သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကောက်ပဲသီးနှံတင်ပို့မှု သက်တမ်းတိုးဖို့ ကုလကြိုးပမ်း


Wheat grain is seen on the MV Brave Commander vessel from Yuzhny Port in Ukraine to the drought-stricken Horn of Africa as it docks in Djibouti, Aug. 30, 2022. (Hugh Rutherford/World Food Program/Handout via Reuters)
Wheat grain is seen on the MV Brave Commander vessel from Yuzhny Port in Ukraine to the drought-stricken Horn of Africa as it docks in Djibouti, Aug. 30, 2022. (Hugh Rutherford/World Food Program/Handout via Reuters)

ယူကရိန်းရဲ့ ပင်လယ်နက်ဒေသကနေ ကောက်နှံတွေ တင်ပို့ခွင့်ဟာ နိုဝင်ဘာလကုန်မှာ သက်တမ်းကုန်တော့မှာ ဖြစ်တဲ့အတွက် နောက်တနှစ် သက်တမ်းဆက်တိုးနိုင်အောင် ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres က ကြိုးစားနေတယ်လို့ အတွင်းရေးမှုးချုပ်ရုံးပြောခွင့်ရ Stephane Dujarric က သောကြာနေ့မှာ ပြောပါတယ်။ 

ယူကရိန်းကောက်ပဲသီးနှံတင်ပို့မှု သက်တမ်းတိုးဖို့ ကုလကြိုးပမ်း

{{Zawgyi/Unicode}}
ယူကရိန်းရဲ့ ပင်လယ်နက်ဒေသကနေ ကောက်နှံတွေ တင်ပို့ခွင့်ဟာ နိုဝင်ဘာလကုန်မှာ သက်တမ်းကုန်တော့မှာ ဖြစ်တဲ့အတွက် နောက်တနှစ် သက်တမ်းဆက်တိုးနိုင်အောင် ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres က ကြိုးစားနေတယ်လို့ အတွင်းရေးမှုးချုပ်ရုံးပြောခွင့်ရ Stephane Dujarric က သောကြာနေ့မှာ ပြောပါတယ်။

" ကောက်နှံတင်ပို့တာနဲ့ ပတ်သက်ပြီး နောက်တနှစ် ဆက်ပို့လို့ရတယ်ဆိုတာ မသေချာသေးပေမယ့် ဒီလိုပို့လို့ရအောင် ကုလသမဂ္ဂက ကြိုးစားနေပါတယ်” လို့ ပြောသွားတာပါ။ ဒါ့အပြင် ရုရှားဆီက ကောက်နှံတွေနဲ့ ဓါတ်မြေသြဇာတွေ ရအောင်လည်း ကုလသမဂ္ဂက ဆောင်ရွက်နေကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် ဒီကိစ္စရပ် ၂ ခုစလုံးကို ရုရှားအကြီးတန်းအရာရှိကြီးတွေနဲ့ ညှိနှိုင်းဆွေးနွေးဖို့အတွက် နောက်သီတင်းပတ်ထဲမှာပဲ ကုလသမဂ္ဂ အကူအညီပေးရေးဆိုင်ရာ အကြီးအကဲ Martin Griffiths နဲ့ ကုလသမဂ္ဂ ကုန်သွယ်ဖွံ့ဖြိုးရေး ဆိုင်ရာ အကြီးအကဲ Rebeca Grynspan တို့ မော်စကို ကို သွားရောက်မှာဖြစ်ကြောင်းလည်း ပြောပါတယ်။

ပင်လယ်နက် ကောက်နှံတင်ပို့ရေး အစီအစဉ်ကို တိုးချဲ့ဖို့နဲ့ သက်တမ်းတိုးဖို့အတွက် ကုလသမဂ္ဂအတွင်းရေးမှုးချုပ်နဲ့ အဖွဲ့ဟာ ပြင်းပြင်းထန်ထန် ဆောင်ရွက်နေသလို ရုရှားဆီက ကောက်နှံနဲ့ ဓါတ်မြေသြဇာ တင်ပို့ရေးဆိုင်ရာမှာ ကြုံနေရတဲ့ နောက်ဆုံးအတားအဆီး ကိုပါ ဖယ်ရှားဖို့ တက်တက်ကြွကြွ လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။

ဇူလိုင်လတုန်းက ကုလသမဂ္ဂနဲ့ တူရကီတို့ရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ ယူကရိန်းရဲ့ပင်လယ်နက်ဒေသ ကနေ ကောက်နှံနဲ့ ဓါတ်မြေသြဇာတွေ ပြန်လည်တင်ပို့ခွင့် သဘောတူညီမှု ရခဲ့သလို ဒီသဘောတူညီချက်ထဲမှာ ရုရှားဆီက စားသောက်ကုန်နဲ့ ဓါတ်မြေသြဇာ ရရှိရေးလည်း အဓိက ပါဝင်တယ်။ ယူကရိန်းနဲ့ ရုရှား ၂ နိုင်ငံ စလုံးဟာ ကမ္ဘာ့ ကောက်နှံနဲ့ ဓါတ်မြေသြဇာ အဓိက ထုတ်လုပ်တဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

.........................................


{{Zawgyi/Unicode}}





XS
SM
MD
LG