ္ဂ ၄ နိုင်ငံက ပိတ်ပင်
please wait

No media source currently available

0:00 0:01:26 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG