သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းေကာက္ႏွံ တင္ပို႔မႈ သေဘာတူညီခ်က္ သက္တမ္းတိုးဖို႔ ညႇိႏိႈင္း


FILE - Martin Griffiths, the United Nations humanitarian chief, speaks to The Associated Press, at U.N. headquarters

ယူကရိန္းႏိုင္ငံထြက္ ေကာက္ႏွံေတြကို တျခားႏိုင္ငံေတြဆီ တင္ပို႔ႏိုင္ေရး သေဘာတူထားတဲ့ ကာလသတ္မွတ္ခ်က္ ဒီေန႔ မတ္လ ၁၈ ရက္မွာ ကုန္ဆုံးမွာျဖစ္တဲ့အတြက္ ဆက္လက္တင္ပို႔ႏိုင္ေရး သက္ဆိုင္သူတိုင္းနဲ႔ ေဆြးေႏြးမႈေတြ လုပ္ေနတယ္လို႔ ကုလသမဂၢက ေျပာၾကားလိုက္ပါတယ္။ ကမၻာမွာ စားႏွပ္ရိကၡာျပတ္လတ္မႈ မျဖစ္ေအာင္ ယူကရိန္းေကာက္ႏွံေတြကို ဆက္လက္တင္ပို႔ေပးႏိုင္ဖို႔ လိုအပ္တယ္လို႔ ကုလသမဂၢရဲ႕ လူသားခ်င္းစာနာမႈေရးရာနဲ႔ အေရးေပၚကယ္ဆယ္ေရး ညႇိႏိႈင္းမႈဆိုင္ရာ လက္ေထာက္အတြင္းေရးမႉးခ်ဳပ္ Martin Griffiths ကေသာၾကာေန႔က ေျပာၾကားခဲ့ပါတယ္။

ကမၻာတဝန္း စားေရရိကၡာဖူလုံေရးအတြက္ ရ႐ွိထားတဲ့ သေဘာတူညီမႈ ႏွစ္ခုလုံးအတိုင္း ဆက္လက္အေကာင္အထည္ေဖာ္ သြားႏိုင္ဖို႔ သိပ္ကိုအေရးႀကီးပါတယ္လို႔ ေျပာသြားတာ ျဖစ္ပါတယ္။ ပင္လယ္နက္ထဲမွာ႐ွိတဲ့ ယူကရိန္းဆိပ္ကမ္းေတြကေန ယူကရိန္းေကာက္ႏွံေတြကို အႏၲရာယ္ကင္းကင္း တင္ပို႔ႏိုင္ဖို႔ ကုလသမဂၢနဲ႔ တူရကီႏိုင္ငံတို႔ ၾကားဝင္ညႇိႏိႈင္းေပးခဲ့မႈနဲ႔ ယူကရိန္းနဲ႔ ႐ု႐ွားတို႔ ၂၀၂၂ July လက သေဘာတူညီခ်က္ ရခဲ့ၾကပါတယ္။ အဲဒီသေဘာတူညီခ်က္ကို ဒီေန႔ မတ္လ ၁၈ ရက္ေန႔အထိ တင္ပို႔ႏိုင္ဖို႔ ႏိုဝင္ဘာတုန္းက သက္တမ္းတိုးထားတာပါ။

ဒီသက္တမ္းျပည့္သြားၿပီးရင္လည္း ေနာက္ထက္ ရက္ ၁၂၀ တင္ပို႔ခြင့္သက္တမ္းတိုးဖို႔ မူလက သေဘာတူထားခဲ့ၾကပါတယ္။ ဒါေပမဲ့ ႐ု႐ွားထြက္ကုန္ေတြ တင္ပို႔ႏိုင္ေရး ႐ု႐ွားနဲ႔ ကုလသမဂၢ သီးျခားသေဘာတူထားတဲ့အတိုင္း ျဖစ္မလာတဲ့အတြက္ဆိုၿပီး ႐ု႐ွားအစိုးရက ရက္ ၆၀ ပဲ သက္တမ္းတိုးမယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ႐ု႐ွားႏိုင္ငံထြက္ အစားအေသာက္နဲ႔ ဓါတ္ေျမၾသဇာထြက္ကုန္ေတြ တင္ပို႔ႏိုင္ေအာင္ ကုလသမဂၢက ကူညီေပးမယ္ဆိုၿပီးလည္း သီးျခားသေဘာတူညီထားခဲ့တာပါ။ ဒါေပမဲ့ ႐ု႐ွားအေပၚ ဘ႑ာေရးဒဏ္ခတ္မႈေတြ ႐ွိေနတာေၾကာင့္ သေဘာတူညီခ်က္အတိုင္း အေကာင္အထည္ေဖာ္ဖို႔ အခက္အခဲေတြ ႐ွိေနတယ္လို႔ ကုလသမဂၢရဲ႕ လူသားခ်င္းစာမႈေရးရာနဲ႔ အေရးေပၚကယ္ဆယ္ေရး ညႇိႏိႈင္းမႈဆိုင္ရာ လက္ေထာက္အတြင္းေရးမႉးခ်ဳပ္ Martin Griffiths က ေသာၾကာေန႔က ေျပာၾကားခဲ့ပါတယ္။

ယူကရိန္းနဲ႔ ႐ု႐ွားတို႔ၾကား ေကာက္ႏွံေတြတင္ပို႔ဖို႔ သေဘာတူခ်က္ ရ႐ွိခဲ့ခ်ိန္ေနာက္ပိုင္း ေကာက္ႏွံတန္ခ်ိန္ ၂၅ သန္းနီးပါး တင္ပို႔ႏိုင္ခဲ့တဲ့အတြက္ ကမၻာတဝန္း စားေသာက္ကုန္ေစ်းႏႈန္းေတြ ျပန္က်ေအာင္ အေထာက္အကူ ျဖစ္ခဲ့တယ္လို႔ ကုလသမဂၢက ေျပာပါတယ္။ ယူကရိန္းကို ႐ု႐ွားစစ္ဝင္တိုက္ခဲ့ၿပီးေနာက္ ပင္လယ္နက္ထဲက ယူကရိန္းဆိပ္ကမ္းေတြကို ႐ု႐ွားစစ္သေဘၤာေတြနဲ႔ ပိတ္ဆို႔ၿပီး ကုန္ေတြ တင္ပို႔လို႔ မရေအာင္ သေဘာတူညီခ်က္ မရခင္က တားျမစ္ထားခဲ့တာ ျဖစ္ပါတယ္။ အဲဒါေၾကာင့္ ယူကရိန္းထြက္ စားေသာက္ကုန္ေတြကို မွီခိုအားကိုးေနရတဲ့ ႏိုင္ငံေတြမွာ အစားအေသာက္ေစ်းေတြ အဆမတန္တက္ခဲ့တာ ျဖစ္ပါတယ္။

==== Unicode =====

ယူကရိန်းနိုင်ငံထွက် ကောက်နှံတွေကို တခြားနိုင်ငံတွေဆီ တင်ပို့နိုင်ရေး သဘောတူထားတဲ့ ကာလသတ်မှတ်ချက် ဒီနေ့ မတ်လ ၁၈ ရက်မှာ ကုန်ဆုံးမှာဖြစ်တဲ့အတွက် ဆက်လက်တင်ပို့နိုင်ရေး သက်ဆိုင်သူတိုင်းနဲ့ ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။ ကမ္ဘာမှာ စားနှပ်ရိက္ခာပြတ်လတ်မှု မဖြစ်အောင် ယူကရိန်းကောက်နှံတွေကို ဆက်လက်တင်ပို့ပေးနိုင်ဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုရေးရာနဲ့ အရေးပေါ်ကယ်ဆယ်ရေး ညှိနှိုင်းမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Martin Griffiths ကသောကြာနေ့က ပြောကြားခဲ့ပါတယ်။

ကမ္ဘာတဝန်း စားရေရိက္ခာဖူလုံရေးအတွက် ရရှိထားတဲ့ သဘောတူညီမှု နှစ်ခုလုံးအတိုင်း ဆက်လက်အကောင်အထည်ဖော် သွားနိုင်ဖို့ သိပ်ကိုအရေးကြီးပါတယ်လို့ ပြောသွားတာ ဖြစ်ပါတယ်။ ပင်လယ်နက်ထဲမှာရှိတဲ့ ယူကရိန်းဆိပ်ကမ်းတွေကနေ ယူကရိန်းကောက်နှံတွေကို အန္တရာယ်ကင်းကင်း တင်ပို့နိုင်ဖို့ ကုလသမဂ္ဂနဲ့ တူရကီနိုင်ငံတို့ ကြားဝင်ညှိနှိုင်းပေးခဲ့မှုနဲ့ ယူကရိန်းနဲ့ ရုရှားတို့ ၂၀၂၂ July လက သဘောတူညီချက် ရခဲ့ကြပါတယ်။ အဲဒီသဘောတူညီချက်ကို ဒီနေ့ မတ်လ ၁၈ ရက်နေ့အထိ တင်ပို့နိုင်ဖို့ နိုဝင်ဘာတုန်းက သက်တမ်းတိုးထားတာပါ။

ဒီသက်တမ်းပြည့်သွားပြီးရင်လည်း နောက်ထက် ရက် ၁၂၀ တင်ပို့ခွင့်သက်တမ်းတိုးဖို့ မူလက သဘောတူထားခဲ့ကြပါတယ်။ ဒါပေမဲ့ ရုရှားထွက်ကုန်တွေ တင်ပို့နိုင်ရေး ရုရှားနဲ့ ကုလသမဂ္ဂ သီးခြားသဘောတူထားတဲ့အတိုင်း ဖြစ်မလာတဲ့အတွက်ဆိုပြီး ရုရှားအစိုးရက ရက် ၆၀ ပဲ သက်တမ်းတိုးမယ်လို့ ပြောကြားခဲ့ပါတယ်။ ရုရှားနိုင်ငံထွက် အစားအသောက်နဲ့ ဓါတ်မြေသြဇာထွက်ကုန်တွေ တင်ပို့နိုင်အောင် ကုလသမဂ္ဂက ကူညီပေးမယ်ဆိုပြီးလည်း သီးခြားသဘောတူညီထားခဲ့တာပါ။ ဒါပေမဲ့ ရုရှားအပေါ် ဘဏ္ဍာရေးဒဏ်ခတ်မှုတွေ ရှိနေတာကြောင့် သဘောတူညီချက်အတိုင်း အကောင်အထည်ဖော်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာမှုရေးရာနဲ့ အရေးပေါ်ကယ်ဆယ်ရေး ညှိနှိုင်းမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Martin Griffiths က သောကြာနေ့က ပြောကြားခဲ့ပါတယ်။

ယူကရိန်းနဲ့ ရုရှားတို့ကြား ကောက်နှံတွေတင်ပို့ဖို့ သဘောတူချက် ရရှိခဲ့ချိန်နောက်ပိုင်း ကောက်နှံတန်ချိန် ၂၅ သန်းနီးပါး တင်ပို့နိုင်ခဲ့တဲ့အတွက် ကမ္ဘာတဝန်း စားသောက်ကုန်ဈေးနှုန်းတွေ ပြန်ကျအောင် အထောက်အကူ ဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ယူကရိန်းကို ရုရှားစစ်ဝင်တိုက်ခဲ့ပြီးနောက် ပင်လယ်နက်ထဲက ယူကရိန်းဆိပ်ကမ်းတွေကို ရုရှားစစ်သင်္ဘောတွေနဲ့ ပိတ်ဆို့ပြီး ကုန်တွေ တင်ပို့လို့ မရအောင် သဘောတူညီချက် မရခင်က တားမြစ်ထားခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့် ယူကရိန်းထွက် စားသောက်ကုန်တွေကို မှီခိုအားကိုးနေရတဲ့ နိုင်ငံတွေမှာ အစားအသောက်ဈေးတွေ အဆမတန်တက်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG